အမျိုးသားတစ်ဦးက သူ့ကိုယ်သူ လိင်တူချင်းကို နှစ်သက်တဲ့သူဆိုတာကို အသက်ငယ်စဉ်မှာ တင်သိနိုင်သလား ဆရာ။ အသက်ငယ်စဉ်မှာကတည်းက ကိုယ့်ကိုယ်ကို သိနိုင်တာပဲ။
HIV ပိုးပမာဏကို မစစ်ဆေးဘဲ ARV ဆေး သောက်ခိုင်း
ပြင်ပမှာဝယ်သောက်ရင် ပထမအဆင့်ဆေး တလစာကို ဆေးအမျိုးအစားပေါ် မူတည်ပြီး ကျပ်သုံးသောင်းကနေ ကျပ်ခုနှစ်သောင်းထိ ပေးရပြီး ဒုတိယအဆင့် သောက်ရတဲ့ဆေးက တလစာကို ကျပ်နှစ်သိန်းလောက်ထိ ပေးဝယ်သောက်ရတယ်လို့လည်း သိရပါတယ်။
အိတ်ခ်ျအိုင်ဗွီ ဝေဒနာသည်များကို ဖုန်းဖြင့်ပညာပေး ဆွေးနွေး
HHIGအဖွဲ့ အစည်းတခုက အိတ်ခ်ျအိုင်ဗွီပိုးရှိနေသူတွေကို တယ်လီဖုန်းလိုင်းကနေတဆင့် အခမဲ့နှစ်သိမ့် ပညာပေး နေပါတယ်။HIV Hotline Initiative Group (HHIG) အဖွဲ့ ကနေ တယ်လီဖုန်းက နှစ်သိမ့်ပညာပေးတဲ့  လုပ်ငန်းကို ၂၀၀၁ခုနှစ်၊ ဇန်နဝါရီလကစပြီး လုပ်ခဲ့ ရာမှာ သုံးလကျော်ကာလအတွင်း ဆက်သွယ်သူပေါင်း ၉၀ ကျော်ရှိခဲ့တယ်လို့ အဖွဲ့ မှာ ပါဝင်ခဲ့ကိုဝဏ္ဏက ပြောပါတယ်။
သွေးစစ်သင့်မစစ်သင့် နဲ့ သွေးဘယ်မှာ စစ်ရမလဲ
သွေးသွင်းတာတို့ မူးယစ်ဆေးထိုးတာတို့မှာသုံးတဲ့အပ်က အခေါင်းပေါက်ပါတယ် အဲ့ဒီအခေါင်းကလဲ လေမခိုနိုင်အောင် လုပ်ထားတာဖြစ်တဲ့အတွက် အဲ့ဒီမှာ ကပ်ကျန်နေတဲ့ပိုး ဆိုရင်တော့ အချိန်တော်တော် ကြာတဲ့ အထိ အသက်ရှင်နိုင်ပါတယ်။ သူ့မှာ ကိုယ်ခန္ဓာအပူချိန် မရှိပေမယ့် လေမဝင်နိုင်တဲ့အတွက် သွေးပမာဏ အလျောက် အပ်ကထိန်းပေးထားနိုင်တာကိုး။
ခုခံအားကျဆင်းမှု ကူးစက်ခံနေရသူများ သိထားသင့်သော HIV/AIDS အကြောင်း(၁)
NIP Pilot Study ဆိုတဲ့ သုတေသနပြုချက်မှာ ကုသခံဖို့ ရွေးချယ်ထားတဲ့ အိတ်ခ်ျအိုင်ဗွီ ပိုးရှိတဲ့သူတွေကိုကြည့်ရင် အဲဒီလူတွေကို သုတေသန မပြုခင်မှာ အိတ်ခ်ျအိုင်ဗွီ ပိုးသတ်ဆေးပေါင်းစုနဲ့ ရက်စဉ် ဆက်တိုက် ကုထားလို့ သူတို့ရဲ့သွေးထဲမှာ အိတ်ခ်ျအိုင်ဗွီ ပိုးကောင်ရေ တိုင်လို့မရအောင် နည်းနေတာကို တွေ့ရတယ်။ ဒါ့အပြင် သူတို့ရဲ့ ကိုယ်ခံအားကို ကြည့်မယ်ဆိုရင် သူတို့ရဲ့သွေး တစ်မိုက်ခရိုမီတာမှာ CD4 အရေအတွက် သုံးရာကျော်နေတာ တွေ့ရတယ်။ ဒါကြောင့် ရွေးချယ်ထားတဲ့ အိတ်ခ်ျအိုင်ပိုး ရှိတဲ့သူတွေဟာ လူကောင်း တစ်ယောက်နီပါး ကျန်းမာနေတာကို တွေ့ရပါတယ်။
HIV tests (အိတ်ခ်ျအိုင်ဗွီ) စစ်ဆေးနည်းများ (၃)
လူထဲကို ပိုးတမျိုးမျိုး ဝင်လာတာနဲ့ အဲဒါကို ခုခံတိုက်ဖျက်ပေးမဲ့ ဆိုင်ရာ ဆိုင်ရာ Antibody (အင်တီဘော်ဒီ) ခုခံအားတွေ ထွက်လာတယ်။ HIV antibody စမ်းတယ်ဆိုတာ အဲဒါတွေ Blood သွေးထဲ၊ Saliva တံတွေးထဲ နဲ့ Urine ဆီးထဲမှာ ရှိနေ-မနေ စစ်ဆေးတာ ဖြစ်ပါတယ်။
ဂေး (သို့မဟုတ်) လိင်တူချစ်သူ
အဲဒီသုံးချက်အရ မိခင်ဝမ်းကကျွတ်ပြီး အရွယ်ရောက်တဲ့ အချိန်ကစလို့ Gay ဖြစ်နေတဲ့သူတွေမှာ ဦးနှောက်ပိုင်းဆိုင်ရာ ချို့ယွင်းမှု တစုံတရာမတွေ့ရဘူး။ Gene ပြဿနာကြောင့်ဆိုတာလည်း သက်သေမပြနိုင်ဘူး။
STDs and Condom (ကွန်ဒွမ်) သုံးပေမဲ့ ကူးနိုင်တဲ့ရောဂါတွေ
Condom သုံးတာက ကျားလိင်တံကိုသာ ဖုံးတာမို့၊ ကျားကနေမ၊ မကနေကျား STDs လိင်က တဆင့် ကူးစက် ရောဂါတွေကို မကူးစေနိုင်ပါ။ ဒါပေမဲ့ (ကွန်ဒွမ်) ဖုံးမထားတဲ့ နေရာတွေမှာ တခြား ကူး စက် ရောဂါ ရှိနေရင်တော့ အကာအကွယ် မပေးနိုင်ပါ။
HIV Sexual transmission လိင်ကတဆင့် HIV ကူးစက်ခြင်း
HIV-positive ဆိုတာ ဘာလဲ။ တချိန်ကြရင် AIDS ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်ပိုး သွေးထဲမှာ ရှိနေပြီ။ ဒါပေမဲ့ AIDS ဖြစ်နေပြီလို့ ဆိုလိုတာတော့ မဟုတ်ဘူး။ မကြာခင် သေရတော့မယ်လို့လဲ မဟုတ်ပါ။ သူကနေ အကာအကွယ်မဲ့ လိင်ဆက်ဆံသူများကို ကူးစက်စေနိုင်ပြီ။ ကိုယ့်ကိုယ်ကို ဂရုစိုက်၊ အစာ အာဟာရလဲ မျှတအောင်စား၊ ပုံမှန် ဆေးစစ်၊ သေခြာ ဆေးကုနေရင် အကြာကြီး အသက်ရှင်ပါမယ်။
TB ရောဂါ ကာကွယ်တိုက်ဖျက်ရေး နည်းလမ်းများ
ကျမတို့ ဝမ်းသာစရာ သတင်းကကြတော့ ကျန်းမာ ရေးဝန်ကြီးဌာနက ဒီ အမျိုးသားတီဘီတိုက်ဖျက်ရေး စီမံကိန်းမှာ တီဘီဆေးတွေဟာ အလုံအလောက် ရှိတယ်၊ တနိုင်ငံလုံးမှာ ရှိနေတဲ့ တီဘီလူနာတွေကို အလကားပေးနိုင်တယ်၊ အခမဲ့ပေးနိုင်တဲ့ တီဘီ ဆေးတွေက အလုံအလောက်ရှိနေတယ်။ အဲဒီတော့ ရှိနေတဲ့ အပြင်ကို ပုဂ္ဂလိကဆေးခန်းတွေက လည်း မြန်မာနိုင်ငံဆရာဝန်အသင်းတို့ နောက် International NGO တခုဖြစ်တဲ့ population services international အဲလို အဖွဲ့တွေနဲ့ ပေါင်းပြီးတော့မှ အကူညီပေးနေတဲ့ ဆေးခန်းတွေ အများ ကြီးရှိတယ်။ ဒါတွေဟာ အကုန်လုံးဟာ အလကားပဲပေါ့၊ တီဘီ သလိပ်စစ်တာကော အဲဒါတွေအားလုံး က အကုန်လုံး အလကားကုလို့ရတယ်။ နောက်တခါ တချို့အဖွဲ့အစည်းတွေဆိုရင် အဟာရထောက်ပံ့ မှုလေးတွေ ပေးတာလေးတွေရှိတယ်။ ဒီလို ခက်ခဲတဲ့ ချို့တည့်တဲ့ လူနာဆိုရင် သွားရေးလာရေး လွယ်ကူအောင်လို့ သွားလာစာရိတ်တွေ ထုပ်ပေးတာရှိတယ်။ တချို့တွေက လူနာကလိုအပ်လို့ ဓါတ် မှန်ရိုက်ရမယ် ဆိုလို့ရှိရင်လည်း ဓါတ်မှန်ဖိုးထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းတွေရှိတယ်။ အဲဒီတော့ လူနာ တွေကိုယ်တိုင်က သတိပြုမိလာပြီးတော့ ဒီလိုအဖွဲ့စည်းမျိုးတွေက ပေးနေတယ်၊ ကျန်းမာရေးဌာနမှာ အလကားရနေတယ်ဆိုတဲ့ message တွေသာ များများရောက်ပေးနိုင်မယ်ဆိုရင် လူတွေက ပိုပြီး သတိပြုမိလာရင် ပိုပြီးတော့ ပြလာမှာပဲလေ အဲဒီတော့ အဲဒါဆိုရင်လုပ်ရကိုင်ရတာ ပိုပြီးတော့ လွယ်ကူလာမယ်ပေါ့နော်။
ဒီနှစ်ကမ္ဘာ အေ့စ်ရောဂါရဲ့  ဆောင်ပုဒ် ဘာကိုဆိုလိုပါသလဲ
လူနာနဲ့ပတ်သက်တဲ့ အခွင့်အရေးဆိုတာ လူကိုလူလိုဆက်ဆံဖို့ အရေးကြီးတယ်၊ လူကိုရောဂါသည်လို့ မဆက်ဆံပါနဲ့ ဝေဒနာရှင်လို့ မဆက်ဆံပါနဲ့ အားလုံးဟာ ကျွန်တော်တို့ အနေနဲ့ ပြန်ကြည့် ကြမယ်ဆိုရင် လူတိုင်းလူတိုင်းက ကျန်းမာရေးနဲ့ ပတ်သက်တဲ့လိုအပ်ချက်တွေက အများကြီးရှိကြပါတယ်၊ ဥပမာ ဆီးချိုရောဂါသည်၊ သွေးတိုးရောဂါသည်၊ သွေးအဆီများနေတဲ့ သူတွေ၊ ကင်ဆာရောဂါ ဖြစ်နေတဲ့ သူတွေ အားလုံးမှာ ရောဂါ အခြေအနေဆိုတာ ရှိကြပါတယ်။ အဲဒီတော့ ဘာကြောင့် HIV ရောဂါ ဖြစ်တဲ့ သူတွေကို ခွဲခြား နှိမ်ချနေမှာလဲ ခွဲခြား နှိမ်ချမှုမရှိအောင် ဘယ်လိုလုပ်ကြရမလဲ လူတိုင်းလူတိုင်းဟာ ဘာလိုလာ မလဲဆိုတော့ လူကိုလူလို ဆက်ဆံဖို့ အရေးကြီးပါတယ်။ သူများကိုဆက်ဆံတဲ့အချိန်မှာ ကိုယ့်ကို ဘယ်လို ဆက်ဆံစေချင်သလဲဆိုတဲ့ ပုံစံနဲ့ ဆက်ဆံဖို့ အရေးကြီးပါတယ်။
HIV ပိုး ကူးနိုင်တဲ့နည်းနဲ့ မကူနိုင်တဲ့ နည်းများ
ဟုတ်ကဲ့ ဒီHIV ပိုးဆိုတာက လေကဆင့်၊ ရေကတဆင့်၊ အစားအသောက်က တဆင့်ကူးတာ မဟုတ်ဘူး၊ ဒီခန္ဓ္ဓ္ဓာကိုယ် အပေါ်ယံ ထိတွေ့မှုတွေမျိုးဖြစ်တဲ့ အဝတ်စား၊ အိပ်ယာတွေကတဆင့် ကူးတာ မဟုတ်ဘူး၊ အဲဒီတော့ ဒီသွားတိုက်ဆေး၊ သွားတိုက်တံတွေကရော

Follow me on: