ဧရာဝတီတိုင်း ဒေသကြီးမှာ ရေလုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် အထူးသတိထားရန် လိုအပ်နေပြီး ယင်း ရေလုပ်သားများမှာ ထိုင်းနိုင်ငံ ရနောင်းဒေသသို့ သွားရောက်၍ ငါးရောင်းချရာတွင် အကာအကွယ်မဲ့ လိင် ဆက်ဆံမှုများကြောင့် HIV/AIDS ရောဂါများ ကူးစက်နိုင်ပြီး အထူးဂရုပြု နေထိုင်ခြင်းဖြင့် ထိုရောဂါများကို ကာကွယ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
HIV ၏ လူမှုစီးပွားအပေါ် အကျိုးသက်ရောက်မှု တစ်နိုင်ငံလုံး လွှမ်းခြုံစစ်တမ်း ပထမဆုံး ကောက်မည်
ပထမဆုံး အကြိမ်အဖြစ် တစ်နိုင်ငံလုံး လွှမ်းခြုံ အိတ်ခ်ျအိုင်ဗီ ရောဂါပိုး ရှိသူများ၏ လူမှုစီးပွားရေး အကျိုးသက်ရောက်မှု စစ်တမ်းကို ၂၀၁၃ ခုနှစ် အောက်တိုဘာ လလယ်ပိုင်းတွင် ကောက်ယူ သွားမည် ဖြစ်ကြောင်း စစ်တမ်းကောက်ယူ ရာတွင် ပါဝင်မည့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် UNDP က သြဂုတ်လ ၁၂ ရက်နေ့က ထုတ်ပြန်ထားသည်။
ကွန်ဒုံးမသုံးဘဲ အပျော်အပါး လိုက်စားမိလျှင် (၁၈ နှစ်ပြည့်မှ ဖတ်ပါ)
တစ်ကြိမ်တစ်ခါ အသိတရား ကင်းလွတ် သွားတာနဲ့ သင့်ခန္ဓာ ကိုယ်ထဲကို ရောဂါပိုး ဝင်ရောက် သွားနိုင် ပါတယ်။ တကယ်လို့ သင်ဟာ အပျော်အပါး လိုက်စားရင် အကာအကွယ် ကွန်ဒုံးကို မသုံးဘူး ဆိုရင်ပေါ့။ “တစ်ခါတည်းပါ” ဆိုတဲ့ အမှားကြောင့် ဖြစ်တတ်တဲ့ ရောဂါ ပိုးတွေကတော့ အများကြီး ရှိပါတယ်။
အသင်းအဖွဲ့ ဥပဒေမူကြမ်း HIV ရောဂါ ကူညီ ကုသသူများ အတွက် အခက်အခဲရှိ
”ဒီဥပဒေ မူကြမ်းမှာ အစိုးရအနေနဲ့ ကာကွယ်လိုစိတ် များနေတယ်။ အသွင်ကူး ပြောင်းတဲ့ကာလ ရောက်နေလို့ အစိုးရကို ဆန့်ကျင်စရာ မရှိပါဘူး” ဟု ၄င်းက မှတ်ချက်ပြုသည်။ Triangle Woman Support မှ ဒေါ်ခင်လေး ကလည်း အဆိုပါ ဥပဒေ မူကြမ်းသည် ပြည်သူလူထု၊ အရပ်ဘက် အဖွဲ့အစည်း၊ လူငယ်၊ တိုင်းပြည် စသည်များကို အကျိုးပြုနိုင်သော ဥပဒေသာ ဖြစ်သင့်ကြောင်း ပြောသည်။
HIV ရောဂါပိုး ကူးစက်ခံ မိန်းကလေးတွေရဲ့ အသက်မွေးဝမ်းကျောင်း အတွက် သင်တန်းဖွင့်မည်
မြန်မာ တစ်နိုင်ငံလုံးရှိ အနယ်နယ် အရပ်ရပ်က (HIV) ရောဂါပိုး ကူးစက်ခံ မိန်းကလေးတွေရဲ့ အသက်မွေးဝမ်းကျောင်း အတွက် စက်ချုပ်ပညာ သင်တန်းကို သြဂုတ်လအတွင်း ဖွင့်မယ်လို့ တောင်ဒဂုံရှိ HIV/AIDS ပြုစုစောင့်ရှောက်ရေး ဂေ ဟာမှ သိရပါတယ်။ ဒီလိုသင်တန်းကို လက်မှုပညာနဲ့ အသက်မွေးဝမ်းကျောင်း ပြုနိုင်အောင် သာမက စားဝတ်နေရေး အတွက် ရပ်တည်ရာမှာ အခက်အခဲ မရှိအောင်စတဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်ပေးမယ်လို့ သိရပါတယ်။
HIV ကူးစက်ခံရသူများအတွက် Second Line အဆင့် ARV ဆေး မလုံလောက်
မြန်မာနိုင်ငံတွင် ARV ဆေးဝါး လိုအပ်နေသေးသည့် HIV ပိုးရှိသူ တသိန်းနှစ်သောင်းကျော် အတွက် ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေအဖွဲ့ (Global Fund) ၏ စံအရ ၂၀၁၂ မှ ၂၀၁၅ ခုနှစ်အတွင်းတွင် ရောဂါပိုးရှိသူများ၏ ၈၅ ရာခိုင်နှုန်းအထိ ဆေးဝါး တိုးမြှင့် ပေးနိုင်ရန် ရည်မှန်းထားကြောင်း ကျန်းမာရေးဝန်ကြီးဋ္ဌာနမှ သိရသည်။
မြန်မာနိုင်ငံ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ ဆိုင်ရာ အမျိုးသား မဟာဗျူဟာ စီမံကိန်း အသိပညာပေး
မြန်မာနိုင်ငံ (HIV) ဖြင့် နေထိုင်သူများ အသင်း(ကွန်ရက်) ဥက္ကဋ္ဌက မြန်မာ နိုင်ငံ၏ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ ဆိုင်ရာ အမျိုးသား မဟာဗျူဟာ စီမံကိန်းများ အောင်မြင်မှု ရရှိစေရန် အတွက် လူထု အခြေပြု အဖွဲ့အစည်း များ၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ဆွေးနွေးပြီး တက်ရောက် လာကြသူများမှလည်း အကြံပြု ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
တစ်နိုင်ငံလုံးရှိ HIV ကူးစက်ခံထားရသူ အမျိုးသမီးများအတွက် စက်ချုပ် အတတ်ပညာ သင်တန်းဖွင့်မည်
လက်ရှိတွင် HIV/AIDS ပြုစုစောင့်ရှောက်ရေးဂေဟာ ဖွင့်လှစ်ထားသည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက တောင်ဒဂုံရှိဂေဟာတွင် သင်တန်းများဖွင့်လှစ် ထားသော်လည်း ယခုပြုလုပ်မည့် သင်တန်းသည် တစ်နိုင်ငံလုံးမှ HIVပိုး ကူးစက်ခံထားရသူ မည်သူမဆို တက်ရောက် သင်ကြားနိုင်မည် ဖြစ်ကြောင်းပြောသည်။
HIV/AIDS ဝေဒနာရှင်များအတွက် အေအာတီ စင်တာအသစ်များ တိုးချဲ့မည်
လာမည့် ၂၀၁၅ ခုနှစ် အကုန်တွင် အစိုးရဆေးရုံကြီး ၆၅ ခုနှင့် ခုခံကျ ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့ ဆေးခန်း ခုနစ်ခုအထိ တိုးချဲ့လုပ်ဆောင်ရန် စီစဉ်ထားကြောင်းနှင့် ယင်းအေအာတီ စင်တာများတွင် ခြောက်လမှ တစ်နှစ်အထိ အေအာတီဆေးဝါးဖြင့် ကုသမှု ခံယူပြီးသော လူနာများအား မြို့နယ်အဆင့် Decentralized ART များသို့ လွှဲပြောင်းပေးပြီး ဆက်လက်ကုသမှု ခံယူစေမည်ဖြစ်ကြောင်းနှင့် ယခုနှစ်အတွင်း Decentralized ART sites ၃၀ အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ၁၀၁ ခုအထိ တိုးချဲ့သွားရန် လျာထားကြောင်းလည်း သိရသည်။
မြန်မာ့ကျန်းမာရေး အလားအလာကောင်း
“မြန်မာနိုင်ငံမှာ ဒီဆိုးရွားတဲ့ ရောဂါတွေနဲ့ ပတ်သက်ပြီး အခြေနေ တိုးတက်အောင် လုပ်ရမယ့် လုပ်ရပ်တွေက အများ ကြီး ကျန်ပါသေးတယ်။ ဒီအထဲမှာ အရေးအပါဆုံးသူတွေက သူနာပြုတွေ သားဖွားဆရာတွေနဲ့ တခြား ကျန်းမာရေး ဝန်ထမ်းတွေပါ။ သူတို့က HIV/AIDS ဝေဒနာရှင်တွေအတွက် အကောင်းဆုံး လုပ်ပေးနိုင်တာကို နိုင်ငံ တိုင်းလိုလိုမှာ တွေ့ ရလေ့ရှိပါတယ်။ အထူးသဖြင့်တော့ ဆရာဝန်က လုံလုံလောက်လောက် မရှိတဲ့ ကျေးလက်ဒေသတွေမှာ သူတို့က သိပ်အရေးပါပါတယ်။
လိင်လုပ်သားများကို ART ဆေး ဦးစားပေး တိုးမြှင့်ပေးရန် တောင်းဆို
လိင်လုပ်သားများအပေါ် ခွဲခြား နှိမ့်ချ အနိုင်ကျင့်မှုများ ကင်းရှင်း၍ တန်းတူ အခွင့်အရေးများ ရရှိစေရန်၊ HIV ထိခိုက် ကင်းစင်သော လူမှုဘဝ ပတ်ဝန်းကျင် တစ်ခု ပေါ်ပေါက် လာစေရန်အတွက် ၂၀၁၁ ခုနှစ် ဧပြီလတွင် နိုင်ငံတွင်း ဒေသ ကြီး ၁၀ ခုမှ လိင်လုပ်သား ၃၅ ဦးဖြင့် SWiM ကွန်ရက်ကို စတင် ဖွဲ့စည်းခဲ့ ပြီး ယခုနှစ် ပြုလုပ်သည့် တော်ဝင်ခရေအဖွဲ့ (လိင်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူများ ကွန်ရက်) ၏ ဒုတိယ အကြိမ်မြောက် နှစ်ပတ်လည် အခမ်းအနား ကို ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၃ ခုမှ ဒေသ ကိုယ်စားလှယ် ၈၀ ကျော် တက်ရောက်ခဲ့ကြောင်း အဆိုပါ ကွန်ရက်ထံမှ သိရသည်။
လိင်အလုပ်သမများ လူ့အခွင့်အရေး တန်းတူရရန် တောင်းဆို
မြန်မာနိုင်ငံ အနှံ့ရှိ ဒေသဆိုင်ရာ HIV/ AIDS ကူးစက်မှု ကာကွယ်ရေး၊ ကုသရေးနှင့် ပြုစုစောင့်ရှောက်ရေး လုပ်ငန်း များကို လုပ်ကိုင်နေသည့် ဒေသဆိုင်ရာ ကွန်ရက်အဖွဲ့ ၁၇ ခုနှင့် ရပ်ရွာလူထု အခြေပြုအဖွဲ့ ၃၆ ဖွဲ့တို့မှ စုစုပေါင်းအဖွဲ့ဝင် ၈၀ ကျော် တက်ရောက်သည့် တော်ဝင်ခရေ၏ ဒုတိယအကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးတွင် အချက် ၄ ချက်ကို လက်မှတ် ရေးထိုး တောင်းဆိုလိုက်သည်။

Follow me on: