7
Jun

သွေးအတွင်းပါ ရောဂါပိုးလေးမျိုး သန့်စင်ကြောင်း စစ်ဆေးနိုင်မှု မရှိသေး

HIV / AIDS ၊ ဘီပိုး၊ စီပိုးနှင့် ကာလသား ရောဂါပိုးများကို စစ်ဆေးသည် ဆိုသည်မှာ သွေးထဲမှ Anti bodyကိုသာ စစ်ဆေး ခြင်းဖြစ်ပြီး ရောဂါပိုး ဝင်ပြီး ပြီးချင်း ယင်း Anti body မှာ ချက်ချင်းတက်လာခြင်း မဟုတ်ကြောင်း၊ ကမ္ဘာနှင့်နည်းတူ မြန်မာနိုင်ငံတွင်လည်း ထိုရောဂါပိုး လေးမျိုး ကင်းစင်မှု ရှိ မရှိ ရာနှုန်းပြည့် စစ်ဆေး ပေးနိုင်သော (Screening test) ဟူ၍ မရှိသေးကြောင်း

7
Jun

မြန်မာအမျိုးသမီးတွေ တရုတ်ပြည်မှာ သတို့သမီးအဖြစ် ရောင်းစားခံနေရ

မြန်မာ-တရုတ် နယ်စပ်ဖြတ်ကျော် လူမှောင်ခိုလုပ်ငန်းတွေမှာ ရောင်းစား ခံရတဲ့ အမျိုးသမီး အများစုဟာ တရုတ်ပြည်မှာ အလုပ်အကိုင် ရမယ်လို့ လှည့်ဖြား ခေါ်ဆောင်ခံရပြီး နောက်ပိုင်းမှာ တရုတ် လူမျိုးတဦးရဲ့ သတို့သမီးအဖြစ် ရောင်းစားခံရတာမျိုး ဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဌာနက ထုတ်ဝေတဲ့ IRIN စာစောင်က ဇွန်လ ၃ ရက်နေ့မှာ ထုတ်ဖော် ရေးသားလိုက်ပါတယ်။

6
Jun

AIDS and HIV by the Numbers (အိတ်ခ်ျအိုင်ဗွီ-အေအိုင်ဒီအက်စ်) ကိန်းဂဏန်းများ

၁၉၈၁ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့က အမေရိကန် ပြည်ထောင်စု လော့စ်အင်ဂျဲလိစ်က လူ ၅ ဦးမှာ HIV/AIDS (အိတ်ခ်ျအိုင်ဗွီ-အေအိုင်ဒီအက်စ်) ရောဂါရှိခဲ့တယ်လို့ ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာန ကနေ ထုတ်ပြန်ခဲ့တာဟာ ပြီးခဲ့တဲ့ တနင်္ဂနွေမှာ နှစ် ၃ဝ တင်းတင်း ပြည့်သွားပြီ ဖြစ်တယ်။

3
Jun

ARV ဆေး တိုက်ကျွေးရေး ငါးနှစ် စီမံကိန်း

စီမံကိန်း တခုလုံးအတွက် ၂ဝ၁၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၉ သန်း ကုန်ကျ မည်ဖြစ်ပြီး၊ ၂ဝ၁၅ တွင်မူ ၈၅ သန်းအထိပင် ကုန်ကျလိမ့်မည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။

3
Jun

HIV ဆေးသစ် Edurant ကို FDA က အသိအမှတ်ပြုလိုက်ပြီ

(အက်ဖ်-ဒီ-အေ) အမေရိကန် အစားအသောက်နှင့် ဆေးဝါးအုပ်ချုပ်ရေးအဖွဲ့မှ (အိတ်ခ်ျ-အိုင်-ဗွီ) ပိုးကို ကုသရန်အတွက် ဆေးသစ် ဖြစ်သော Edurant (ဒူးရင့်) ဆေးကို အသိအမှတ် ပြုပေးလိုက်ပြီဖြစ်သည်။ ယင်းဆေးသည် (နူကလီယိုဆိုက်) မဟုတ်သော (အာရ်-အင်န်-အေ) ကို တည်မီသည့် (ဒီ-အင်န်-အေ) (ပေါ်လီမာရေ့စ်) ဖြစ်သည်။

1
Jun

အေ့ဒ်စ်နှင့် ပတ်သက်ပြီး လူငယ်စုံတွဲများ သွေးစစ်မှုများပြား

“အခုနောက်ပိုင်း စုံတွဲတွေ သွေးလာစစ်ကြတာများတယ်။ သူများစစ်ခိုင်းလို့လည်း မဟုတ်ဘူး သူတို့သဘောနဲ့သူတို့ လာစစ်ကြတာများတယ်။ တစ်လကို နှစ်သိမ့် ဆွေးနွေးပြီး သွေးစစ်တဲ့သူ ၂၀ ကနေ ၂၅ ယောက်လောက်ရှိတယ်”ဟု ဒေါ်စန်းစန်းမြင့်က ဆက်လက် ပြောသည်။

1
Jun

ခုခံအား ကျဆင်းမှု တိုက်ဖျက်ရေး စီမံကိန်း စတင်

မြန်မာ နိုင်ငံမှာ HIV / AIDS ခုခံ စွမ်းအား ကျဆင်းမှု ရောဂါ တိုက်ဖျက်ရေး အတွက် အစိုးရ ထိပ်တန်း အရာရှိတွေနဲ့ ကုလသမဂ္ဂ အရာရှိတွေ ပါဝင်တဲ့ အမျိုးသား မဟာဗျူဟာ စီမံကိန်း ဆိုင်ရာ ဆွေးနွေးပွဲကို နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။

29
May

ကလေးတီဘီ

ကလေးတီဘီ ရောဂါသည် စတင်ဖြစ်ပွားပါက လေပြွန် ပတ်ပတ်လည်ရှိ အကျိတ်များမှတစ်ဆင့် စတင် ဖြစ်ပွား တတ်ပြီး အဆိုပါ အဆင့်အား Primary Complex ဟု ခေါ်ကြောင်း သိရသည်။ မိဘများ အနေဖြင့် အဆိုပါ အဆင့်တွင် သတိထားမိ၍ သိရှိပါက တီဘီရော ကုသနည်းများ အတိုင်း စနစ်တကျ ကုသပါက လုံးဝ ပျောက်ကင်း နိုင်ကြောင်း သိရသည်။

27
May

ဆေးကုသမှုစောလျှင် HIV ကူးစက်မှု လျော့နည်း

HIV ရောဂါပိုး ရှိသူတွေကို ARV ဆေး စောစောစီးစီး တိုက်မယ်ဆိုရင် ရောဂါပိုးမရှိတဲ့ သူတို့ရဲ့ အဖော်ဆီ ရောဂါ ကူးစက်မှုကို ၉၆% ထိ လျှော့ချနိုင်တယ်ဆိုတာ ကြာသပတေးနေ့က ထုတ်ပြန်တဲ့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။

23
May

HIV ဆေးများက မိန်းမကိုယ် ကင်ဆာကို ကာကွယ်နိုင်

HIV ဆေးများ အဖြစ် ကျယ်ပြန့်စွာ အသုံးပြုနေသည့် ရိုးရှင်းသော ကုသမှုသည် မိန်းမကိုယ် ကင်ဆာရောဂါ ဖြစ်ပွားခြင်းမှ အကာအကွယ် ပေးနိုင်ကြောင်း သုတေသန အသစ်တစ်ရပ်အရ သိရသည်။

19
May

HIV ရှိကြောင်း ရုတ်တရက်သိလိုက်ရသူများ အမှားကင်းစွာနေထိုင်နိုင်ရေး ပညာပေးမည်

HIVကူးစက်ခံထားရကြောင်း ရုတ်တရက်သိလိုက်ရပြီး စိတ်ဆောက်တည်ရာမရ ဖြစ်နေသူများအတွက် ဖုန်းဖြင့် နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်းများကို လက်ရှိ HIVဖြင့် နေထိုင်ရသူများမှ အခမဲ့ စေတနာ့ဝန်ထမ်း ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

17
May

မျောက်မှလာသော အေ့ဒ်စ်ရောဂါ အတွက် မျောက်များထံမှပင် ဆေးတွေ့မည်လော

သုတေသနပညာရှင်များသည် Rhesus မျောက်များကို ကာကွယ်ဆေး ထိုးပေးခဲ့ပြီးနောက် နှစ်ပတ် ဆက်တိုက် SIV ဗိုင်းရပ်စ်ပိုးနှင့် ထိတွေ့စေရာတွင် စမ်းသပ်ခံမျောက် ထက်ဝက်မှာ ကူးစက်ခဲ့သော်လည်း ကျန်ထက်ဝက်မှာ ကူးစက်ခြင်း မရှိကြောင်း တွေ့ရှိခဲ့ရသည်။

Follow me on:

Back to Top