“တရုတ်နိုင်ငံက သူတို့က ဒါကို အထူးပြု လေ့လာနိုင်လို့ ဒီလိုသိတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ အဲဒီလို မစစ်ဆေး နိုင်သေးတော့ မသိနိုင်သေးဘူး။ ဒါပေမဲ့ သတိထားဖို့ လိုတယ်” ဟု HIV ရောဂါနှင့် ပတ်သက်၍ သုတေသနများ ပြုလုပ်လျက် ရှိသော ဦးမျိုးသန့်အောင်က The Messenger Media သို့ ပြောသည်။
ဗီဇပြောင်းလဲမှု အဆင့် ၁၄ ရှိ ဆေးမတိုးသည့် HIV ပိုးသစ်ကို မြန်မာလူမျိုး ထရပ်ကားမောင်းသူထံတွင် စစ်ဆေးတွေ့ရှိ
တရုတ်ကုမ္ပဏီအများအပြားက နိုင်ငံခြားသားများအား အလုပ်ခန့်ရန် အလုပ်ဗီဇာခွင့်ပြုရန်အတွက် HIV စစ်ဆေးမှုအပါအ၀င် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်သော်လည်း တရုတ်နိုင်ငံသားများကို မဖြစ်မနေ HIV စစ်ဆေးရန် ဥပဒေပြဋ္ဌာန်းထားခြင်းမရှိပေ။ ရှုပ်ထွေးသည့် HIV ဗိုင်းရပ်စ်မျိုးစိတ်တွေ့ရှိခြင်းက နယ်စပ်ဒေသ၌ HIV ရောဂါပိုးများ၏ ဇီဝမျိုးကွဲများအကြောင်း ပိုမိုနားလည်ရန် အရေးတကြီး လိုအပ်နေကြောင်း ပြသနေသည်ဟု သုတေသနစာတမ်းတွင် ဖော်ပြသည်။
လိင်ကူးစက်ရောဂါပိုးနှင့်ထိတွေ့သည်နှင့် အရောင်ပြောင်းနိုင်သည့် Smart Condom တီထွင်အောင်မြင်
“ကွန်ဒုံသုံးတဲ့ သူဆီက ရောဂါပိုးက ကွန်ဒုံကို အရောင်ပြောင်းစေမှာလား၊ တဘက်လူဆီက ရောဂါပိုးက အရောင်ပြောင်းစေမှာလား သေချာ မရှင်းလင်းသေးဘူး။ တကယ်လို့ တဘက် လူဆီကရောဂါပိုးကြောင့်လည်း အရောင်ပြောင်းလဲနိုင်တယ်ဆိုရင်တော့ အမျိုးသမီးတွေနဲ့ လိင်တူဆက်ဆံတဲ့ ယောက်ျားတွေ အပေါ်လည်း သက်ရောက်မှု ရှိမှာပါ။” ဟု ၎င်းက ပြောသည်။
AIDS ရောဂါရှင် အိုင်စစ် တပ်သားတဦး ရောဂါ ပျံ့ ပွားစေမှုဖြင့် ကွက်မျက်ခံရ
အင်ဒိုနီးရှားနိုင်ငံသား၏ ဆေးမှတ်တမ်းများအရ ၎င်းထံတွင် AIDS ရောဂါရှိသည်ကို ယမန်နှစ် စက်တင်ဘာလ အိုင်စစ်အဖွဲ့သို့ မ၀င်ခင်ကပင် သိရှိပြီးဖြစ်ကြောင်း ဒေသတွင်း တက်ကြွလှုပ်ရှားသူများအဖွဲ့ Sound and Picture ထံမှ သိရသည်။ ယင်းကြောင့် အဆိုပါ အင်ဒိုနီးရှားနိုင်ငံသား AIDS ဝေဒနာရှင်အား“ ဒဏ်ရာရ တပ်ဖွဲ့ဝင်များကို သွေးလှူဒါန်းခြင်းဖြင့် အိုင်စစ်အဖွဲ့ဝင်များအပေါ် ထိခိုက်စေမှုဖြင့်” သေဒဏ်ချမှတ်ခဲ့သည်။
အီဘိုလာ၊ AIDS နှင့် ကင်ဆာပျောက်ဆေးများ မြောက်ကိုရီးယားတွင်ရှိဟု ကင်ဂျုံအန်အစိုးရ ထုတ်ပြန်
ကုရာနတ္တိ ဆေးမရှိသေးသော AIDS၊ အီဘိုလာနှင့် ကင်ဆာပျောက်ကင်းအောင် ကုသနိုင်သောဆေးဝါးကို ဖန်တီးနိုင်ပြီဟု မြောက်ကိုရီးယားအစိုးရ သတင်းအေဂျင်စီက ထုတ်ပြန်ချက်ဆန်ဆန် သတင်းတစ်ပုဒ်ကို ဖော်ပြခဲ့ကြောင်း ဗြိတိန်သတင်းစာ Independent က ရေးသားထားသည်။
မြန်မာတွင် တစ်ရက်လျှင် အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရသူအသစ် ၂၃ ဦးနှုန်းရှိ
မူးယစ်ဆေးထိုးသွင်းသုံးစွဲသူတွေကတော့ ရောဂါကူးစက်နိုင်ခြေ အများဆုံးဖြစ်ပြီး မနှစ်က အသစ် ကူးစက်ခံရသူတွေရဲ့ ၃၉ ရာခိုင်နှုန်းရှိပါတယ်။ ဒီအုပ်စုတွေကြားမှာ ရောဂါကူးစက်နှုန်းကို လျှော့ချဖို့အတွက် မြန်မာနိုင်ငံရဲ့ လက်ရှိ ဥပဒေတွေနဲ့ လူမှု ပတ်ဝန်းကျင် စရိုက်တွေက အဓိက အဟန့်အတားဖြစ်စေတယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေက ဆိုပါတယ်။
အမျိုးသမီးသုံး ကွန်ဒုံးအသစ် တစ်မျိုး ဈေးကွက်တွင် ဖြန့်ချိ
ကွန်ဒုံး ဒီဇိုင်းမှာ အစဉ်အလာ အမျိုးသမီးသုံး ကွန်ဒုံးရာဘာ အစွပ် များနှင့် အလွန်တရာ ကွာခြားခဲ့သည် ဆိုသည်။ ယခင်က ၁၉၉၀ နှစ်များ အတွင်း ထုတ်လုပ်ခဲ့သည့် အမျိုးသမီးသုံး ကွန်ဒုံးများမှာ လိင်ဆက်ဆံရာတွင် ဆူညံသံ ထွက်ပြီး လိင်အင်္ဂါမှ ပြန်ချော်ထွက်မည့်ပုံ ရှိကြောင်းလည်း သတင်းက ဖေါ်ပြသည်။
နီကာရာဂွါတွင် လိင်အလုပ်သမားများကို လူတန်းစားအဆင့်သစ် သတ်မှတ်
လိင်အလုပ်သမား ၁၈ ယောက် ပါဝင်တဲ့ အဖွဲ့တဖွဲ့ကို သူတို့ရဲ့ အသက်မွေး လုပ်ငန်းမှာ အဖြစ်အများဆုံး မတော်မတရားပြုမှုတွေနဲ့ ဥပေက္ခာပြု လျစ်လျူရှု ခံရခြင်းတွေနဲ့ အတူ ပေါ်ပေါက်လာတဲ့ ပဋိပက္ခတွေကို တာဝန်ယူ စီမံ ထိန်းသိမ်းနိုင်စေဖို့ နည်းပညာနဲ့ တရားရေး ဆိုင်ရာ လေ့ကျင့်မှုတွေ စီစဉ် ပံ့ပိုးပေး ထားပါတယ်။
လူမှုမီဒီယာကြောင့် ဆစ်ဖလစ်ရောဂါ ဖြစ်ပွားမှု ၇၉ ရာခိုင်နှုန်းမြင့်တက်
ယင်းကာလအတွင်း လိင်ဆက်ဆံမှုမှ ကူးစက်သောရောဂါများနှင့် အိတ်ခ်ျအိုင်ဗီရောဂါ ကူးစက်မှုလျှော့ချရေး မိမိတို့ ကြိုးစားထားခဲ့သော်လည်း ထပ်မံကြိုးစားရဦးမည် ဆိုသည်ကို ယင်းစာရင်း ဇယားများက ဖော်ပြနေသည်ဟု ကန်အရာရှိ တစ်ဦးက ပြောကြားသည်။
အေ့ဒ်စ်ကြောင့် သေဆုံးသူများအတွက် ဆုတောင်းခဲ့တဲ့ မီးထွန်းပွဲ
ဆုတောင်းမီးထွန်းပွဲတွေကို ကွယ်လွန်၊ သေဆုံး၊ အသက်စွန့်ခဲ့ရသူတွေ၊ ကလေးငယ်တွေ၊ မသန်စွမ်းသူတွေ၊ အနှိမ်ခံ၊ အပယ်ခံ၊ ချို့တဲ့နိမ့်ပါးသူတွေ၊ မတရားပြူမှုခံရသူတွေအတွက် ကျင်းပလေ့ရှိပြီး AIDS ရောဂါနဲ့ ကွယ်လွန်သွားသူတွေ အတွက် ဆုတောင်းမီး ထွန်းပွဲတွေကိုတော့ နှစ်စဉ် မေလတတိယပတ် တနင်္ဂနွေနေ့မှာ နိုင်ငံပေါင်း ၁၁၀ က ကျင်းပခဲ့တာ နှစ် ၃၀ ရှိပြီ ဖြစ်ပါတယ်။
HIV/AIDS ဖြင့် သေဆုံးသွားသူများအတွက် အရက်ဖက် အဖွဲ့အစည်းများမှ ဆုတောင်းပွဲ လားရှိုး၌ ပြုလုပ်
“ကျွန်မတို့ကတော့ ရောဂါနဲ့ အသက်ရှင်နေသူတွေပါ။ ကျွန်မတို့ လူကြီးတွေကတော့ စိတ်ဓါတ်မကျတော့ ပါဘူး။ ဒါပေမယ့် ကျောင်းသားတွေနဲ့ ကလေးအရွယ်လေးတွေကိုတော့ ၀ိုင်းဝန်ပြီး ကူညီပေးကြပါ။ ပစ်မထား ကြပါနဲ့။ ART ဆိုတဲ့ ပိုးထိန်းဆေးကို ပုံမှန်သောက်သွားမယ်ဆိုရင် သက်တန်းစေ့နေနိုင်ပါပြီ။’’ ဟု PLHIV မမျိုးသူဇာက ပြောသည်။
AIDS နဲ့သေဆုံးသူတွေအတွက် ဘာသာကြီး ၄ ခု ဆုတောင်းပြု
HIV/AIDS ကူးစက်ခံရသူ ရောဂါသည်တွေအတွက် လူမှုရေးပိုင်းဆိုင်ရာ နစ်နာမှုတွေ လျော့နည်းသွားအောင် ကျင်းပတာဖြစ်ပြီး ကူးစက်ပြန့်ပွားမှု လျော့နည်းအောင် လူတိုင်းကိုယ်စီမှာ တာဝန်ရှိတယ်လို့ ဒေါက်တာ စစ်နိုင်က ပြောပါတယ်။ ရောဂါ ကူးစက်ခံရသူတွေအတွက် ဆေးဝါးတွေ လက်လှမ်းမီသလောက် ရရှိဖို့၊ အသိပညာပေးမှုနဲ့ ဥပဒေပိုင်းဆိုင်ရာတွေကိုတော့ အစိုးရမှာ လုပ်ပေးဖို့ တာဝန်ရှိတယ်လို့ ဆိုပါတယ်။

Follow me on: