နီပေါဟာ ဧဝရက်တောင်နဲ့ ဂေါ်ရခါး စစ်သားတွေကြောင့် နာမည်ကျော်သော်လည်း လူကုန်ကူးမှု ကြောင့်လည်း နာမည်ကျော်တာပါပဲ။ ကိုယ့်လူမျိုးကိုယ်တိုင်က သမီးပျိုတွေကို ဖြားယောင်းပြီး ပြည့်တန်ဆာခန်းတွေ ကို ပို့နေလို့ဖြစ် ပါတယ်။
မြန်မာကျန်းမာရေး စောင့်ရှောက်မှု အလွန်နိမ့်ကျ
၂၀၁၁-၂၀၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ကျန်းမာရေးကဏ္ဍ အသုံးစရိတ်မှာ လူတယောက်အတွက် အမေရိကန် ဒေါ်လာ ၂ ဒေါ်လာအောက်ပဲ လျာထားတာ တွေ့ရတာကြောင့် အင်မတန် နည်းလွန်း တယ်ဆိုပြီး ပြောကြသလို တဘက်မှာကျတော့ စစ်အသုံးစရိတ်အတွက် ဘဏ္ဍာငွေရဲ့ လေးပုံတပုံနီးပါး သုံးစွဲဖို့ လျာထားတဲ့အတွက် အဆမတန် ကွာခြားလွန်းတယ်ဆိုပြီး ဝေဖန်တာတွေနဲ့ မြန်မာအစိုးရ ရင်ဆိုင်နေရပါတယ်။
မြို့နယ်ပေါင်း ၁၁၆ မြို့နယ်အထိ တီဘီစီမံချက် တိုးချဲ့သွားမည်
ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်အထိ မြို့နယ်ပေါင်း ၇၀ တွင် တီဘီစီမံချက်များ လုပ်ဆောင်ခဲ့ပြီး ယခုနှစ် တွင်နောက်ထပ် ၄၆ မြို့နယ်အထိ တိုးချဲ့သွားရန် ရည်ရွယ် ကြောင်း ဖော်ပြထားသည်။
နယ်မြို့များမှ အေ့ဒ်စ် ဝေဒနာရှင်များ စနစ်ကျသော ကုသမှုရရန် လိုအပ်နေသေး
အေ့ဒ်စ် ဝေဒနာရှင်များအား ညှာတာထောက်ထားစိတ်ဖြင့် ဆက်ဆံရမည်ဆိုသည့် အသိမှာ မြန်မာ့ လူ့အဖွဲ့အစည်း၌ အားနည်းနေသေးသောကြောင့် နယ်မှရန်ကုန်သို့ ကုသမှုခံယူရန် ရောက်ရှိလာသော ဝေဒနာရှင်များအား ဆွေမျိုးရင်းချာများပင်လျှင် ၄င်း၏အိမ်၌ လက်ခံရန် ငြင်းဆန်လေ့ရှိကြောင်း၊
အရည်အသွေး မကောင်းခြင်းနှင့် သက်တမ်းလွန် ဓာတ်ခွဲခန်းကိရိယာ
ဓာတ်ခွဲခန်းအဖြေမှားယွင်းပါက တရားစွဲဆိုခြင်း၊ သက်ဆိုင်ရာဌာနမှ ဓာတ်ခွဲခန်းအပြစ်ဟုတ် မဟုတ် စစ်ဆေးပြီး ဓာတ်ခွဲခန်းဘက်မှ မှားယွင်းပါက ထိရောက်စွာအရေး ယူခြင်းနှင့်မီဒီယာများမှ ရေးသားခြင်းတို့ကို ပြုလုပ်မည် ဆိုပါက ပေါ့တန်သော ဓာတ်ခွဲခန်းများ ပပျောက်သွားနိုင်သည်ဟု စာရေးဆရာ တစ်ဦးက ပြောသည်။
မြန်မာပြည်မှာ တီဘီရောဂါရှိသူ ၃၀၀,၀၀၀ ကျော်
မြန်မာနိုင်ငံက လူဦးရေ ၅၃ သန်းအနက် ၃၀၀,၀၀၀ လောက်မှာ တီဘီရောဂါပိုး ရှိနေတယ်လို့ ခန့်မှန်းရတာကြောင့် လူ ၁,၀၀၀ မှာ ၆ ယောက် နှုန်း ဖြစ်နေတာပါ။ တီဘီရောဂါဟာ လေကနေတဆင့် လွယ်လွယ်ကူကူ ကူးစက်နိုင်ပြီး ရောဂါပိုးရှိတဲ့ သူ တယောက်ကနေ အနည်းဆုံး ၁၅ ယောက်အထိ အလွယ်တကူ ကူးစက်နိုင်တာ ကြောင့် ၁,၀၀၀ မှာ ၆ ယောက်နှုန်းဆိုတာ အတော်လေးများတယ်လို့ WHO က ပြောပါတယ်။
လူကုန်ကူးခံရမှု နှစ်စဉ် တိုးလာ
ယမန်နှစ်အတွင်းက မြန်မာနိုင်ငံရှိ အနှိပ်ခန်း၊ ကာရာအိုကေ ကေတီဗီ၊ အဖျော်ယမကာနှင့် စင်တင်တေးဂီ စသော နေရာများတွင် လုပ်ကိုင်နေသော မိန်းကလေးများကို ချစ်သူရည်းစားအဖြစ် ဟန်ဆောင်၍ လိမ်လည်လှည့်ဖျားကာ ပြည်ပနိုင်ငံများသို့ ရောင်းစား သော လူကုန်ကူးမှုပုံစံမျိုး ဖြစ်ပွားခြင်းများလည်း ရှိခဲ့သည်။
မြန်မာအစိုးရ ကျန်းမာရေး အသုံးစရိတ် လူတဦး တနှစ် ၂ ဒေါ်လာထက်နည်း
အခုဆိုရင် မြန်မာပြည်မှာ အဓိကအားဖြင့်တော့ HIV/AIDS တို့၊ TB တို့၊ ငှက်ဖျားတို့ဟာ လူထုကျန်းမာရေးဆိုင်ရာ အကြီးအကျယ် စိန်ခေါ်မှုကြီးတွေ၊ တကယ့် ကူးစက်ရောဂါကြီးတွေ ဖြစ်နေတာ တွေ့ရပါတယ်။”
HIV ပိုးကူးစက် ခံရသူများထဲတွင် အမျိုးသမီးငယ် အရေအတွက်များလာ
”ဆယ်ကျော်သက်အရွယ် လူငယ်လေးတွေဟာ HIV နဲ့ ပတ်သက်လို့ ကျန်းမာရေး အသိပညာနဲ့ ဗဟု သုတတွေ နည်းပါးနေသေးတဲ့ အတွက် အခုလို ရောဂါကူးစက် ခံရမှုနှုန်း မြင့်မားလာ ရတာပဲ။ ရောဂါကူးစက်ခံရသူတွေကို ရောဂါနဲ့ပတ်သက်ပြီး သိရှိခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူတဲ့အခါမှာ အမျိုးသား ၃ဝ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၁၉ ရာခိုင်နှုန်း လောက်ကပဲ HIVနဲ့ပတ်သက်လို့ ဗဟုသုတအနည်းငယ် ရှိတာကို တွေ့ ရတယ်”
AIDS နှင့် မျိုးဗီဇ ကုထုံသစ်
''Jay Johnson ဆိုတဲ့ လူနာက ပြောထားတာရှိတယ်။ သူက အသက် ၅ဝ ရှိပြီ။ HIV ပိုးတွေ့ထားတယ်။ သူ့ရဲ့ရလဒ်တွေက သိပ်ကိုကောင်းပါတယ်တဲ့။ အဓိကရည်မှန်းချက်က ARV တွေဆက်မသောက်ဘဲ နေနိုင်ဖို့ပါပဲ။ ခုဆို အဲဒီရည်မှန်းချက် ပြည့်ဝဖို့ နီးပါပြီတဲ့''
ကျောက်ကပ် အလှူရှင်ထံမှ HIV ကူးစက်ခံရ
”အလှူရှင်က ဆေးစစ်မှုပြုလုပ်ပြီးတဲ့နောက်မှာ အပျော်အပါးလိုက်စားမှု ကျူးလွန်ခဲ့တာဖြစ်နိုင်တယ်။ နောက် လှူမယ့်သူတွေလည်း ဒီအန္တရာယ်ကို သတိပြုဖို့လိုတယ်။ ဆေးရုံတွေအနေနဲ့လည်း ခွဲစိတ်ချိန်နဲ့ အနီးကပ်ဆုံး ကာလမှာ ဆေးစစ်မှုကို ထပ်မံ ပြုလုပ်ဖို့လိုတယ်”ဟု အဆိုပါဆေးရုံမှ ပြော ရေးဆိုခွင့်ရှိသူ တစ်ဦးက ဆိုသည်။
အေ့ဒ်စ်ရောဂါသည်ပါဟု ခေါင်းစဉ်တပ်၍ တောင်းရမ်းသူများရှိလာ
HIV/ AIDSဟောပြောပွဲတွေ ကို မူးယစ်ဆေးသုံးတဲ့သူ၊ ပြည့်တန်ဆာ၊ ပြည့်တန်ဆာဆီလာတဲ့ ဧည့်သည်တွေ၊ အမျိုးသားချင်းစုံဖက်တဲ့ သူတွေကို အများဆုံး ပြောပြဆွေးနွေးတယ်။ လိုနေတာက လူငယ် တွေကို အသိပေးဖို့ပဲ။ မိဘတွေ၊ ဆရာသမားတွေက ဒါကို ခွင့်မပြုကြဘူး။ ငယ်သေးတယ်၊ ပျက်စီးပါ့မယ်ဆိုပြီးပေါ့။ ကျွန်တော်တို့ ဒီ ကောင်း အောင် ပြောပြသွန်သင်မယ့် သူတွေကသာ စောင့်တာ။ ဗီဒီယိုတွေ၊ အင်တာနက်တွေ၊ လူကုန်ကူးမှုတွေကတော့ ငယ်ပါသေးတယ်ဆိုပြီး စောင့်တာမျိုးမရှိဘူး။ ဒီရောဂါ ဖြစ်တဲ့သူအများစုကတော့ လိင်ဆက်ဆံလို့ ကူးကြတာပဲ။ ဒါမို့ လူငယ်တွေကိုလည်း ဟောပြောဖို့ အမှန်တကယ်လိုအပ်တယ်” ဟု Marie Stopes NGO မှ ဒေါက်တာ စစ်နိုင်က ထပ်လောင်းပြောသည်။

Follow me on: