လိင်ပိုင်းဆိုင်ရာတုန့်ပြန်မှု စက်ဝိုင်း (Sexual Response Cycle)ဆိုတာက လူတယောက် လိင်စိတ်ဖြစ်ပေါ်လာပြီးတော့ နှိုးဆွခြင်း၊ လိင်ဆက်ဆံခြင်း၊ တကိုယ် ရေ စိတ်ဖြေခြင်း စတဲ့ ကိစ္စတွေပြုလုပ်ချိန်မှာ ရှိလာတဲ့ စိတ်ပိုင်းဆိုင်ရာ နဲ့ ရုပ် ပိုင် ဆိုင်ရာ အပြောင်းအလဲတွေရဲ့ အကျိုး ဆက်တွေ ဖြစ်ပါတယ်။ ဒီစက်ဝိုင်းရဲ့ အဆင့်တိုင်းမှာ ကိုယ်ခန္ဓာရဲ့ တုံ့ပြန်မှု တွေ ကို သိထားခြင်းအားဖြင့် ကိုယ့်ရဲ့ အဖော်နဲ့ ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေနိုင်သလို လိင်မှုကိစ္စဆိုင်ရာ ပြဿနာ တွေရှိခဲ့ ရင်လည်း ဖော်ထုတ်ဖြေရှင်းနိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။
မလိုလားအပ်သည့် ကိုယ်ဝန်နှင့် အန္တရာယ်ရှိ ကိုယ်ဝန်ဖျက်ချခြင်းကို အရှိန်အဟုန်မြှင့် ကာကွယ်မည်
“ကာကွယ်ဖို့အတွက် မျိုးဆက်ပွား ကျန်းမာရေး ဆေးတွေနဲ့ ဆေးပစ္စည်းများ ပြည့်ပြည့် စုံစုံဖူလုံအောင် ဆောင်ရွက်မယ့်စနစ်ကို တိုင်းဒေသကြီးတွေနဲ့ ပြည်နယ် (၄) ခုမှာရှိတဲ့ မြို့နယ် (၁၂) မြို့နယ်တို့ကို ရှေ့ပြေးအဖြစ် ဆောင်ရွက်နေပါတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါက်တာသိန်းသိန်းဌေး က ပြောသည်။
ART နဲ့ ဂျင်ဇင်း၊ PLH တစ်ယောက်ကို လက်ထပ်မယ်ဆိုရင် (အမေးအဖြေ)
ဂျင်ဇင်း က HIV ပိုးရှိသူတွေ (ART သောက်နေသူအတွက်ရော၊ မသောက်သူ) အတွက် လုံးဝ မသုံးသင့်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ HIV ရှိသူတွေမှာ ဂျင်ဇင်းနဲ့ ပက်သက်တဲ့ သုတေသန ခိုင်ခိုင်မာမာမရှိ သေးပါဘူး။ သုံးမိရင် တချို့လူတွေမှာ ရုတ်တရက် ကိုယ်ခံအား ကျသွားပြီး ရောဂါ အခြေအနေ ဆိုးတက်ပါတယ်။
အမျိုးသား ပြည့်တန်ဆာလောက
အမျိုးသား ပြည့်တန်ဆာအဖြစ် ငါးနှစ်တာ ဆောင်ရွက်ခဲ့ဖူးသူ ကိုထက်ခေါင်ကမူ လိင်စိတ်နှစ်ခွရှိသူ ဟိုမိုဖောက်သည်များ ပိုမိုများပြားလာပြီး သူ၏ ယောက်ျားဘဝ တည်မြဲမှုကိုပါ ခြိမ်းခြောက်သည်အထိ တောင်းဆိုမှု များလာသောကြောင့် ၂၀၁၀ ပြည့်နှစ်တွင် ယင်းလောကမှ ထွက်ခွာခဲ့သည်။ “အများစုပြောသလို ကျွန်တော်တို့အလုပ်က မလွယ်လှပါဘူး” ဟု ကိုထက်ခေါင်က ဆိုသည်။
၁၀၀ ရာခိုင်နှုန်းပြည့် ထိရောက်တဲ့ အိတ်ခ်ျအိုင်ဗွီကြိုတင်ကာကွယ်ဆေး
လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး သတင်းတွေထဲမှာ ကြီးကျယ်ခမ်းနားတဲ့ သတင်းတစ်ပုဒ် ပေါ်ထွက်လို့လာခဲ့ပြန်ပါပြီ။ တခြားမဟုတ်ပါဘူး။ ကျွန်တော်တို့တွေအတွက် ကုရာနတ္ထိဆေးမရှိသေးတဲ့ အိတ်ခ်ျအိုင်ဗွီကို မဖြစ်ပွား မကူးစက်အောင်လို့ ကြိုတင်ကာကွယ်နိုင်ဖို့ အလားအလာရှိနေပြီပဲဖြစ်ပါတယ်။
အရွယ်မရောက်သေးတဲ့ နီပေါ အမျိုးသမီးများ ပြည့်တန်ဆာအဖြစ် စေခိုင်းခံနေရ
လူမှောင်ခိုသမားတွေဟာ မိဘတွေကို ယုံကြည်စွာ စည်းရုံးရင်း တစ်ယောက်ကို ပေါင် ( ၉၂) သာပေးပြီး နိုင်ငံရပ်ခြားကို ပို့ဆောင်နေတာ ဖြစ်ပါတယ်။ နီပေါနိုင်ငံဟာ သဘာဝဘေးကြောင့် ပြည်သူတွေဟာ ဆင်းရဲဒုက္ခ ရောက်နေတာကြောင့် လူမှောင်ခိုသမားတွေရဲ့ စိတ်ကြိုက် ပစ်မှတ် ဖြစ်နေကြောင်း သိရပါတယ်။
နှစ်ကိုယ်တူ ပွင့်လင်းမှုနဲ့ သာယာသော အိမ်ထောင်ရေး
အမျိုးသမီးတွေက သူတို့ရဲ့ အထွတ်အထိပ် အချိန်နဲ့ ပတ်သက်လို့ မလိမ်ညာကြဘူးလို့ အများစုက ယုံကြည်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ထပ်ထားတဲ့ ဇနီးမောင်နှံတွေ ဖြစ်စေ၊ အတူနေသမီးရည်းစားလို ဆက်ဆံရေးမျိုးမှာ ဖြစ်စေ ပေါင်းစပ်မှုက တန်းတူရည်တူ ဖြစ်တယ်လို့ သဘောထားမယ်ဆိုရင် အမျိုးသမီးတွေ အနေနဲ့ လိင်ဆက်ဆံမှုနဲ့ ပတ်သက် လို့ စိတ်မကျေနပ်တာ၊ ဆန္ဒမပြည့်ဝတာရှိရင် သူတို့ရဲ့ အမျိုးသားကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောပြနိုင်တဲ့ အခြေအနေတွေ ရှိနေလို့ ဖြစ်ပါတယ်။
သုက်ရည်ဝါနေခြင်း
သုက်ရည်အရောင်ဝါရောင် (လိမ်မော်ရောင်) ဖြစ်နေတာဆိုရင် အထဲမှာ ဘီလီရူဘင်ခေါ် အသားဝါရောဂါရှိနေသလား၊ သွေးနည်းနည်း ပါနေသလား၊ ဆီးနဲ့ရောနေသလား စစ်ရမယ်။ အစားအသောက်နဲ့ သက်အပေါ်မှာလည်း မူတည်တယ်။ ပုံမှန်ဆိုရင် အဖြူရောင်နဲ့ မီးခိုးရောင်ဖြစ်တယ်။ နောက်နေတယ်။ နည်းနည်းလေးတော့ဝါနိုင်တယ်။ တခါတလေမှာ အရောင်ပြောင်းတာ စိုးရိမ်စရာမရှိပါ။
သားဆက်ခြား ကျန်းမာရေး တနိုင်ငံလုံး အတိုင်းအတာထိ တိုးမြှင့်ဆောင်ရွက်မည်
အန္တရာယ်ရှိတဲ့ ကိုယ်ဝန်ဖျက်ချခြင်းမှ ကာကွယ်ဖို့ သားဆက်ခြား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေကို လာမယ့် ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း တနိုင်ငံလုံး အတိုင်းအတာထိ တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ကျန်းမာရေး ဒု-ဝန်ကြီး ဒေါက်တာ သိန်းသိန်းဌေးက ပြောကြားလိုက်ပါတယ်။
ပထမဆုံးအကြိမ် လွဲမှားသော လိင်ဆက်ဆံမှု မဖြစ်စေဖို့
တကယ်လို့ လိင်ဆက်ဆံစဉ်အတွင်းမှာ ၀မ်းဗိုက်ပိုင်း နာကျင်မှုကို ခံစားရမယ် ဆိုရင်တော့ အဲဒီအမျိုးသမီးရဲ့ သားအိမ် နဲ့ မျိုးဥ အိမ်မှာ ရောဂါဝေဒနာ တခုခု ရှိနေတဲ့ လက္ခဏာဖြစ်ပါတယ်။ အမေရိကန် သားဖွားမီးယပ်ကောလိပ် (ACOG) ရဲ့ အဆိုအရ ပထမဆုံးအကြိမ် လိင်ဆက်ဆံစဉ်မှာ ၀မ်းဗိုက်နာကျင်ခြင်းက သားအိမ်စောင်းခြင်း၊ မျိုးဥအိမ် အကျိတ်၊ ဆီးအိမ် ရောဂါ၊ သားအိမ်ရောဂါ ဒါမှမဟုတ် တင်ပါးဆုံ အတွင်း အင်္ဂါများ ရောင်ရမ်းတဲ့ရောဂါတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
အမျိုးသမီးတွေ ဘာလို့ လိင်ဆက်ဆံလိုစိတ် နည်းပါးရသလဲ
အမျိုးသမီးရဲ့ လိင်စိတ်ကုန်ခန်းမှု၊ လိင်ဆက်ဆံမှုပိုင်းဆိုင်ရာအပြုအမူ တစ်ခုခုကို စိတ်ဝင်စားမှုလျော့နည်းခြင်း၊ သာယာမှု မရှိခြင်း၊ စိတ်နိုးကြွမှုမရှိခြင်းတို့ ဟာ ခြောက်လထက် ပိုမိုကြာမြင့်နေမယ်ဆိုရင် Filbanserin ဆေးက ကုသမှု ပေးမှာဖြစ်ပါတယ်။ တကယ်လို့ ဒီဆေးက မထိရောက်သလို၊ လိင်စိတ်ကုန်ခန်းမှုကလည်း ဆက်လက်ဖြစ်နေမယ်ဆိုရင် အောက်ပါအချက်တွေထဲက တစ်ချက်က သင့်ရောဂါရဲ့အရင်းအမြစ်လားဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြည့်သင့်ပါတယ်။
ခေတ်သစ် မာသာထရီဇာ
ဒေါ်ဖြူဖြူသင်းကား မာသာဖြူဖြူသင်းဟု ဆိုရလောက်အောင် အိတ်ခ်ျအိုင်ဗီရောဂါသည်များကို မိခင်ရင်း တစ်ဦးသဖွယ် စောင့်ရှောက်ကျွေးမွေးနေသူဖြစ်သည်။ အိတ်ခ်ျအိုင်ဗီရောဂါသည်ပေါင်း သုံးရာကျော်တို့သည် ကာကွယ်ဆေးထုတ်ရန် ရန်ကုန်သို့ လာကြရသည်။ ထိုဆေးကို ဟော်လန်နိုင်ငံမှ လှူဒါန်းပေးသည်။

Follow me on: