မြန်မာနိုင်ငံ အပါအဝင် ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် ပြဿနာတစ်ရပ် ဖြစ်နေသည့် လူကုန်ကူးသူများကို တရားဥပဒေအရ ဖော်ထုတ် ဖမ်းဆီး အရေးယူ နိုင်ရေးအတွက် လူကုန်ကူး ခံရသူများဘက်မှ အခမဲ့ လိုက်ပါ ဆောင်ရွက် ပေးမည့် ဥပဒေရေးရာ အတိုင်ပင်ခံ အဖွဲ့ကို တည်ထောင်ရန် စီစဉ်လျက် ရှိကြောင်း ပြည်တွင်းအစိုးရ မဟုတ်သော လူကုန်ကူးမှု ကာကွယ် တားဆီး တိုက်ဖျက်ရေး အဖွဲ့ အသိုင်းအဝိုင်း အတွင်းမှ စုံစမ်းသိရှိ ရသည်။
AIDS ရန်ပုံငွေ ထိရောက်စွာ အသုံးပြုရေး ၁၈ ကြိမ်မြောက် နိုင်ငံတကာ ညီလာခံမှာ တောင်းဆို
AIDS ရောဂါ တိုက်ဖျက်ရေး အလှူငွေတွေကို ပိုပြီး နည်းမှန်လမ်းမှန်နဲ့ ထိထိရောက်ရောက် ဖြစ်အောင် အသုံးပြုကြဖို့ AIDS တိုက်ဖျက်ရေး အကူအညီတွေ အများဆုံး ပေးနေတဲ့ အမေရိကန် သမ္မတဟောင်း ဘီလ် ကလင်တန် (Bill Clinton) နဲ့ မိုက်ကရိုဆော့ဖ် ကုမ္ပဏီ ထူထောင်သူ ဘီလ်ဂိတ်စ် (Bill Gates) တို့က AIDS ရောဂါ တိုက်ဖျက်ရေး ကူညီရေးအဖွဲ့တွေကို တိုက်တွန်းလိုက်ပါတယ်။
AIDS ရောဂါ တားဆီးနိုင်မဲ့ Gel တမျိုး စမ်းသပ်
အမျိုးသမီးတွေ လိင်မဆက်ဆံခင် အမျိုးသမီး အင်္ဂါဇာတ်ဝမှာ မှန်မှန် သုတ်လိမ်း ပေးရတဲ့ Gel ဆေးတမျိုးကို တောင်အာဖရိက နိုင်ငံမှာ စမ်းသပ် ကုသခဲ့ရာမှာ HIV ရောဂါပိုး ကူးစက်မှု တဝက်နီးပါး လျော့ကျသွားတာကို တွေ့ရှိရတယ်လို့ လေ့လာသူတွေက ပြောပါတယ်။
အမျိုးသမီးသုံး ကွန်ဒုံးအကြောင်း
အမျိုးသမီးသုံး ကွန်ဒုံးနဲ့ ပတ်သက်ပြီး အခြေအမြစ်မရှိတဲ့ ယုံတမ်းစကားတွေကို မယုံပါနဲ့။ အမျိုးသမီးသုံး ကွန်ဒုံးဟာ အမျိုးသမီးရဲ့ ခန္ဓာကိုယ်အတွင်း ပျောက်ဆုံး သွားတာမျိုး မဖြစ်နိုင်ပါဘူး။
ကမ္ဘာ့ဖလား ကျင်းပရာ တောင်အာဖရိကတွင် အေ့ဒ်(စ်) တိုက်ဖျက်ရေး ဘရာဇီး ဆောင်ရွက်
ဘရာဇီးနိုင်ငံ ကျန်းမာရေး ၀န်ကြီးဌာနက ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကျင်းပနေသည့် တောင် အာဖရိကနိုင်ငံတွင် AIDS ရောဂါ တိုက်ဖျက်ရေးကို စတင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ထုတ်ဖော် ကြေညာ ခဲ့သည်။
HIV ကာကွယ် ကုသဆေးဆိုတာ နောက်ဆုံးတော့ တကယ်ပေါ်လာခဲ့ပါပြီ
အေအိုင်ဒီအက်(စ်) ရောဂါကို ထိရောက်စွာ ကာကွယ်နိုင်စွမ်း ရှိသည့် ပဋိဇီဝ ပစ္စည်း(antibody) တစ်ခုကို ဓာတ်မတည့်ခြင်းနှင့် ကူးစက်ရောဂါများ ဆိုင်ရာ အမေရိကန် အမျိုးသား တက္ကသိုလ် (National Institute of Allergy and Infectious Diseases) မှ သုတေသီများက တွေ့ ရှိခဲ့ကြသည်။
ချစ်သူရည်းစား ဟန်ဆောင် လူကုန်ကူးမှုများ ဖြစ်ပေါ်
မြန်မာနိုင်ငံ အတွင်းရှိ ဖျော်ဖြေရေး လုပ်ငန်းများတွင် လုပ်ကိုင်နေသော မိန်းကလေးများကို ချစ်သူ ရည်းစားအဖြစ် ဟန်ဆောင် ချစ်ကြိုက်ပြီး လူကုန်ကူးမှုများ ရှိကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး (အထူးအဖွဲ့) အဖွဲ့ရုံး တာဝန်ရှိသူ တဦးက ပြောသည်။
အိပ်ခ်ျအိုင်ဗွီ တိုက်ဖျက်ရေးအတွက် လူငယ်လေးများအား ဦးတည်အုပ်စု အဖြစ် ဆောင်ရွက်လာ
လူငယ်အများစုမှ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်(စ်) ရောဂါ ဖြစ်ပွားနှုန်း မြင့်မား လာသောကြောင့် လူငယ် အများစုအား အဓိကထားကာ အသိပညာပေး လုပ်ငန်းများ ပိုမို လုပ်ဆောင် နေရကြောင်း မြန်မာနိုင်ငံ ကြက်ခြေ နီအသင်းမှ အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်(စ်) စီမံချက် အရာရှိ ဒေါက်တာဌေးဝင်းက ပြောသည်။
အိတ်ခ်ျအိုင်ဗွီ ကူးစက်မှု အများစုမှာ အသိပညာမဲ့မှုကြောင့်ဟု မဖြူဖြူသင်းကဆို
မြန်မာပြည်မှာ စီးပွားရေးချို့တဲ့မှုနဲ့ ပညာပေးမှု အားနည်းတာကြောင့် HIV/AIDS လူနာတွေ ပိုများပြားလာတဲ့ အခြေအနေမှာ ဒီလူနာတွေအတွက် စောင့်ရှောက် အကူအညီပေးမူတွေကို အရင်ကထက် ပိုပြီး အခုချိန်မှာ တိုးချဲ့ဆောင်ရွက်ပေးနေတယ်လို့ မဖြူဖြူသင်းက ပြောပြပါတယ်။
ကမ္ဘာ့ဖလား ကာလအတွက် ကွန်ဒုံး သန်း ၁၀၀ ကျော် ...
ကမ္ဘာ့ဖလား ဘောလုံးပွဲတွင် တရုတ်အသင်း ခြေစစ်ပွဲ မအောင်ခဲ့သော်လည်း ယခု ပမာဏမျှ ကွန်ဒုံးများ ရောင်းချ ခဲ့ရသဖြင့် စီးပွားရေးအရ အမြတ်ထွက်ခဲ့သည်။
မြန်မာအမျိုးသမီးတွေ ရောင်းစားခံနေရတာ ဘယ်လိုတားမလဲ
မြန်မာအမျိုးသမီးတွေ ရောင်းစားခံနေရတာ ဘယ်လိုတားမလဲ – ပါဝင်ဆွေးနွေး ချင်တယ်ဆိုရင် ဖုန်းနံပါတ် ဝဝ၄၄ ၂၀၇ ၅၅၇ ၁၇၆၄ ကို ဆက်သွယ်ပြီး။ burmese@bbc.co.uk ဆိုတဲ့ email လိပ်စာနဲ့လည်း စာရေးသား ဆက်သွယ် နိုင်ပါတယ်။ ဖုန်းနံပါတ်ကို email နဲ့ ပေးပို့ရင် ဘီဘီစီက ပြန်ခေါ် ပေးပါမယ်။
တရုတ်နိုင်ငံတွင် အရောင်းစားခံရသူ အမျိုးသမီးများကို ကယ်တင်နိုင်ရန် တိုင်ကြား
တရုတ်နိုင်ငံမှာ ရောင်းစား ခံရ ရာကနေ ပြန်လွတ်လာတဲ့ ရှမ်းအမျိုးသမီးတွေက သူတို့နဲ့အတူ ရောင်းစားခံရပြီး တရုတ်အမျိုးသားတွေနဲ့ အလိုမတူဘဲ ထိမ်းမြားနေရတဲ့ ရှမ်းတိုင်းရင်းသူတွေ ပြန်လည် လွတ်အောင် ဆောင်ကြဉ်းပြီး မိသားစုနဲ့ ပြန်လည် ပေါင်းစည်းနိုင်အောင် ကူညီပေးဖို့ ရန်ကုန် အခြေစိုက် အိုင်အယ်လ်အို ဆက်ဆံရေးရုံကို တိုင်လိုက်ပါတယ်။

Follow me on: