26
Nov

HIV ပိုး ရှိမရှိ သေချာစေလို (အမေးအဖြေ) (၅)

တစ်မျိုးက အမြန်စစ်တဲ့ ကိရိယာ (rapid test) နဲ့ စစ်ဆေးခြင်း၊ ဒါက နာရီဝက်အတွင်းမှာ ပိုးရှိ/မရှိကို အဖြေပေးနိုင်ပါတယ်။ ၉၄-၉၉ ၇ာခိုင်နှုန်း စိတ်ချရပါတယ်။ ဒီ စစ်ဆေးခြင်းက နယ်တွေမှာလည်း လုပ်လို့ရပါတယ်။ ဒီမှာ စစ်လို့ Positive/Reactive ဆိုတဲ့ အဖြေရမှ (ဒီအခြေအနေအထိ စစ်တဲ့ လူမှာ ပိုးရှိ/မရှိကို မပြောနိုင်သေးပါဘူး။ ဒါကြောင့်) သေချာအောင် အခြား စစ်ဆေးခြင်းတစ်မျိုး (ELISA/Westernblock) နဲ့ ထပ်စစ်ရပါတယ်။

13
Nov

သားအိမ်အဝ

သားအိမ်ဝဟာ မဟဘဲ ပိတ်ထားသလိုနေပေမဲ့ မျက်စိနဲ့ မမြင်နိုင်အောင်သေးတဲ့ ပိုးတွေ ကောင်းကောင်း ဝင်နိုင်တယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆိုရင် ကလေးက ရေမွာအိပ်ထဲနေလို့ လုံခြုံတယ်။ ရေမွာ အိတ်စောပေါက်သူတွေကို မြန်မြန် မွေး လာအောင် လုပ်ပေးရတယ်။ အချိန်ကြာရင် ပိုးဝင်တာနဲ့ အာဟာရနည်းတာ ကလေးမှာဖြစ်လာစေနိုင်တယ်။

28
Oct

HIV ပိုးနဲ့ မွေးလာခဲ့တဲ့ ကလေးမလေး တစ်ယောက် ရောဂါပျောက်

ကျွန်မ သူငယ်ချင်း တစ်ယောက် လွန်ခဲ့တဲ့ ၇ နှစ်လောက်က HIV positive ဖြစ်ပါတယ်။ နောက် ဆေး မှန်မှန်သောက်ရင်း မနှစ်က ဆေးစစ်တော့ HIV negative ဖြစ်နေ ပါတယ်။ ထပ်ခါထပ်ခါ စစ်တာလဲ ဒီအဖြေ ပါပဲ။ သူ့ အမျိုးသမီးကလဲ negative ပါပဲ ဆရာ။ HIV ကို ပျောက်နိုင်တဲ့ ဆေးမရှိဘူးလို့ သိထားတော့ ဒါက ဘယ်လိုဖြစ်တာပါလဲ။

26
Oct

HIV ပိုး ရှိမရှိ သေချာစေလို (အမေးအဖြေ) (၄)

သူ့ဆီက ထွက်တဲ့ မိန်းမ အရည်က ကွန်ဒုံးအဆုံး လိင်တံ အရင်းအသားမှာ စိုနေပါတယ်။ ပြီးပြီးချင်းတော့ ရေဆေး ပါတယ်။ အဲ့ဒီလို အသားမှာ စိုတာကကော HIV/AIDS ကူးဆက်နိုင်ပါ သလား။ အဲ့ဒီနောက်ပိုင်း ၂ ပတ်အကြာလောက် ပေါင်ကြားမှာ ယားပြီးတော့ ပူနေပါတယ် (အရေပြား အပူလောင် သလိုမျိုး) အဲ့ဒါ ဘာဖြစ်တာလဲ သိပရစေ။

19
Oct

HIV ပိုး မရှိတာ သေချာစေလို (၃) (အမေးအဖြေ)

မှာချင်တာကတော့ နီးစပ်ရာ ဆရာဝန်နဲ့ ပြသပါ။ ယားတဲ့ လိင်တံနေရာကို လက်နဲ့ကို မကုတ် မိပါစေနဲ့။ လိင်တံ သန့်ရှင်းရေး ဂရုစိုက်ပါ။ အတွင်းခံဘောင်းဘီ ကို သေသေချာချာ လျှော်ပြီ မီးပူတိုက်ပြီးမှ ၀တ်ပါ။ တစ်ခါတစ်လေ အတွင်းခံမသန့်ရင် လိင်တံမှာ ယားနာဖြစ်တတ်ပါတယ်။ အသုံးပြုတဲ့ ရေ မသန့်ရင်လည်း ယားနာဖြစ်တတ်ပါတယ်။ ပုံမှန်စွဲသောက်နေတဲ့ ပိုးသတ်ဆေးတွေရှိရင် ရပ်ပါ။

10
Oct

HIV ကူးစက် ခံနေရပြီလား (၃) (အမေးအဖြေ)

HIV ပိုးအတွက် သွေးစစ်မယ်ဆိုရင် အန္တရာယ်ရှိတဲ့ အပြုအမူ (ဥပမာ – အကာကွယ်မပါဘဲ လိင်ဆက်ဆံခြင်း၊ သွေး သွင်းခြင်း၊ ဆေးထိုး အပ်မျှဝေသုံးစွဲခြင်း…) ကို ပြုလုပ်ပြီး အနည်းဆုံး ၃ လနေမှ စစ်ဆေးတာက အဖြေ အတွက် စိတ်ချရပါတယ်။ ၃ လ အကြာစစ်လို့ ပိုးမရှိကြောင်း အဖြေထွက်ရင် နောက် ၆ လမှာ သေချာအောင် ထပ်စစ်နိုင်ရင် ပိုကောင်းပါတယ်။ ပိုစိတ်ချရအောင်ပါ။ သွေးမစစ်ခင် ကြားထဲ အချိန်မှာတော့ အထက် ကပြောခဲ့တဲ့ အပြုအမူတွေ ကို ရှောင်ရပါမယ်။ သွေးစစ်တာကတော့ အစိုးရဆေးရုံး၊ အန်ဂျီအိုဆေးခန်း၊ ပြင်ပ ပုဂ္ဂလိကဆေးခန်းတွေမှာ စစ်နိုင်ပါတယ်။

5
Oct

HIV ပိုး ရှိ၊ မရှိ သေချာစေလို (အမေးအဖြေ) (၂)

Rapid Test မှာ မိတ်ဆွေစစ်ခဲ့တဲ့ Strip test တွေနဲ့ စစ်ပါတယ်။ ဒီလို စစ်တာက အချိန်တိုအတွင်း ပိုးရှိ/မရှိကို သိနိုင်ပါတယ်။ ငွေကုန်ကြေးကျလည်း နည်းပါတယ်။ ဒီ Strip တွေက အဖြေမှန်ကန်မှု ၉၅-၉၈% ကျော် ရှိပါတယ်။ ဒီမှာစစ်လို့ Negative ဆိုရင် စိတ်ချရပါတယ်။ ဒီမှာ စစ်လို့ Positive ပြရင် ဒုတိယ အဆင့် Confirmatory Test ကို ဆက်ပြီး စစ်ရပါတယ်။

4
Oct

HIV ရောဂါရှိသူများ ကလေးယူလို့ရပါသလား (အမေးအဖြေ)

အမျိုးသားမှာ ပိုးရှိပြီး အမျိုးသမီးမှာ ပိုးမရှိဘူးဆိုရင် ကလေးယူတဲ့အခါ အမျိုးသမီးကိုပါ ပိုးကူးစက်နိုင်ပါတယ်။ ဒီအခါမှာလည်း ကလေးမယူသင့်ပါဘူး။ အမျိုးသမီး တစ်ဦးတည်းမှာ ပိုးရှိရင်တော့ ကလေးယူတဲ့ အခါ မိခင်ကနေ ကလေးကို HIV ပိုးမကူးအောင် သေသေချာချာ ဂရုစိုက်ပြီး ကာကွယ်ကြရပါမယ်။

30
Sep

HIV-AIDS မေးခွန်းများ

ဗိုင်းရပ်အမျိုးအစားက လူတကိုယ်လုံးမှာ နေရာရွေးတယ်။ HIV viruses တွေ ကိုယ်ထဲဝင်လာတာနဲ့ မျိုးပွါးဘို့လုပ်တယ်။ အရေအတွက် များလာချိန်မှာ WBC သွေးဖြူဥတွေကိုလဲ တိုက်ခိုက်တယ်။ သွေးဖြူဥဆိုတာ ကိုယ့်ရဲ့ ကိုယ်ပိုင် စစ်သားတွေ ဖြစ်လို့ ဗိုင်းရပ်စ်တွေက တိုက်ခိုက်တာခံရပြီး နည်းလာတာနဲ့ ကိုယ့်ခုခံအားတွေ ကျဆင်းလာတယ်။ တော်တော်တန်တန် ရောဂါ ဥပမာ အအေးမိတာ၊ ဝမ်းလျှောတာမျိုးကအစ မခံနိုင်ဖြစ်လာတယ်။

27
Sep

HIV Determine Strip

လွန်ခဲ့တဲ့ သုံးလကျော်ကျော်လောက်ကတော့ အပျော်အပါး လိုက်စားမိပါတယ်။ အဖော်တော့ သုံးပါတယ်။ ခုအရေပြား (ခြေသလုံး နှင့် လက်ဖြန်) မှာ ယားနာ လိုလိုပေါက်နေ ပါတယ်။ တစ်ကိုယ်ရည် သန့်ရှင်းရေးလဲ နေ့တိုင်း လုပ်ပါတယ်။ ဒါနဲ့ ကျနော် သွေးစစ်ကြည့်ပါတယ်။ အဖြေမှာတော့ မရှိဘူး (non-reactive) လို့ရေးထားပါတယ်။

23
Sep

HIV ကူးစက် ခံနေရပြီလား (၂) (အမေးအဖြေ)

သွေးစစ်တာကို အန်ဂျီအိုဆေးခန်းတွေ၊ ပြင်ပ ပုဂ္ဂလိက ဆေးခန်းတွေနဲ့ အစိုးရ ဆေးရုံတွေမှာ စစ်နိုင်ပါတယ်။ အရေးကြီးတာက သွေး မစစ်ခင်မှာ နှစ်သိမ့် ဆွေးနွေးမှု လုပ်ဖို့လိုပါတယ်။ အများအားဖြင့် ဒီလိုလုပ်တာမျိုးက အန်ဂျီအိုတွေက ဖွင့်ထားတဲ့ ဆေးခန်းတွေ (ဥပမာ- AZG သဇင်ဆေးခန်း၊ PSI ရဲ့ QC ဆေးခန်း… စတာတွေ) မှာ လုပ်ပေး ပါတယ်။ အသေးစိတ် လိပ်စာတွေကို ကျနော်တို့ website (ရန်ကုန်ရှိ မေးမြန်းဆွေးနွေးနိုင်သော၊ သွေးစစ်နိုင်သော လိပ်စာနှင့် ဖုန်းနံပါတ်များ – http://www.hivinfo4mm.org/%E1%80%9B%E1%80%94%E1%80%B9%E1%80%80%E1%80%AF%E1%80%94%E1%80%B9%E1%80%9B%E1%80%BD%E1%80%AD-%E1%80%B1%E1%80%99%E1%80%B8%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%B8%E1%80%B1%E1%80%86%E1%80%BC%E1%80%B8/) မှာ ရယူပါခင်ဗျာ။

20
Sep

ရာသီအကြောင်း (၂)

အများဆုံး ဖြစ်တာက Ovulation bleeding မျိုးဥထွက်ချိန်မှာ သူဖြစ်လာရာအိတ် Follicle ကနေ မျိုးဥ ပေါက်ထွက် ချိန်မှာ ဖြစ်တယ်။ ၂-၃ နာရီလောက်ကနေ ၁-၂ ရက်အထိ ကြာတတ်တယ်။ တချို့မှာ နာတာနဲ့ တွဲနေတယ်။ မျိုးဥထွက်ခါနီး (အီစထိုဂျင်) ဟော်မုန်း များ-နည်းရာကနေ သားအိမ် အတွင်း နံရံပါးလို့ ဆင်းတာပါ။ ဒါ့ကြောင့်ဆိုရင် Estrogen ပေးလို့ ပျောက်တယ်။

Follow me on:

Back to Top