24
Mar

ခုခံအား ကျဆင်းသော ရောဂါ (HIV / AIDS)

HIV ပိုးဝင်ရောက်ပြီး ချိန်မှ HIV antibody စတင် စစ်ဆေးတွေ့ရှိချိန်ထိ ကာလကို Window period ဟု ခေါ်ပါတယ်.. ဒီကာလမှာ ဆိုရင် HIV ကူးစက်ခံရမှန်း မသိနိုင်တဲ့အချိန်ဖြစ်ပြီး ထပ်မံ၍ အခြားသူသို့လည်း ကူးစက်နိုင်စွမ်း ရှိပါ တယ်.. ၉၉% သော HIV ကူးစက်ခံရသူများသည် ကူးစက်ခံရ ပြီး ၃ လ အကြာတွင် HIV antibody (HIV test) စစ်ဆေး တွေ့ရှိနိုင်ပါတယ်။

23
Mar

ဘ၀ကိုအားမလျှော့တဲ့ ဖက်ရှင်ဒီဇိုင်နာ မွန်ဒို Mondo Guerra

တကယ်တော့ HIVဖြစ်တာနဲ့ လူတွေက သေရမယ်လို့ ထင်ကြပါတယ်။ HIVရောဂါဆိုတာ အသက်ရှင် မှုရဲ့ ဟိုဘက် တစ်ဖက်ကမ်းကို ကူးဖို့အတွက်လက်မှတ်တစ်ခုပါပဲ။ ဒါပေမယ့် ဘ၀ကို ပျော်ပျော်ရွှင်ရွှင် နဲ့ဖြတ်သန်းမယ် ကျန်းမာရေးလိုက်စားမယ်ဆိုလျှင် အဲဒီလက်မှတ်ဆိုတာ ကင်ဆာသမားတွေ ဆီးချို သမားတွေလောက်တောင် အသုံးမကျတော့ပါဘူး။ အခုဆိုလျှင် မွန်ဒိုကိုပဲကြည့်။ ကျန်းမာပျော်ရွှင်စွာနဲ့ သူ့ဘ၀ကို သူ့တက်နဲ့ လှော်နေတုန်း ပါပဲ။

20
Mar

HIV ပိုးရှိသူကို ပင်မဆဲလ် လဲလှယ်ခြင်းဖြင့် ကုသနိုင်ခဲ့

ဂျာမနီနိုင်ငံမှ ဆရာဝန်များသည် HIV ပိုးရှိသူ လူနာတစ်ဦးအား ပင်မဆဲလ်လဲလှယ်ခြင်းဖြင့် အောင်မြင် စွာ ကုသနိုင်ခဲ့ကြောင်း ဖော်ပြသည်။

19
Mar

မြန်မာသို့ အများဆုံး အကျိုးတူအလှူရှင် ဗြိတိန်ဖြစ်လာ

ပြီးခဲ့သည့်နှစ်တွင် ဂလိုဘယ်ဖန်း Global Fund ကလည်း HIV/AIDS ဝေဒနာ၊ တီဘီရောဂါ၊ ငှက်ဖျား ရောဂါ တိုက်ဖျက်ရေးအတွက် ၂ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၁၂ သန်း ပေးအပ်ကူညီမည့် စာချုပ်တရပ်ကို မြန်မာနိုင်ငံနှင့် လက်မှတ်ရေးထိုးခဲ့သည်။

15
Mar

မြန်မာနိုင်ငံ၏ ဒုတိယမြောက် ကလေးဆေးရုံ

ဒီဆေးရုံဟာ နိုင်ငံတကာအဆင့်မီသလို လက်ရှိ ပုဂ္ဂလိက ဆေးရုံတွေထက်တောင် သာလွန်နေတယ်။ လက်ရှိ ပုဂ္ဂလိကဆေးရုံတွေထက်ပိုပြီး ဆေးရုံအင်္ဂါရပ်နဲ့ ညီညွတ်တယ်။ စာကြည့်တိုက်၊ ဓမ္မာရုံ၊ စားသောက် ဆိုင်တန်း၊ ဈေးဆိုင်တန်း တွေကိုပါ သီးသန့် အဆောက်အအုံနဲ့ ထည့်သွင်းပေးထားတာကို ကြည့်တာနဲ့တင် ဆေးရုံ အဆင့်အတန်းကို သိနိုင်ပါ တယ်။

11
Mar

၂၀၁၀ ပြည့်နှစ်အတွင်း HIV ပိုးကူးစက်ရန် အန္တရာယ်ရှိဦးရေ ၁၃၅၀၀၀ ကျော်အား ပညာပေး

ပညာပေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ စာသင်ကျောင်းများအားလုံးတွင် National Life Skill Curriculum (ဘ၀တွက်တာ ကျွမ်းကျင်စရာ) သင်ရိုးအဖြစ် HIV /AIDS ပညာပေးသင်ခန်းစာများကို သင်ကြားပေး နေသည်ဟု သိရသည်။

10
Mar

ဆင်းရဲသား အခမဲ့ဆေးကုနိုင်ခွင့် ပယ်ချခံရ

“ဆေးရုံကြီးမှာ ဆေးကုရတာ ဈေးကြီးတဲ့ အကြောင်းတွေဘာတွေပေါ့။ နောက်တခုက အလုပ်မရှိတဲ့သူတွေ ဘယ်လို ဆေးကုမလဲပေါ့၊ အဲဒါတွေကို ဆွေးနွေးပါတယ်။ ဒါပေမဲ့ ကျန်းမာရေး ဝန်ကြီးဌာကတော့ ထုံးစံအတိုင်းပေါ့လေ။ သူ့ရဲ့ စရိတ်မျှပေး ကျန်းမာရေးဆိုတဲ့ အတိုင်းပေါ့လေ၊ ဆေးရုံက အကုန်လုံး လုပ်ထားတာ၊ ဆေးတွေလည်း အခမဲ့ ကုပေးနေတယ်ပေါ့လေ။ အဲဒီတည်းက ပြီးသွားပြီလေ” ဟု ယနေ့ ပြည်သူ့လွှတ်တော်တက် အမတ်တဦးက မဇ္ဈိမကို ပြောဆိုသည်။

7
Mar

လူငယ်များ၏ ဦးဆောင်မှု (Youth Lead)

Bangkok မှာ ရုံးစိုက်တဲ့ HIV/AIDS နဲ့ ပတ်သက်တဲ့ အာရှနှင့် ပစိဖိတ်ဒေသ အတွင်း ကွန်ယက်များ၏ ညွှန့်ပေါင်း အဖွဲ့လို့ဆိုတဲ့ (Colations of Asia Pacific Regional Network on HIV/AIDS 7 Sister) ဖြစ်ပြီး HIV/AIDS နဲ့ ပတ်သက်တဲ့ အာရှနှင့် ပစိဖိတ်ဒေသ အတွင်းရှိ ကွန်ရက်ကြီး (Network) ခုနစ်ခုနဲ့ စုပေါင်းဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

6
Mar

ဝေဘာဂီ အထူးကုဆေးရုံကြီးတွင်

“အခုအထူးကုဆေးရုံကြီး (ဝေဘာဂီ) က အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေကို အထူးကုဆေးရုံကြီး (မင်္ဂလာဒုံ) ကို ဒီဇင်ဘာလက ပြောင်းရွှေ့လိုက်တာပါ။ နောက်ပိုင်းကျရင်တော့ အထူးကုဆေးရုံကြီး (မင်္ဂလာဒုံ)နဲ့ အထူးကုဆေးရုံ(သာကေတ) တို့မှာပဲ ဝေဒနာရှင်တွေကို သီးသန့်လက်ခံ ကုသပေးသွား မယ်။

5
Mar

အန်ဂျီအိုအချို့ သတင်းအချက်အလက်များ ရယူရာ၌ တိကျခိုင်မာမှုနှင့်

“အန်ဂျီအိုအချင်းချင်း လုပ်ဆောင်မယ့်နေရာဒေသချင်း တူလို့ side over lap ဖြစ်နေပေမယ့် လုပ် ဆောင်မယ့်လုပ်ငန်း activity over lap မဖြစ်ဖို့ အရေးကြီးပါတယ်။ activity over lap ဖြစ်နေရင်တော့ အကျိုးမဲ့ဖြစ်မှာပါ။ ရတဲ့သူတွေအနေနဲ့လည်း သူတို့အတွက် အဓိကလိုအပ်ချက် မဟုတ်တော့သလို အမှန်မရသေးတဲ့နေရာ၊ လိုအပ်နေသေးတဲ့ နေရာတွေမှာလည်း အများကြီး နစ်နာမှုရှိပါတယ်။ ရပ်ရွာ လူထုရဲ့ စိတ်ပါလက်ပါ ပူပေါင်းပါဝင်ဆောင်ရွက်မှု၊ တိတိကျကျ သတင်းရယူမှု၊ အချင်းချင်းချိတ်ဆက် ဆောင်ရွက်တတ်မှုတွေ က အန်ဂျီအိုလောကမှာ အများကြီး အရေးကြီးပါတယ်”

4
Mar

Shwechinthae Social Service Group - SSSG

၂၀၀၈ တွင် လေလွင့် လမ်းဘေးကလေးငယ်တို့၏ လူ့အပါယ်ခံ ရည်မှန်းချက်မဲ့ ဘ၀များအတွက် ရည် ရွယ်၍ သူတို့အတွက် ကျောင်းဖွင့်ဖို့ ကြိုးပမ်း။ ဤအကြောင်းကို ကြားသိသော ယူနီဆက်မှ CRC သင်တန်းလာပေး။ ထို့နောက် လက်တွေ့လုပ်ကိုင်ဆောင်ရွက်နေသော မန္တလေးမှ World Vision နှင့် ယူနီဆက်တို့ထံ သွားရောက်လေ့လာခဲ့။ World Vision မှ ကျောင်းဖွင့်နိုင်ရန် သင်တန်းများ ပို့ချပေး။ Shwechinthae Child Development Centre (SCDC) ဖွင့်လှစ်နိုင်ခဲ့။

2
Mar

ရပ်ရွာအခြေပြု ကျောင်းပြင်ပရောက် ကလေးသူငယ်များ

ကျောင်းပြင်ပရောက်နေတဲ့ ကလေးလူငယ်တွေကိုလည်း အခြေခံကျောင်းတွေက ကျောင်းသူ၊ ကျောင်းသားတွေ နည်းတူ အသိ ပညာဗဟုသုတနဲ့ အလေ့အကျင့် ကောင်းတွေ ရရှိလာစေဖို့၊ မှန်ကန် တဲ့ဆုံးဖြတ်ချက်တွေ ချမှတ်နိုင် စေဖို့၊ စာဖတ်စွမ်းရည်တိုးတက်လာစေဖို့ HIV/AIDS ရောဂါတွေ တားဆီးကာကွယ်ရေး ဆိုင်ရာ အကြောင်းအရာတွေ၊ သိသင့်သိထိုက်တဲ့ အချက်အလက်တွေကို သိရှိလာနိုင်စေဖို့ ရည်ရွယ်ပြီး ဒီစီမံ ကိန်းထဲမှာ ထည့်သွင်း သင်ကြားပေးသွားမှာ ဖြစ်ပါတယ်

Follow me on:

Back to Top