HIV ပိုးကူးစက်ခံထားရသူတွေလို့ ပြောလိုက်တာနဲ့ ဒီနေ့ခေတ်မှာ သိပ်ရေပန်းမစားလှတဲ့ ရိုးအီနေတဲ့ အကြောင်းတွေပဲ များပါ လိမ့်မယ်။ ပြီးတော့ HIV ကူးစက်ခံထားရသူတွေရဲ့ အရေးကိစ္စတွေဟာ ဒီနေ့မှာ လူတော်တော် များများ မေ့မေ့ပျောက်ပျောက် ရှိနေလောက်ပါပြီ။ ဒါပေမဲ့ သူတို့ရဲ့ ဘ၀တွေ၊ နောက်ထပ် နေထိုင်သွားရမဲ့ သူတို့ရဲ့ လက်ကျန် အချိန်တွေနဲ့ ပတ်ဝန်းကျင်တွေမှာ ဘယ်လိုအသက်ရှင် နေထိုင်ကြ သလဲ။ သူတို့ရဲ့ ပြောရေး ဆိုခွင့်ဆိုတာ ဘယ်နေရာ ရောက်နေပြီလဲ။
ဆေးမသောက်ရင် ဘယ်လို ဆိုးကျိုးတွေ ဖြစ်နိုင်ပါသလဲ (အမေးအဖြေ)
HIV ပိုး ရှိနေသူတွေမှာ စီဒီဖိုး အရေအတွက် ကျဆင်းလာတာနဲ့ အမျှ ခုခံအား ကျဆင်း လာပါတယ်။ ဒီအခါမှာ ပြင်ပက အခွင့်ကောင်းစောင့် ရောဂါတွေဖြစ်တဲ့ တီဘီရောဂါ၊ ရေယုံ၊ ၀မ်းပျက်ဝမ်းလျှော၊ မက်ခရု စတာတွေ ဖြစ်တတ်ပါတယ်။ သာမန်လူမှာ ကုရလွယ်ပေမယ့် HIV ရှိသူတွေမှာ ခုခံအား ကျနေတော့ ဒီရောဂါတွေက ကုရတာ အချိန် ပိုယူရ ပါတယ်။ နောက်ဆုံး ဘာဆေးမှ မသောက်ပဲ နေရင် ခုခံအား လုံးဝကျသွားတဲ့ အဆင့် AIDS အဆင့် ရောက်သွားရင် အိပ်ယာထဲ လဲသွားနိုင်ပါတယ်။ ဒီအခါမှ ရောဂါ သည်လို ဖြစ်သွား မှာပါ။
ART ဆေး ပြောင်းသောက်သင့် သလား (အမေးအဖြေ)
ဆေးပြောင်း/မပြောင်း အကြံမပေးခင်မှာ ကျနော်တို့ ဘက်က သိချင်တာလေးတွေ ရှိပါတယ်။ (၁) လက်ရှိမှာ မိတ်ဆွေက ART ဆေးကို ကိုယ်ပိုင် ၀ယ်သောက်နေတာလား (သို့) အန်ဂျီအိုတွေကနေ ဆေးရရှိနေတာလား။ (၂) ART ဆေးသောက်ပြီးတည်းက ဘယ်ဆရာဝန်နဲ့ ပုံမှန်ပြပါသလဲ။ ဆိုလိုတာက မိသားစု ဆရာဝန်နဲ့ တိုင်ပင်တာလား (သို့) အန်ဂျီအိုက ဆရာဝန်နဲ့လား (သို့) HIV specialist ဆရာဝန်နဲ့ ပြတာလား။
HIV (သို့မဟုတ်) HPV ကူးစက်ခံနေရပြီလား (အမေးအဖြေ) နောက်ဆက်တွဲ
HIV ပိုး ရှိတဲ့ လူနာ တွေမှာ အရေပြား ပြဿနာတွေ ဖြစ်တယ်လို့ ကြားဖူးပါတယ်။ ဘယ်လို အရေပြား ပြဿနာတွေ လည်းဆိုတာ ဗဟုသုတ အနေနဲ့ ရှင်းပြပေး ပါလား။ နောက်ပြီး ကျနော်က ဆေးလိပ် သောက်တတ်ပါတယ်။ အရင်က မမောတတ်ပါဘူး၊ အခုနဲနဲလေး လှုပ်ရှားတာနဲ့ မောသလို ဖြစ်ပါတယ်။ ကိုယ်အလေးကလည်း တတ်လာတယ်ဆိုတော့ သို့လောသို့လော အတွေးမျိုးစုံနဲ့ပါ။
HIV (သို့မဟုတ်) HPV ကူးစက်ခံနေရပြီလား (အမေးအဖြေ)
အခုပြောပြတဲ့ ရောဂါ လက္ခဏာတွေက allergic dermatitis လို့ခေါ်တဲ့ အရေပြားနဲ့ ဓာတ်မတည့်တဲ့ ပုံစံတူနေပါတယ်။ အရေပြားနဲ့ မတည့်တဲ့ ဓာတုပစ္စည်းတွေ၊ ပိုးသတ်ဆေးတွေ၊ မှိုပိုးတွေ၊ ဖုန်မှုန့်တွေ စတာတွေက အရေပြားမှာ အဖုတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါက HIV ပိုးရှိတဲ့ လက္ခဏာတွေထဲမှာ မပါဝင်ပါဘူး။ သာမန် အရေပြား ရောဂါဖြစ်ဖို့ များပါတယ်။ ဒါကြောင့် နီးစပ်ရာ အရေပြားဆရာဝန်နဲ့ တိုင်ပင်စေချင် ပါတယ်။
ART ဆေး သောက်ရရင် (အမေး အဖြေ)
အေအာတီဆေးတွေက ပထမဆုံး စသောက်ရင် ဆေးနဲ့ ကိုယ်နဲ့ မတည့်တာမျိုး လူနာတွေမှာ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ပထမဆုံး စသောက်တဲ့ ကာလ (၆) လ အတွင်းမှာ အထူး ဂရုစိုက်ပြီး ဆေး မတည့်တာတွေ ရှိ/မရှိ လေ့လာရပါတယ်။ လူတိုင်းမှာတော့ မဖြစ်ပါဘူး။ ဖြစ်ခဲ့ရင် တစ်ချို့လူတွေမှာ အသည်းရောင်ပြီး အသက်သေဆုံးတဲ့ အထိ ဖြစ်တတ်လို့ အေအာတီဆေး စသောက်ခါစမှာ လူနာနဲ့ ဆရာဝန်နဲ့ အမြဲ တိုင်ပင်ထိတွေ့ဖို့ လိုပါတယ်။
သေမင်းတမန် HIV/AIDS ရောဂါ သိမှတ်ဖွယ်ရာ (ဒေါက်တာ သန်းစိန်နှင့် တွေ့ဆုံခြင်း)
HIV ပိုး ရှိပြီးသား အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် ကာလမှာပင် သူတို့ရဲ့ ကလေးကို ကူးစက်မှု လျော့နည်းအောင် လုပ်နိုင်ပေမဲ့ နှစ်စဉ် မိမိကိုယ်ထဲမှာ HIV ပိုး ရှိပြီးသား မိခင်က မွေးလိုက်တဲ့ ကလေးများမှာ ပိုးရရှိနေပြီးသား ၅ဝဝဝ မှ ၁ဝဝဝဝ လောက် ရှိမယ်လို့ ခန့်မှန်း ထားပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ကာလမှာ ရောဂါပိုး တွေ့ပြီး ဆေးဝါး စနစ်တကျ ကုသနိုင်တယ် ဆိုရင် မိခင်က ကလေးကို ကူးစက်မှု သက်သာ သွားနိုင်ပါတယ်။
ကိုယ်ဝန်ရှိခြင်း လက္ခဏာ (၂၅)
ရာသီလာရမဲ့ရက် မရောက်ခင် စမ်းလို့ Positive ပြနိုင်တယ်။ ရာသီလဲ မလာ၊ ဆီးစစ်တော့ မတွေ့ရင် ၂-၃-၄ ရက် စောင့်ပြီး ထပ်စစ်ပါ။ တချို့ဆေးညွှန်းတွေက ၇ ရက်တပတ် စောင့်ခိုင်းတယ်။ ၇ ရက်အကြာ တခါထပ်စစ်လို့ Negative အနုတ် ဖြစ်နေမယ်၊ ရာသီလဲ မလာသေးရင် ဆရာဝန်က စမ်းဘို့ လိုမယ်။
မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း
Vaginal Infections မွေးလမ်းကြောင်းရောင်တာက သန့်ရှင်းရေး နည်းလို့လည်း ဖြစ်တတ်တယ်။ ပိုးက အဝတ်စိုလိုမျိုးမှာ ၁ နာရီလောက် ရှင်နေနိုင်လို့ အတူသုံးမိရင် ကူးနိုင်တယ်။ ဖိုဆိုရင် ယင်ဖိုတောင် မသန်းဘူးတဲ့ အမျိုးသမီးများ မှာတောင်မှ ဗက်တီးရီးယား အရေအတွက် အပြောင်းအလဲကြောင့် ဖြစ်ရတတ်တယ်။ (ဗဂျိုင်းနား) သန့်ချင်လို့ ပိုးသန့်ဆေးပါတဲ့ ဆေးရည်သုံးရင် ဖြစ်တာမျိုး ပြောတာပါ။ အဲလိုဆေးရည်ကို ဆရာဝန် မညွှန်ဘဲ မသုံးပါနဲ့။
လိင်လမ်းကြွက်နို့ (အမေးအဖြေ)
Pordophylline ဆေးကို တစ်နေ့ တစ်ခါ တို့ပေးဖို့ ပြောပါတယ်။ ပထမတစ်ရက် တို့တာတော့ အဲ့ဒီ အရာတွေက မည်းပြီး ကြွေကြသွားပါတယ်။ ဒုတိယ တစ်ရက်တို့တော့ သွေးတွေ ထွက်လာပါတယ်။ ကျွန်မ သိချင်တာက ဆက်ပြီး တို့လို့ရမရ ဖြေကြားပေးစေချင်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးလည်း ထိုးထားပါတယ် ဆရာ။
HIV ကူးစက် ခံနေရပြီလား (အမေးအဖြေ)
HIV ပိုးရှိတယ် ဆိုတာနဲ့ ဆေးသောက်ဖို့ မလိုသေးပါဘူး။ လိုအပ်တဲ့ အခါမှ ဆေးသောက် ရပါတယ်။ သောက်ရတဲ့ ဆေး ကို ART (anti-retrovial therapy) လို့ခေါ်ပါတယ်။ အေအာတီ ကုထုံးလို့ လူသိများပါတယ်။ ဒီဆေးကို မိမိသဘောနဲ့ မသောက်သင့် ပါဘူး။ တတ်ကျွမ်းတဲ့ ဆ၇ာဝန်နဲ့ သေသေချာချာ စစ်ဆေး တိုင်ပင်ပြီးမှ သောက်ရတာပါ။
အမေးအဖြေ (၁၃၈) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)
ကျနော့်မှာ ပိုးရှိသလားလို့ပါ။ လွန်ခဲ့တဲ့ ၁ နှစ်တုန်းက ဆေးရုံမှာ ခွဲစိတ်မှု တစ်ခုလုပ်တော့ ဆေးစစ်ရပါတယ်။ အဲဒီဆေးရုံမှာ ဆေးစစ်တော့ result ကိုတိတိကျကျ နားမလည်လို့ပါ။ HIV Ab ဆိုတဲ့နေရာမှာတော့ non လို့ရေးထားတော့ ပိုးမရှိဘူးလို့ ယူဆရမှာလား ဆရာ။ အဲဒီတုန်းက ပိုးရှိ ခဲ့ရင် ဆေးရုံက ပြောမယ်လို့ ကျနော် ထင်ပါတယ်။ အဲဒါကို သိချင်တာပါ။

Follow me on: