ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ၏ အေအိုင်ဒီအက်စ်ရောဂါ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် UNAIDS တို့ ပူးပေါင်းပြီး ကမ္ဘာပေါ်တွင် အေအိုင်ဒီအက်စ် ရောဂါသည် များကို ခွဲခြားဆက်ဆံမှု ကင်းစင် ရေးအတွက် ကမ္ဘာ့အေအိုင် ဒီအက်စ်နေ့ဖြစ်သည့် ဒီဇင်ဘာ ၁ ရက်က တောင်းဆိုလိုက်သည်။
ခုခံအား ကျဆင်းမှု ရောဂါအတွက် အေအာဗွီဆေး အသုံးပြုနည်း
အေအာဗွီဆေးကို လိုအပ်မှမှီဝဲရမယ်”ခန္ဓာကိုယ်မှာ ပိုးရှိနေပြီ” သိရုံနဲ့ ဆေးပေးရန်မလိုပါ။ ခန္ဓာကိုယ်ရဲ့ ခုခံအားကျဆင်းမှသာ အခြား ကူးစက်ရောဂါများ ဝင်ရောက်ပြီး သေဆုံးကြ ရတယ်။ အေအာဗွီ ဆေးမှီဝဲဖို့လို၊ မလို လူနာအခြေအနေနဲ့ (Du Count) ခေါ် သွေးတွင်း သွေးဖြူဥ တစ်မျိုးရဲ့ အရေတွက်ပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ရတယ်။
ဂျပန်နိုင်ငံတွင် HIV ရောဂါပိုး ရှိသူ၏ သွေးကို လူနာ နှစ်ဦးထံသို့ သွင်းပေးခဲ့မိ
ဂျပန်နိုင်ငံတွင် ယခင်က HIV ပိုးပါသော သွေးသွင်းမှု တစ်ရပ် ဖြစ်ပွား ခဲ့ပြီးနောက် ဂျပန် ကြက်ခြေနီ အဖွဲ့သည် ၂ဝဝ၄ ခုနှစ်မှ စတင်၍ သွေးစစ် ဆေးသည့် စနစ်များကို ပြန်လည် စိစစ်ခဲ့သည့် အချိန်မှ စ၍ ယခုကဲ့သို့ HIV ပိုးပါသော သွေးများကို လူနာများ ထံသို့ သွင်းပေးမှုသည် ပထမဆုံး အကြိမ် ဖြစ်ကြောင်း သိရသည်။
HIV ကာကွယ် တားဆီးရေး အသိပညာပေး ဆွေးနွေး
မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင့်ရေး အသင်းနှင့် ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး HIV ကာကွယ် တားဆီးရေး အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက ရန်ကုန် မြောက်ပိုင်းခရိုင် လှိုင်သာ ယာမြို့နယ် ဝေဇယန္တာ ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
HIV ဝေဒနာရှင်များနှင့် နန်းခင်ဇေယျာ အတူလမ်းလျှောက်မည်
“AIDS ဝေဒနာ ခံစားနေရသူတွေ အတွက် လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းက အကူအညီတောင်းလို့ လုပ်ကိုင်ဖြစ် တာပါ။ ကန်တော်ကြီးမှာပဲ စုရပ်ထားပြီး ကန်တစ်ပတ် လမ်းလျှောက်ကြမှာပါ။ HIV နဲ့ပတ်သက်ပြီး လုပ်ကိုင် နေကြတဲ့အဖွဲ့ အစည်းတွေ အများကြီးပါဝင်မှာ ဖြစ်ပါတယ်။ လူသားအားလုံး အတူတူပဲဆိုတဲ့ အသိကို ပေး ချင်လို့ ဒီလိုပွဲမှာ ပါဝင်တာပါ” ဟု နန်းခင်ဇေယျာက ဆိုသည်။
အိပ်ခ်ျအိုင်ဗွီ ကျောင်းသားများ အပေါ် ခွဲခြားဆက်ဆံမှုရှိနေ
“ကလေးငယ်တွေကို သတ်သတ်လေ့လာတဲ့ သုတေသနကကျတော့ အခု လုပ်နေ တုန်းပါပဲ။ အချက်အလက် ကောက်နေတုန်း ပါပဲ။ အဲ့ဒီဟာတွေရဲ့ တွေ့ရှိချက်တွေကတော့ ရှေ့နှစ်လောက်ကျမှ ထွက်လာမှာပေါ့နော်။ အခု ဒီတင်ပြတဲ့ သုတေသန ကတော့ အိမ်ထောင်စုတွေလို့ ပြောလိုက်တဲ့ အတွက် ကလေးတွေ တချို့ ပါတယ်ပေါ့နော်။ ကလေးတွေရဲ့ ပညာရေးကိုလည်း ဒီသုတေသနမှာ ကျမတို့ တင်ပြထားတယ်။”
HIV/AIDS ဝေဒနာရှင် တိုးပွား၍ အခက်အခဲများ ရင်ဆိုင်နေရသည့် ဒေါ်ဖြူဖြူသင်း
ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာလုံးဆိုင်ရာ HIV/AIDS နေ့တွင် ဝေဒနာရှင်များ အတွက် ဆေးဝါး လုံလောက်စွာ ရရှိမှု၊ ပညာပေးမှု၊ ခွဲခြားဆက်ခံမှု ပပျောက်ရန် အစိုးရအနေနှင့် ယခုထက်ပိုမို လုပ်ဆောင် ပေးရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှ ကြေငြာချက် တစ်စောင် ထုတ်ပြန် သွားမည်ဖြစ်ကြောင်း သိရသည်။
HIV/AIDS နောက်ဆုံးရ သတင်း
တကမ္ဘာလုံးမှာ ၂ဝ၁၂ စာရင်းအရ ပိုးရှိသူ အသစ်ပေါင်း ၂့၃ သန်းရှိတယ်။ ၂ဝဝ၁ နဲ့စာရင်တော့ ၃၃% ကျလာတယ်။ ကလေးတွေမှာလဲ ၅၂% လျော့နည်း လာတာဖြစ်တယ်။ သေဆုံးသူကလဲ ၃ဝ% ကျဆင်းတယ်။ ၂ဝဝ၅ တုံးက အများဆုံး သေဆုံး ခဲ့ရတယ်။ ၂ဝ၁၂ အကုန်မှာ ဝင်ငွေနည်းနဲ့ ဝင်သွေမများတဲ့ နိုင်ငံတွေမှာ ဆေးရရှိသူ အရေအတွက်ကို ၉့၇ သန်း ရှိအောင် ရည်မှန်းထားခဲ့တယ်။ HIV နဲ့ TB တွဲဖြစ်နေသူတွေရဲ့ သေဆုံးမှုက ၂ဝဝ၄ ကနေတွက်ရင် ၃၆% ကျလာတယ်။
လိင်မှတစ်ဆင့် ကူးစက်ရောဂါများ ဆေး ယဉ်ပါးလာ
လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများ ခေါင်းထောင်လာလို့ ရာစုဝက်နဲ့ချီ ငြိမ်သက်နေရာမှ နစ်နာ ဆုံးရှုံးမှု ဖြစ်လာစရာများ ရှိလာတယ်လို့ ၂ဝ၁၃ ခုနှစ် ဗီယက်နမ်မြို့မှာ ကျင်းပတဲ့ ”လိင်မှတစ်ဆင့် ကူးစက်ရောဂါနှင့် AIDS ကူးစက်ရောဂါ ကွန်ဖရင့်” မှာ ဖော်ပြ ထားပါတယ်။
သားအိမ်ခေါင်းကင်ဆာ တားဆီး ကာကွယ်နိုင်သည့် HPV ကာကွယ်ဆေး
သားအိမ်ခေါင်းကင်ဆာ ၈၅ ရာခိုင်နှုန်း ဖြစ်ပွားလျက် ရှိသည့် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် သုံးကြိမ်ထိုးရမည့် HPV ကာကွယ်ဆေး၏ ကုန်ကျစရိတ်များကို လျှော့ချနိုင်ခြင်းကြောင့် အလွန် အရေးပါသော တွေ့ရှိမှု တစ်ခုဖြစ်နိုင်ကြောင်း မေရီလန်း တက္ကသိုလ်၊ ကင်ဆာနှင့် မျိုးဗီဇဌာနမှ သုတေသီ ဖြစ်သူ Mahboobeh Safaeian မှ ပြောကြားထားသည်။
ကုလသမဂ္ဂ HIV/AIDS ပပျောက်ရေး ညီလာခံ တက်ရန် ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျ သွားမည်
ကုလသမဂ္ဂ၏ HIV/AIDS ဝေဒနာ ခံစားနေရသူများ ခွဲခြား ဆက်ဆံမှု ပပျောက်ရေး ကိုယ်စားလှယ်လည်း ဖြစ်သူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂ HIV/AIDS ပပျောက်ရေး ညီလာခံ တက်ရောက်ရန် သြစတြေးလျ နိုင်ငံသို့ နိုဝင်ဘာလ အတွင်း သွားရောက်မည် ဖြစ်ကြောင်း NLD ပါတီထံမှ သိရှိရသည်။
HIV နှင့် နေထိုင်သူ၏ ၂၅၅ မြို့ တကိုယ်တော် စက်ဘီးခရီး တနှစ်ခန့် ကြာမည်
HIV ဝေဒနာရှင် ဦးစရကိုက မြို့နယ်ပေါင်း ၂၅၅ မြို့သို့ တစ်ကိုယ်တော် စက်ဘီးစီးနင်း သွားရောက်၍ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ ဝေဒနာရှင်များ သက်တမ်းစေ့နေနိုင်ရေး အတွက် အကြံပြု ဆွေးနွေးချက်များ ပြုလုပ် သွားမည်ဟု သိရသည်။ စနေနေ့က နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် ကျင်းပသည့် ခရီးစဉ် မိတ်ဆက်ပွဲ၌ ကိုးနှစ်ကြာ HIV နှင့် နေထိုင်ခဲ့သည့် ဦးစရကိုက ပြောကြားခဲ့ခြင်းဖြစ်သည်။

Follow me on: