11
Mar

အမေးအဖြေ (၁၂၉) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

ကျွန်တော့်ကောင်မလေးက ကိုယ်ဝန်ပျက်ကျပြီး သားအိမ်ခြစ်ထားပါတယ်။ သားအိမ်ခြစ်ပြီး အတူတူနေမိပါတယ် ကိုယ်ဝန်မရှိအောင်လို့ ecee2 သောက်ပါတယ်။ ဒါပေမယ့် နောက် တစ်ခါ အတူတူနေမိတဲ့ အခါမှာတော့ တားဆေး မသောက်မိပါဘူး။ သားအိမ်ခြစ်ပြီးနောက်ပိုင်း လည်းတစ်ခါမှ သွေးမဆင်းသေးပါဘူး။

7
Mar

အမေးအဖြေ (၁၂၈) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

ရာသီလာပြီး ဆက်ဆံမှုဟာ (၁) သုက်ရည်က မိန်းကလေး လိင်အင်္ဂါထဲဝင်မယ်၊ (၂) မိန်းကလေးက တားဆေး – တားနည်လည်း သုံးမထားရင်၊ (၃) ယောက်ျားလေးရဲ့ သုက်ကလည်း အရေအတွက်ရော အရည်အသွေး ပါကောင်းရင် (၄) မိန်းကလေးကလဲ အဲဒီလမှာ မျိုးဥထွက်ရင် ကိုယ်ဝန် ရလမ်းရှိနိုင်ပါတယ်။ ရာခိုင်နှုန်း အပြည့်မဟုတ်ပါ။ နည်းပါတယ်။

6
Mar

အာသာဖြေရုံနဲ့ HIV ပိုး ကူးစက်နိုင်ပါသလား

သူငယ်ချင်း မိန်းကလေးတွေနဲ့ အတူ အာသာဖြေတယ်ဆိုတာ ဘယ်လိုပုံစံ အာသာဖြေလဲ အပေါ်မူတည်ပြီး HIV ပိုး ကူးနိုင်/မကူးနိုင် ကို ပြောလို့ရမှာပါ။ မေးခွန်းမှာက AIDS ဖြစ်နိုင်ပါသလား လို့မေးထား ပါတယ်။ AIDS မဖြစ်ခင် HIV ပိုး အရင်ကူးစက် ရပါတယ်။ ဒီတော့ အသာဖြေပုံ မျိုးစုံကနေ HIV ပိုး ဘယ်လိုကူးလဲ သိမှ AIDS ဖြစ်နိင်/ မဖြစ်နိုင် သိရမှာပါ။

4
Mar

HIV ဆေးနဲ့ အမေးအဖြေ (၁)

HIV ပိုးကို တားဆီးထားလို့ ရတယ်ဆိုတာက HIV ပိုး ရှိတဲ့သူမှာ HIV ပိုးတွေ မျိုးမပွားအောင် ထိန်းထား တာပါ။ ဆေးတွေသောက်ရ ပါတယ်။ မိတ်ဆွေ သိထားတဲ့ ART ဆိုတာ HIV ပိုးတွေ မျိုးမပွားအောင် ထိန်းတဲ့ ဆေးတွေကို ပြောတာပါ။ ဒီဆေးတွေကို HIV ပိုး ရှိသူတိုင်း သောက်စရာ မလိုပါဘူး။ သူ့ရောဂါ အဆင့်နဲ့သူ လိုအပ်မှ ဆရာဝန်တွေက ပေးတာပါ။ အသေးစိတ်ကို ART အကြောင်း သိကောင်းစရာ ဆိုတဲ့ HIM ရဲ့ စာမျက်နှာမှာ အသေးစိတ် ဖတ်စေချင် ပါတယ်။

4
Mar

အမေးအဖြေ (၁၂၇) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

ဟော်မုန်း မပါသော စားဆေး Centchroman ခေါ် Saheli Tablets သည် ပုံမှန် မမျိုးဥ ထွက်ခြင်းကို တားဆီးခြင်း မလုပ်ဘဲ၊ ကျားသုက်ပိုးနှင့် ပေါင်းစပ်ခဲ့ပြီးနောက် သားအိမ်အတွင်း နံရံကို လာတွယ်သည့် ဖြစ်စဉ်ကို တားဆီးခြင်းဖြင့် သန္ခေဆက်လက် မတည်စေရန် ပြုလုပ်ပေးသည်။ အောက်ဖော်ပြပါဆေးမှာ ဟော်မုန်းများ မပါသဖြင့် ပျို့-အန်ခြင်း၊ ကိုယ်အလေးချိန်များခြင်း၊ သွေးခဲစေခြင်းများ မဖြစ်စေနိုင် ဆိုသောကြောင့် သဘောကျ ပါသည်ရှင်။

1
Mar

အမေးအဖြေ (၁၂၆) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

ရာသီမမှန်တာ စိုးရိမ်စရာတော့ မရှိပါ။ မှန်တာတော့ ပိုကောင်းပါတယ်။ ရက်နောက်ကျတာ အတွက်လဲ ဆေးတော့ မလိုအပ်လှပါ။ မှန်ချင်ရင်တော့ အိမ်ထောင်နဲ့ အတူမနေရပါစေ ကိုယ်ဝန်တားဆေးသောက် ရမယ်။ ဟော်မုန်း ၂ မျိုးပါ၊ တလ ၂၈ (၂၁) လုံးပါ၊ တနေ့ ၁ လုံးသောက်တဲ့ ဆေးပြားသောက်ရတယ်။ ၃-၄ လ အထိဆက်သောက်ပါ။ နောင်မှာ လိုသေးရင်လဲ ထပ်-ဆက် သောက်နိုင်တယ်။ အသက် ၃၅ နှစ်အထိ စိတ်ချက်လက်ချ သောက်နိုင်ပါတယ်။

1
Mar

အမေးအဖြေ (၁၂၅) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

အိပ်ခ်ျအိုင်ဗီ၊ ဆစ်ဖလစ်လည်း မရှိတော့ တခြားဟာများလား။ တကယ်လို့ ဂနို ဆိုရင်ကော စိုးရိမ်ရပါလား ဆရာ။ ကုသရင် ဘယ်လောက် ကြာနိုင်ပါသလဲ။ စိုးရိမ်တာက နောက်ပိုင်း အိမ်ထောင်ပြုရင် လက်တွဲဖော်ကို ထိခိုက်မှာစိုးလို့ပါ ခင်ဗျာ။ အခုတော့ မကောင်းတာ မှန်သမျှ အကုန်ရှောင်ပါတယ် ဆရာ။

27
Feb

အမေးအဖြေ (၁၂၄) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

တားဆေး စားဆေးနဲ့ ထိုးဆေးတွေက ၇ ရက်ကြာမှသာ ထိရောက် ကောင်းတယ်။ မတိုင်ခင် အကာအကွယ် တနည်းနည်း သုံးသင့်ပါတယ်။ Depo injection ကို ရာသီ စဆင်းတဲ့ နေ့ကနေ ၅ ရက်အတွင်း ထိုးရင် ချက်ချင်း ထိရောက်တယ်။ ၅ ရက်နောက်မှ ထိုးရင် ၂ ပါတ်ကြာမှ ထိရောက်တယ်။

23
Feb

အမေးအဖြေ (၁၂၃) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

ကျနော် 15.2.13 ညက မိန်းကလေး တယောက်နဲ့ အတူတူနေဖြစ်သွားပါတယ်။ 16 ရက်နေ့ ညကသူ့ကို LEVO-72 သောက်ခိုင်း လိုက်ပါတယ်။ သူ့ရဲ့ ရာသီက 8.2.13 က မှပြီးထားတာပါ။ ဒါပေမယ့် ဒီနေ့မှာပဲ ရာသီပြန်စပြီး အများကြီး ဖြစ်နေလို့ မေးကြည့်တာပါ။ ဘယ်လိုကြောင့်ပါလဲ ဆရာ။ အန္တရာယ် ရှိနိုင်ပါသလား ဆရာ။ အရင်က Ecee2 တော့ တိုက်ဖူး ပါတယ်။ ရာသီချိန် ပုံမှန်ပါပဲ။ အရေးပေါ်ဆေးမှာ ဆိုရင် ဘယ်ဆေးက side effect အနည်းဆုံးပါလဲ ဆရာ။

22
Feb

ဆက်ဆံရင်း ကွန်ဒုံး ကျွတ်သွားတာ...

အိတ်ခ်ျအိုင်ဗီပိုး အတွက်ကတော့ လိင်ကိစ္စအပြီး ၃ လမပြည့်သေးဘူးဆိုရင် အလားတူ လိင်ကိစ္စတွေ မပြု လုပ်ပဲ ရှောင်နေပြီး ၃ လကျော်မှ သွေးစစ် သင့်ပါတယ်။ ၃ လမှာ စစ်လို့ မတွေ့သေးဘူးဆိုရင် နောက်ထပ် ၃ လ ထပ်စောင့် (စုစုပေါင်း ၆ လ) ပြီး သွေးထပ်စစ်ပါ။ အဲဒီမှာ မတွေ့ရင်တော့ စိတ်အေးရပါပြီ။ ရန်ကုန်မှာ နေတယ် ဆိုရင်တော့ အန်ဂျီအို အဖွဲ့စည်းတွေမှ နှစ်သိမ့်ဆွေးနွေး ပညာပေးတဲ့ သူတွေနဲ့ ဆွေးနွေး သင့်ပါတယ်။

20
Feb

အမေးအဖြေ (၁၂၂) (၁၈ နှစ် ပြည်မှ ဖတ်ပါ)

ကျွန်တော် ဟိုးတနေ့က ဝမ်းလျှောပါတယ်။ ဝမ်း မပျက်ခင်နေ့က ကျွန်တော် ဗမာ ထမင်းဆိုင်မှာ ကန်ဇွန်းရွက် ချင်ဟင်း သောက်ပါတယ်။ နောက်ပြီး ကျွန်တော် အသံဝင်ပါတယ် မနေ့က။ ချောင်းဆိုးပြီး ချွဲပါတဲ့ အခါ သွေးတွေလဲ ပါတယ်။ ချောင်း မဆိုးခင်နေ့က ညဘက် ကျွန်တော် အင်္ကျီ မပါဘဲ အိပ်ပျော် သွားပါတယ်။ အခု လက္ခဏာတွေက HIV ပိုးရှိလို့ ဖြစ်တာလား သိချင်ပါတယ် ဆရာ။

19
Feb

အမေးအဖြေ (၁၂၁) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

HIV စစ်တာ ၁၂ လပိုင်း ၂၅ ရက်က တစ်ကြိမ် စစ်ပါတယ်။ နောက် ၁ လပိုင်းမှာ ကျောပူလို့ ဆိုပြီး ၂ လပိုင်း၅ ရက်နေ့က တစ်ခါစစ်ပါတယ်။ စစ်ခဲ့တာတွေက HBS-anit + aHCV, syphilis, HIV သုံးမျိုး စစ်ပါတယ်။ ၂ ကြိမ်စလုံး ဘာမှမရှိပါ ဆရာ။ ဒါပေမယ့် သတိထားမိတာ ၂ခုရှိပါတယ်။ လျာမှာဘေးဘယ်ညာ နည်းနည်း အချိုင့် ရာလေးပေါ်ပြီး နည်းနည်း အမည်းရောင်သန်းတဲ့ အရာလေး တွေ့ပါတယ်။

Follow me on:

Back to Top