ကျန်းမာရေး ဝန်ကြီးဌာနနှင့် မိတ်ဖက် အရပ်ဘက် အဖွဲ့အစည်းများ ထောက်ပံ့ပေးနေသော HIV/AIDS ဝေဒနာ ရှင်များသည် ၂၀၁၂ ခုနှစ်တွင် ၅၃,၇၀၉ ဦးနှင့် ၂၀၁၃ ခုနှစ်တွင် ၆၀,၆၁၈ ဦးတို့ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ART ဆေးသောက်သုံးရန် နှစ်စဉ် လိုအပ်သူ ဦးရေသည် ၁၂၅,၀၀၀ ဝန်းကျင် ရှိကြောင်း အမျိုးသား ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး စီမံကိန်းအရ သိရသည်။
AIDS လူနာသစ်များ အတွက် ဈေးနှုန်းမြင့် ဆေးဝါးများသာ သုံးစွဲတော့မည်
ကျန်းမာရေး ဝန်ကြီးဌာနက သုံးစွဲမည့် DF Based ဆေးဝါးများ၏ အနိမ့်ဆုံး တန်ဖိုးသည် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၁၂၀ မှ ၁၄၀ ထိရှိကြောင်း၊ ယင်းကြောင့် ၂၀၁၃ ခုနှစ်တွင် AIDS ဝေဒနာရှင် တစ်ထောင်ကျော် ကိုသာ ယင်းဆေးဝါးများ ပံ့ပိုးခဲ့ကြောင်း လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းညွှန့်ဦးက The Voice သို့ ပြောကြားသည်။
အသဲရောင် (စီ) ဘယ်လိုကုသလဲ
လိင်ကတဆင့်ကူးတဲ့ HIV ပါရှိနေသူဆိုရင် Acute infection စောစောပိုင်းကတည်းက ကုရင်ကောင်းတယ်။ Mild liver disease အသဲရောဂါ နည်းနည်းလေးသာ ရှိနေသူတွေ ဆေးမလိုသေးပါ။ Moderate liver damage အသဲရောဂါ အသင့်အတင့် ဆိုးလာသူတွေက Cirrhosis အသဲခြောက်တာ ဆက်ဖြစ်စရာများလို့ ဆေးကုသရမယ်။
UNAIDS ကမ္ဘာလုံးဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် လက်ခံဆောင်ရွက်
“ဒီလို ရွေးချယ်တာဟာ ကျမအတွက် တကယ့်ကို ဂုဏ်ယူစရာပါ။ လူ့အဖွဲ့အစည်းနဲ့ စည်းခြား ဝေးကွာနေရပြီး၊ လူသား ဂုဏ်သိက္ခာနဲ့ အခြေခံ လူ့အခွင့်အရေး ရဖို့ မြှင့်တင် စောင့်ရှောက် ရမှာပါ။ ကျမ အနေနဲ့ အသံမဲ့နေသူတွေရဲ့ ပဲ့တင်သံ ဖြစ်ချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
AIDS ကုထုံး ပေါ်ဖို့ အခက်ကြုံ
ကမ္ဘာပေါ်က AIDS ရောဂါ ဝေဒနာရှင် သန်းပေါင်းများစွာ အတွက် ကုစားနိုင်မယ့် ကုထုံးတရပ် ဖော်ထုတ်နိုင်ဖို့ဟာ သိပ္ပံ ပညာရှင်တွေ စိုးရိမ်တာထက် ပိုပြီး ခက်ခဲ နိုင်တယ်လို့ သုတေသန တွေ့ရှိချက် အသစ်တွေက ဖော်ပြ နေပါတယ်။
ပိုမိုပြင်းထန်သည့် HIV ဗိုင်းရပ်စ် မျိုးကွဲတစ်ခု တွေ့ရှိ
HIV သည် သာမန်အားဖြင့် HIV-1 နှင့် HIV-2 ဟူ၍ နှစ်မျိုးသာ ကွဲပြားလေ့ ရှိပြီး HIV-1 က သက်ရောက်မှု ပိုမိုပြင်းထန် သည်။ ထို့ကြောင့်လည်း AIDS ရောဂါ ဖြစ်ပွားစေပြီး လူကို သေကြေသည်အထိ အန္တရာယ်ပေးသော အဓိက ဗိုင်းရပ်စ် အဖြစ် ယူဆထားကြသည်။ 02_AG/A က သေစေလောက်သည့် သက်ရောက်မှု အပိုင်းတွင် ပိုမိုပြင်းထန်ပြီး ကူးစက်မှုတွင်လည်း ပို၍လွယ်ကူကြောင်း သိရှိရသည်။
MANA ဘာလုပ်နေလဲ အပိုင်း (၁၀)
ပြည်တွင်းပြည်ပမှ အလှူရှင်များ၏ ကူညီထောက်ပံ့မှုဖြင့် ခုခံအားကျဆင်းမှု ရောဂါ ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် မူးယစ်ဆေးဝါး သုံးစွဲမှုလျော့ချရေးနှင့် အန္တရာယ်လျော့ချရေး လုပ်ငန်းစဉ်များကို စီမံကိန်းများ ချမှတ်ကာ အန္တရာယ် အများဆုံး ရှိနိုင်သည့် နေရာဒေသများကို စီစစ်ရွေးချယ်ကာ ဆောင်ရွက်လျက် ရှိပါသည်။
မိတ္ထီလာတွင် HIV/AIDS ရောဂါ ကုသမှုခံယူသူ တစ်လ ပျမ်းမျှ ၅၀ ဦးခန့်တိုး ဟုဆို
မိတ္ထီလာမြို့နယ်တွင် HIV/AIDS ရောဂါကူးစက်ခံရ၍ ဆေးကုသမှုခံယူသူ လူဦးရေသည် ၂၀၁၁ ခုနှစ်အတွင်းက ၉၀ ဦးခန့်သာရှိခဲ့ရာမှ လက်ရှိ ၂၀၁၃ ခုနှစ်တွင် အဆိုပါမြို့နယ်တွင် ဆေးကုသမှု ခံယူသူ လူဦးရေ ၁၉၄၀ ခန့်ထိ ရှိလာကြောင်း မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံကြီးရှိ ခုခံအားကျဆင်းမှု ကူးစက်ရောဂါနှင့် ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့ရုံး ထံမှ စုံစမ်းသိရှိရသည်။
MANA ဘာလုပ်နေလဲ အပိုင်း (၉)
ကမ္ဘာ့လူဦးရေ ရန်ပုံငွေအဖွဲ့ UNFPA ၏ ကူညီပံ့ပိုးမှုဖြင့် ၂၀၀၇-၂၀၁၂ ခုနှစ်အထိ ပြည်သူလူထုအတွင်း ကျန်းမာရေး အသိပညာပေးခြင်း၊ HIV ပိုး ကာကွယ်ရေး လုပ်ငန်း စဉ်များ၊ မျိုးဆက်ပွား ကျန်းမာရေး၊ အမူအကျင့် ပြောင်းလဲရေး၊ Condom သုံးစွဲမှု မြှင့်တင်ရေး စသည်တို့ကို နှစ်စဉ် မြို့နယ်(၂၀) ကျော်အား သင်တန်းများပို့ချကာ အသိပညာများ ဖြန့်ဖြူးပေးနိုင် ခဲ့ပါသည်။
MANA ဘာလုပ်နေလဲ အပိုင်း (၈)
အစီအစဉ် ရေးဆွဲရာတွင် အသင်း၏ ရည်မှန်းချက် တိကျခိုင်မြဲရမည်။ ရည်မှန်းချက် လွဲချော်သွေဖီမှု မရှိရန် အထူး သတိပြုရမည်။ မိမိတို့ လုပ်ဆောင်ရမည့် လုပ်ငန်း တာဝန်ကို ကျွမ်းကျင်ပိုင်နိုင်စွာ အကောင် အထည်ဖေါ်နိုင်သည့် စွမ်းရည် ပြည့်ဝစေရမည်။
ခွဲခြားဆက်ဆံမှုကြောင့် HIV ဝေဒနာသည်များအတွက် အလုပ်အကိုင် အခွင့်အလမ်းနည်းပါးလာ
လူမှုပတ်ဝန်းကျင်တွင် ယင်းရောဂါ ရှိသူများကို ခွဲခြား ဆက်ဆံခြင်းကြောင့် ရောဂါကို ပိုမိုပြန်နှံ့စေနိုင်ပြီး ဝေဒနာသည် များကို ၎င်းတို့ ရောဂါ အကြောင်း ရဲဝံ့စွာ ထုတ်ဖော်ပြော ဆိုနိုင်အောင် လူမှုပတ်ဝန်းကျင်မှ အကူအညီ ပေးသင့်ကြောင်း HIV/AIDS ဝေဒနာသည်များကို ကူညီ စောင့်ရှောက်ပေးနေသော မေတ္တာရတနာ အဖွဲ့နာယက ဦးမြင့်ဆွေက သုံးသပ်ပြောကြားသည်။
အကျိုးအမြတ် ရှိပေမယ့် HIV ပါ ကူးစေတဲ့ မြန်မာ့ ကျောက်စိမ်းလုပ်ငန်း
မသန့်ရှင်းသည့် အပ်များအား အသုံးပြုသည့် မူးယစ်ဆေးဝါး သုံးစွဲခြင်းထက် ဆိုးသည်မှာ အလုပ်သမားများက ပြည့်တန်ဆာများနှင့် မလုံခြုံသည့် လိင်ဆက်ဆံ မှုများ နေ့စဉ် ကျူးလွန်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ထိုဒေသအတွင် HIV ရောဂါများ ဖြစ်ပွားစေခဲ့ပြီး မြန်မာနိုင်ငံမှာလည်း မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် HIV ကူးစက်ရောဂါရရှိ သူအများဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်လာရသည်။

Follow me on: