6
Dec

HIV/AIDS ဝေဒနာရှင်များ အတွက် ART ဆေးဝါးဖြန့်ဝေမှု နှစ်ဆ တိုးမြှင့်ရန်လို

မြန်မာနိုင်ငံတွင် HIV/AIDS ဝေဒနာရှင်များအား ဆေးဝါးဖြန့်ဝေမှုမှာ ၄၀ ရာခိုင်နှုန်းရှိရာမှ လာမည့်နှစ်နှစ်အတွင်း နှစ်ဆ ထပ်မံတိုးမြှင့်ပေးသင့်သည်ဟု နောင်ချိုမြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၌ ကျင်းပပြုလုပ် သည့် World AIDS Day အခမ်းအနားတွင် ဒေါက်တာစိန်စိန်သိန်းက အကြံပြုပြောကြားခဲ့သည်။

5
Dec

HIV ရန်ပုံငွေ ဈေးရောင်းပွဲ ကျင်းပ

ဒီဇင်ဘာ ၁ ရက် ရော့ခ်ဖျော် ဖြေပွဲနေ့တွင် ဇော်ဝင်းထွဋ်မှ စ၍ မြန်မာပြည်ရှိ ရော့ခ် တေးသံရှင်အား လုံးနီးပါး ပါဝင်ခဲ့ကြပြီး ဒီဇင်ဘာ ၂ ရက်နေ့ ဟစ်ဟော့ပ် ပွဲနေ့တွင် ဟစ်ဟော့ပ် အဖွဲ့ပေါင်းစုံ ဖျော်ဖြေခဲ့သည်။ အဆိုပါပွဲမှ ရရှိသော ငွေများကို HIV ဂေဟာများ၊ မိဘမဲ့ ကျောင်းများသို့ သွားရောက်လှူဒါန်းကြမည် ဖြစ်ကြောင်း သိရသည်။

4
Dec

HIV ကူးစက်မှု လျှော့ချနိုင်သော်လည်း သေဆုံးနှုန်း မြင့်မားဆဲ

ကမ္ဘာပေါ်ရှိ HIV ကူးစက်မှုလျော့ချနိုင်သည့် နိုင်ငံ (၁၀) နိုင်ငံတွင် မြန်မာနိုင်ငံ ပါဝင်လာနိုင်သည်ဟု ဒီဇင်ဘာ (၂) ရက်နေ့ ပြည်သူ့ရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာ့ AIDS အထိမ်းအမှတ်နေ့တွင် UNAIDS မှတာဝန်ရှိသူ တစ်ဦးက ပြောကြားလိုက်သည်။

4
Dec

World AIDS Day မှာ ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာကို ဖတ်ကြားခဲ့သူ ချစ်သုဝေ

ချစ်သုဝေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီဇင်ဘာ၁ရက်နေ့မှာ ကျင်းပတဲ့ World AIDS Day နဲ့ NLD HIV/AIDS Section ၁ဝနှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ အဆိုပါ အခမ်းအနားကို ဒေါ်အောင်ဆန်း စုကြည် မတက်ရောက်နိုင်တဲ့ အတွက် ချစ်သုဝေက ဒေါ်အောင်ဆန်း စုကြည် ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားပေးခဲ့ ပါတယ်။

3
Dec

HIV ပိုးဖြင့် အသက်ရှင် နေထိုင်သော အမျိုးသမီးများ ကွန်ရက် လားရှိုးတွင် ဖွဲ့စည်း

အဆိုပါ (MPWN) သည် ရှမ်းပြည်နယ် လားရှိုးဒေသရှိ HIV ပိုးရှိ အမျိုးသမီးနှင့် ကလေးငယ်များကို ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍများတွင် မိမိတို့ တတ်နိုင်သည့် ဘက်မှ ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

1
Dec

ကမ္ဘာ့ HIV/AIDS နေ့ လှုပ်ရှားမှုများ ပြုလုပ်မည်

HIV ပိုး ကူးစက်ခံရသော ကလေးများအား ပြုစုပျိုးထောင်ပေးသည့် ဂေဟာ တခုဖြစ်သော သုခရိပ်မြုံ မှ အတွင်းရေးမှူးဖြစ်သူ ဆရာမ စုထားက“ကျမတို့ သုခရိပ်မြုံမှာ ကတော့ နှစ်စဉ်နှစ်တိုင်း နိုဝင်ဘာ ၂၀ ရက်နေ့ဆိုရင် အခုလို အခမ်းအနားလေးတွေကို တပိုင်တနိုင် ပုံစံမျိုးနဲ့ ကိုယ့်ဂေဟာလေးတွေမှာ အမြဲကျင်းပလေ့ရှိ ပါတယ်” ဟု ပြောသည်။

1
Dec

AIDS ကင်းစင်သော မျိုးဆက်များ ဖြစ်လာရန် အမေရိကန် အစိုးရမှ အသေးစိတ်စီမံချက် ထုတ်ပြန်

HIV-positive မွေးမိခင်များကိုလည်း ပထမ အဆင့် ကတည်းက three-drug antiretroviral therapy ဖြင့် ကုသသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ လုံးဝ zero အဆင့် မဟုတ်နိုင်သေးသော်လည်း တစ်ဖြေးဖြေးချင်း လျော့ကျသွားနိုင်မည် ဖြစ်ကာ၂၀၁၅ ခုနှစ်တွင် မွေးလာသော ကလေးများအနက် AIDS ဝေဒနာရှင် ကလေးများ ၄၀,၀၀၀ အောက် လျော့ချနိုင်ရေး ရည်မှန်းချက်ကို ရောက်ရှိနိုင် မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

29
Nov

သုခရိပ်မြုံ HIV ကလေးငယ်များအတွက် တန်ဆောင်တိုင်ပွဲ ကျင်းပ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အား HIV/AIDS ရောဂါခံစားနေရသူများအပါ် ခွဲခြား ဆက်ဆံမှုများ ပပျောက်ရေး ကမ္ဘာလုံးဆိုင်ရာ UNAIDS သံတမန်တဦးအဖြစ် ခန့်အပ် တာဝန်ပေး လိုက်ကြောင်း ကုလသမဂ္ဂ HIV/AIDS တိုက်ဖျက်ရေးအဖွဲ့ (UNAIDS) က နိုဝင်ဘာ ၂ဝ ရက်နေ့က ထုတ်ပြန်ကြေညာသည်။

29
Nov

မွန်တွင် ကမ္ဘာ့ AIDS နေ့အကြို စာနာမှုစေတနာအဖွဲ့ ဖက်ရှင်မယ်ပြိုင်ပွဲ ကျင်းပ

Care Myanmar (မော်လ မြိုင်)၏ ပံ့ပိုးကူညီမှုဖြင့် ၂ဝ၁၂ခုနှစ်၊ World AIDS Day အကြို စာနာမှု စေတနာအဖွဲ့ (MSM) ၏ဖက်ရှင် မယ်ရွေးပွဲအခမ်းအနားကို နိုဝင်ဘာ ၂၂ ရက်နေ့ည ၇ နာရီခွဲ တွင်မော် လမြိုင်မြို့၊ မြေနီကုန်းရပ်၊ ဆန်းရှိုင်း ဗီလာမြက်ခင်းပြင်၌ပြုလုပ်သည်။

27
Nov

တောင်အာရှ ကာယ ဗလမောင် ပြိုင်ပွဲတွင် HIV ရောဂါ ခံစား နေရသည့် မဏိပူရ ကာယ အလှမောင် အနိုင်ရ

အိန္ဒိယ နိုင်ငံ မဏိပူရ ပြည်နယ်မှ HIV ရောဂါ ခံစား နေရသော ကာယ အလှမောင် တစ်ဦး ဖြစ်သူ ခွန်ဒရာ ပန်ပရာဒစ် ကူးမာသည် ပန်ဂျက် ပြည်နယ် လက်ဟီအန်နာ မြို့တွင် ကျင်းပသော တောင်အာရှ ၆၅ ကီလို ဝိတ်တန်း ကာယဗလမောင် ပြိုင်ပွဲတွင် အနိုင် ရရှိ ခဲ့ကြောင်း အင်တာနက် သတင်း အရ သိရသည်။

26
Nov

ခုခံအား ကျဆင်းမှု ကူးစက်ရောဂါနှင့် ပတ်သက်ပြီး အသိပညာရှိမှု နည်းပါးနေသေး

ခုခံအားကျဆင်းမှု ကူးစက်ရောဂါနဲ့ ပတ်သက်ပြီး ပြည်တွင်းမှာ အသိပညာရှိမှုတွေ နည်းပါး နေသေးတယ်လို့ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး ၀န်ကြီးဌာနနဲ့ ယူနီဆပ်တို့ ပူးပေါင်း ပြုလုပ် တဲ့ မြန်မာနိုင်ငံ ကလေးသူငယ်များ အခြေအနေ သုံးသပ် အစီရင်ခံစာ အကျဉ်းချုပ်အရ သိရပါတယ်။ ဒီလို အသိပညာ နည်းပါးတဲ့ အတွက် ပြည်တွင်းရှိ အသက် ၁၅ နှစ် အောက်တွေမှာ အဆိုပါ ရောဂါ ကူးစက်မှု နှုန်းတွေ များပြားနေသေးတာ ဖြစ်ပါတယ်။

23
Nov

ရခိုင်ပြည်နယ်တွင်း ART ဆေးဝါး မပြတ်လပ်အရေး ရခိုင်လူမှု အဖွဲ့အစည်းမှ ကူညီမည်

“ကျွန်နော်တို့ တစ်ခုကူညီလို့ရတာက ဒီအဖွဲ့အစည်း HIV မိသားစုရဲ့သားသမီး ကလေးပညာရေးအတွက် ကျွန်နော်တို့ ပညာရေးလမ်းကြောင်းနဲ့ ကူညီပေးလို့ရပါတယ်” ဟု ဝံလက်ဖောင်ဒေးရှင်းမှ ဦးခိုင်ကောင်းစံက ဆိုသည်။ ရခိုင်တွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခဖြစ်စဉ်များကြောင်း HIV ပိုးရှိသူများအတွက် ဆေးဝါးပြတ်လပ်မှုများ ရှိခဲ့သလို အသက်ဆုံးပါးမှု များလည်းရှိခဲ့ကြောင်းသိရသည်။

Follow me on:

Back to Top