9
Sep

HIV ဆေး အတွဲသစ်နဲ့ မြန်မာနယ်စပ်က အဖြစ်အပျက်

HIV ဆေးကို နောက်ဆုံး WHO ကသတ်မှတ်ချက်ဟာ CD4 အရေအတွက် ၅ဝဝ အထိကျနေသူတိုင်းကို ARVs/ARTs ဆေးပေးဘို့ လမ်းညွှန်ချက် ထုတ်ထားပြီးပါပြီ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ အဟောင်းအတိုင်း CD4 350 အထိ ကျနေသူတွေကိုသာ ဆေးပေးဘို့ မူရှိနေပါသေးတယ်။ မူရှိပေမဲ့ လူတိုင်းဆေး မရကြသေးပါ။ ပိုဆိုးတာက နယ်စပ်မှာ အပြင်ဖိအားတွေရှိနေတာမို့ CD4 200 အထိကျနေမှသာ ဆေးပေးရတဲ့အဖြစ်မျိုးရှိနေပါသတဲ့။

9
Sep

အမျိုးသမီးငယ်များ ကိုယ်ဝန်ပျက်ကျမှု များလာသဖြင့် သုတေသန ပြုလုပ်သင့်ပြီဟုဆို

”လူကြီး မိဘတွေ၊ ဆရာ၊ ဆရာမတွေက လူငယ်တွေကို နေရာပေးပြီး ဆက်ဆံဖို့လိုတယ်။ လူငယ်တွေကနေ ဘာတွေ တင်ပြလာလာ၊ ဘာတွေပဲဖြစ်ဖြစ် ပယ်ချတာတွေ၊ ဆူပူတာတွေ မလုပ်ဘဲ နေရာပေးဖို့လိုတယ်။ မိဘတွေအနေ နဲ့ ဒေါက်ထောက် ကြည့်နေတာမျိုး မလုပ်ရဘူး။ တစေ့တစောင်းပဲ ကြည့်ရမယ်။ သူတို့မှာ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို သူတို့ အမြော်အမြင်ရှိလာတဲ့ အချိန်အထိ သူတို့ကိုယ်သူတို့ ကျေကျေနပ်နပ် ကာကွယ်အောင် လုပ်ရမယ်” ဟု ယင်းက ဆက်လက် အကြံပြုပြောကြားသည်။

30
Aug

ကွန်ဒုံး မသုံးခဲ့ခြင်းကြောင့် အမေရိကန် အပြာမင်းသမီး နောင်တရ

လယ်သာနှင့် မရိုက်ကူးမီ ဇင်ဒါကိုဗတ်စ်က အခြားအပြာကား ဇာတ်ဝင်ခန်း တစ်ခု၌ ကွန်ဒုံး မသုံးဘဲ ကာမစပ်ယှက်ခဲ့သည့် အပြာ မင်းသမီး ကင်မရွန်းဘေးမှာ အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံရပြီဖြစ်ကြောင်း ဩဂုတ်လ လယ်တွင် အဆိုပါ မင်းသမီးကိုယ်တိုင် ထုတ်ဖေါ်ပြောကြားခဲ့ရာ လယ်သာမှာ အကြီးအကျယ် တုန်လှုပ်သွားရုံမျှမက ထိုသတင်းကြောင့် အပြာကား ထုတ်လုပ်ရေး လုပ်ငန်းကိုလည်း အာဏာပိုင်များက ချက်ချင်း ရပ်ဆိုင်းလိုက်သည်။

28
Aug

Durex ကွန်ဒုံး ခြောက်သောင်း အခမဲ့ဝေမည်

လူအများစုသည် လိင်ဆက်ဆံရာတွင် ကွန်ဒုံး အသုံးပြုမှု အားနည်းသဖြင့် မြန်မာ တစ်နိုင်ငံလုံးရှိ လိင်တူ ချစ်သူများနှင့် အမျိုးသားများ လာရောက်လေ့ ရှိသော တောင်ပြုန်း ပွဲတော်၊ ရတနာ့ဂူ ပွဲတော်ရက်များတွင် ကွန်ဒုံးအခမဲ့ ဖြန့်ဝေပေးခြင်း၊ လက်ကမ်း စာစောင်များ ဝေငှခြင်း၊ နေ့ချင်းပြီး သွေး စစ်ဆေး ပေးခြင်းတို့ ပြုလုပ် ရကြောင်း ခုခံအားကျ ဆင်းရေးနှင့် ကာလသားရောဂါ တိုက်ဖျက်ရေး အဖွဲ့မှ ဒေါက်တာကျော်စိုးက The Voice သို့ ပြောကြားသည်။

27
Aug

အသက် ၂၅ နှစ်အောက် လူငယ်များ၌ လိင်မှတစ်ဆင့် ရောဂါ ကူးစက်မှု များလာ

ဗြိတိန်နိုင်ငံတွင် အသက် ၂၅ နှစ်အောက် လူငယ်များ၌ လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ရရှိမှုမှာ ဆယ်စုနှစ် ကာလအတွင်း ၅၀ ရာခိုင်နှုန်း တိုးပွားလာကြောင်း အင်္ဂလန်ပြည်သူ့ ကျန်းမာရေး ဌာန၏ ဩဂုတ်လ ၂၈ ရက်နေ့ ထုတ်ပြန်ချက်တွင် ပါရှိသည်။

26
Aug

ရန်ကုန်မှ ဆရာဝန်များ University of Washington သင်တန်းကို အွန်လိုင်းကနေ တက်ရောက်အောင်မြင်

မြန်မာနိုင်ငံမှာ ရှိနေ တဲ့ HIV သင်ကြားမှု ကျွမ်းကျင်တဲ့ ဆရာဝန်တွေကို ဆရာဝန် အသင်းတိုက်ကို ဖိတ်ခေါ်ပြီး သူတို့ရဲ ပံ့ပိုးကူညီမှုနဲ့ သင်ယူကြရတာ ဖြစ်ပါတယ်။ ရန်ကုန်က သင်တန်းသားတွေ ဆွေးနွေး မေးမြန်းတဲ့ အချက်အလက်တွေကို သူတို့ဆီက ပါမောက္ခတွေက Discussion Board ပေါ်မှာ ဖြေကြားပေးပါတယ်။ Webinar ထဲမှာ တစ်ခြားနိုင်ငံက ဆရာဝန်တွေနဲ့လည်း ဆွေးနွေးခွင့် ရရှိခဲ့ပါတယ်။

24
Aug

Lotus မှ HIV ဝေဒနာရှင်များ အတွက် ART ဆေးဝါးများ ပေးဝေနေ

ရောဂါ ကူးစက်ခြင်းခံရသူ လူနာများအတွက် ဆေးရုံ စရိတ်ပံ့ပိုးပေးခြင်း၊ အာဟာရ ပံ့ပိုးပေးခြင်းနှင့် အခွင့်အရေး ယူဝင်ရောက်သော ဆက်နွယ်ရောဂါများ ကုသရန်အတွက် ခရီးစရိတ် ပံ့ပိုးပေးခြင်းနှင့် ကျန်းမာရေး အသိပညာ ပေးခြင်း လုပ်ငန်းများ အပါအ၀င် အခြားလုပ်ငန်း စဉ်များအတွက် ဇူလိုင်လ အတွင်းက ၂၈ သိန်းကျော် ကုန်ကျခဲ့သည်ဟု သိရှိရသည်။

23
Aug

သေမင်းတမန် HIV/AIDS ရောဂါ သိမှတ်ဖွယ်ရာ (ဒေါက်တာ သန်းစိန်နှင့် တွေ့ဆုံခြင်း)

HIV ပိုး ရှိပြီးသား အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် ကာလမှာပင် သူတို့ရဲ့ ကလေးကို ကူးစက်မှု လျော့နည်းအောင် လုပ်နိုင်ပေမဲ့ နှစ်စဉ် မိမိကိုယ်ထဲမှာ HIV ပိုး ရှိပြီးသား မိခင်က မွေးလိုက်တဲ့ ကလေးများမှာ ပိုးရရှိနေပြီးသား ၅ဝဝဝ မှ ၁ဝဝဝဝ လောက် ရှိမယ်လို့ ခန့်မှန်း ထားပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ကာလမှာ ရောဂါပိုး တွေ့ပြီး ဆေးဝါး စနစ်တကျ ကုသနိုင်တယ် ဆိုရင် မိခင်က ကလေးကို ကူးစက်မှု သက်သာ သွားနိုင်ပါတယ်။

22
Aug

အာရှ HIV/AIDS တိုက်ဖျက်ရေး တိုးတက်မှုရရှိ

HIV/AIDS တိုက်ဖျက်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ အရှေ့တောင်အာရှ ဒေသတွင်းက ဆိုရင် ကမ္ဘောဒီယားနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ကို ချီးကျုးဖော်ပြ ထားပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ ဆိုရင် ၂၀၀၃ ခုနှစ် အဆိုးဆုံးဖြစ်တဲ့ အချိန်ကနေ ဆိုရင် အခု ၈၆ ရာခိုင်နှုန်း အထိ လျော့ကျအောင် ဆောင်ရွက် လာနိုင်ခဲ့တယ်လို့ အစီရင်ခံ စာမှာ ဖော်ပြပါတယ်။

21
Aug

မြန်မာနိုင်ငံ HIV/AIDS ကုသမှု အလားအလာကောင်း

နိုင်ငံတကာ အကူအညီတွေ အများအပြား ၀င်ရောက်လာတာကြောင့် မြန်မာနိုင်ငံအနေနဲ့ HIV ရောဂါကြောင့် သေဆုံးမှုတွေ လျော့ ကျအောင် ဆောင်ရွက်နိုင်တဲ့ မျှော်လင့် ချက်တွေ ရှိပေမဲ့လို့၊ ဒီရောဂါ တိုက်ဖျက်ရေး လုပ်ငန်းတွေ အောင်မြင်ဖို့မှာ အစိုးရပိုင်းက ထိရောက်တဲ့ ပံ့ပိုးကူညီမှုတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့လည်း Chris Beyrer က ပြောပါတယ်။

19
Aug

HIV ဝေဒနာရှင် တစ်ဦး မြန်မာပြည်အနှံ့ စက်ဘီးဖြင့် ဟောပြောမည်

အိတ်ခ်ျအိုင်ဗွီရောဂါပိုး ကူးစက်ခံနေရသူများသည် အေအိုင်ဒီအက်စ် အဆင့်သို့ မရောက်ရှိသေးချိန်တွင် သာမန်လူများကဲ့သို့ သွားလာပြီး အလုပ်လုပ်ကိုင် နိုင်ကြောင်းနှင့် အေအိုင်ဒီအက်စ် ဝေဒနာ စတင်ခံစားရသောအခါ အလုပ်အကိုင်များ မလုပ်နိုင်တော့သဖြင့် ထောက်ပံ့ကြေးငွေဖြင့်သာ ရပ်တည်နေရကြောင်း သိရသည်။

19
Aug

HIV/AIDS ဝေဒနာရှင် တစ်ထောင်ကို အေအာရ်တီဆေး အခမဲ့ထောက်ပံ့

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ လူနာများအနေနှင့် အေအာရ်တီဆေးကို အခမဲ့ရရှိသော်လည်း ဓာတ်ခွဲစစ်ဆေးမှုများ လုပ်ဆောင်ခြင်းနှင့် ဆွေးနွေး တိုင်ပင်မှုများ ပြုလုပ်ရသည့် အခါ ရက်အနည်းငယ် ကြာမြင့်သည့်အတွက် ရပ်ဝေးမှ ဝေဒနာသည်များ အတွက် မုံရွာမြို့တွင် လာရောက် ကုသချိန်တွင် နေရေးထိုင်ရေးမှာ အခက်အခဲ ဖြစ်နေ ရကြောင်း ဝေဒနာသည် အချင်းချင်း ရိုင်းပင်း ကူညီရေး အဖွဲ့တွင် ပါဝင်သည့် ဝေဒနာရှင် အမျိုးသား တစ်ဦးက ပြောကြားသည်။

Follow me on:

Back to Top