ကျွန်တော့်အမျိုးသမီးမှာ ကိုယ်ဝန်ရှိနေပါတယ်။ သူနဲ့ လိင် မဆက်ဆံရတာ နှစ်လသုံးလလောက်ကြာတော့ မာဆက်က ကောင်မလေးနဲ့ ဆက်ဆံဖြစ်ပါတယ်။ အဲ့ဒီမှာ ဆက်ဆံပြီးမှသိရတာက အဲ့ဒီကောင်မလေးက ရာသီလာနေတဲ့ အချိန်ဖြစ်နေပါတယ်။ ကျွန်တော် တော်တော်ကြောက်သွားတယ်။ သူနဲ့ဆက်ဆံတုံးကတော့ ကွန်ဒုံး သုံးထား ပါတယ်။ ဒါပေမဲ့စိတ်ထဲမှာ အခုချိန်ထိ မသန့်ဖြစ်နေပါတယ်။ အဲ့ဒီကောင်မလေးမှာ AIDS ရှိနေမယ်ဆိုရင် ကျွန်တော့ကို ကူးနိုင်ပါလားခင်ဗျာ။
HIV ပိုး၊ ART ကုထုံး နှင့် ရေလိုက်ငါးလိုက်
ဒီ ART ကုထုံးပြောင်းလဲမှုက ကလေးငယ်တွေ၊ မူးယစ်ဆေးဝါး ထိုးသွင်း သုံးစွဲသူတွေ၊ လိင်တူခြင်း ချစ်သူ အမျိုးသား/ အမျိုးသမီးတွေနဲ့ လိင်လုပ်သားတွေ အတွက်တော့ ဥပဒေရေးရာ၊ ယဉ်ကျေးမှုဆိုင်ရာ ကိစ္စတွေက သူတို့ကို ART ဆေး ရနိုင်မှု အခွင့်အလမ်း နည်းပါးစေတယ်လေ။ ဆေးသောက်လက်စ တစ်ဝက်တစ်ပျက်နဲ့ ကုထုံး မပြီးမြောက်တဲ့ လူတွေ အတွက်လည်း စိန်ခေါ်မှုလေးတွေ ရှိနေတယ် အဘ။
ART ဆေး သောက်ချိန် နောက်ကျသွားလို့ (အမေးအဖြေ)
ဘေးထွက်ဆိုးကျိုးက ဆေးနဲ့ မတည့်ရင် ဖြစ်တာပါ။ ဆေးယဉ်ပါးတာက ဆေးကို တစ်ပတ်သောက်လိုက် ကြားထဲမှာ မသောက်ပဲနေလိုက်။ နောက် တစ်ပတ် ပြန်သောက်လိုက် ပြန်ဖြတ် ထားလိုက် လုပ်ရင် ဖြစ်တတ်ပါတယ်။ မိတ်ဆွေက အခု ပုံမှန် သောက်နေတဲ့ အတွက် ဆေးယဉ်ပါးမှု အတွက် စိတ်မပူပါနဲ့။ ဘေးထွက် ဆိုးကျိုးကတော့ ဆေးသောက်ပြီး နှစ် အတော်ကြာမှ သိရပါတယ်။ ဆေးနဲ့ မတည့်ရင်တော့ ၇က်ပိုင်း အတွင်း သိသာပါတယ်။
ကာလသား ရောဂါများလား၊ ကုရင် အမြစ်ပြတ် ပျောက်ကင်းနိုင်ပါသလား (အမေးအဖြေ)
လိင်အင်္ဂါကို ပါးစပ်နဲ့ ဆက်ဆံရင် ကာသလားရောဂါ ကူးပါတယ်။ ပါးစပ်မှာ နှုတ်ခမ်းမှာ လျှာမှာ သွားဖုံးမှာ ကူးနိုင်ပါတယ်။ ပိုးအပေါ်မူတည်ပြီး ကုသရတာ ကွဲပြားပါတယ်။ မကုသမီ သွေးစစ်ရပါတယ်။ သွေးအဖြေရမှ သက်ဆိုင်ရာရောဂါကို ကုသလို့ရပါတယ်။
အကာကွယ်မဲ့ လိင်ဆက်ဆံပြီး နောက်ပိုင်း အင်္ဂါမှာ အဖုလေးတွေ ပေါက်လာလို့ (အမေးအဖြေ)
မိတ်ဆွေအနေနဲ့ အပြင်မိန်းကလေးနဲ့ အတူနေစဉ်မှာ အကာကွယ် မပါတဲ့ အတွက် လိင်မှတဆင့် ကူးစက်တဲ့ ရောဂါတွေ ကူးစက်နိုင်ချေ ရှိပါတယ်။ ကူးစက်နိုင်တာတွေကတော့ အိတ်အိုင်ဗွီ၊ ကာသလားရောဂါ နဲ့ အသည်းရောင် အသားဝါ ဘီ၊ စီ စတဲ့ ပိုးတွေ ဖြစ်နိုင်ပါတယ်။ ဆိုလိုတာက အိတ်ခ်ျအိုင်ဗွီ မကူးဘူး ဆိုသည့်တိုင် ကာလသားရောဂါတွေ၊ အသည်းရောင် အသားဝါတွေ ကူးနိုင်ချေ ရှိပါသေးတယ်။ ကာလသားရောဂါ ဆိုတာ ရောဂါအမျိုး များစွာရှိပါတယ်။
အမျိုးသမီးအင်္ဂါ ပိုးဝင်တာလား (အမေး အဖြေ)
HIV ကူးစက်ရင် ဘာလက္ခဏာမှ သိသိသာသာ မပြပါဘူး။ ပိုးကူးစက်ခံရပြီး ၁ ပတ် ၂ ပတ်မှာတော့ တုန်ကွေးဆန်ဆန် ဖျားနာတာမျိုး ဖြစ်တတ်ပါယ်။ ဒါကို အတော်များများ သတိ မထားမိတတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ ခုခံအားက အဲဒီ အချိန်မှာ ကောင်းနေလို့ပါ။ ခုခံအားကောင်းနေသရွေ့ ဘာလက္ခဏာမှ မပြပါဘူး။ နှစ်နဲ့ချီပြီး သာမန်လူလိုပဲ နေနိုင် ပါတယ်။
CD4 စစ်ချင်တာ (အမေးအဖြေ)
CD4 ဆိုတာ လင်ဖိုဆိုက် (Lymphocytes) လို့ခေါ်တဲ့ သွေးဖြူဥ တစ်မျိုးဖြစ်ပြီး ကိုယ်ခန္ဓာ အတွက် ရောဂါ ပိုးမွှားတွေကို တိုက်ခိုက်ပေး ခုခံအား စနစ်မှာ ပါတဲ့ သွေးဖြူဥ တစ်မျိုးဖြစ်ပါတယ်။ လူတိုင်းမှာ CD4 ရှိပါတယ်။ သာမန်အားဖြင့် သွေးတစ်စက်မှာ CD4 cell အရေအတွက် ၅၀၀ မှ ၁၅၀၀ ကြား ရှိနိုင်ပါတယ်။ CD4 အရေအတွက် နည်းနေတယ်ဆိုတာ ကိုယ်ခံအား ကျတာကို ပြသပါတယ်။
ယောက်ျား ပြီးခြင်း (၁)
လိင်စိတ်ဝင်စားသူနှစ်ဦး အသားချင်း မထိတွေ့ရခင် ဆန္ဒဖြစ်ပေါ်လာတဲ့အခါ အင်္ဂါစိုစွပ်၊ သန်မာ လာတာဟာ စိတ်ကြောင့် ဖြစ်လာတာပါ။ နောက်တဆင့် အင်္ဂါတွေ ထိတွေ့လာရင် ဆန္ဒဖြစ်ပေါ်မှု၊ အင်္ဂါစိုစွပ်မှု၊ အင်္ဂါသန်မာမှုတွေဟာ ပိုမို မြင့်မား လာစေတယ်။
ပါတ်ဝန်းကျင်ကနေ HIV ကူးသလား
HIV ပိုးဟာ သက်ရှိလူရဲ့ ကိုယ်ခန္ဓာ ထဲမှာသာ မျိုးပွါးခြင်းဖြစ်နိုင်တယ်။ ကိုယ်ခန္ဓာ အပြင်ရောက်သွားရင် မျိုးပွါးနိုင်စွမ်းနဲ့ ကူးစက်နိုင်စွမ်းဟာ မိနစ် အနည်းငယ်သာ ရှိတယ်။
လင်မယား ဆက်ဆံရေး မေးခွန်း (၃)
သူက စအိုဝနဲ့ အင်မတန်မှ လိင်ဆက်ဆံမှု ပြုလုပ် ချင်ပါတယ်။ သို့သော် သူ့အမျိုးသမီးမှ စအို လိင်ဆက်ဆံလျှင် HIV ပိုးရနိုင်သည်လို့ ပြောပါတယ်။ သူတို့နှစ်ဦးလုံး ပိုးမရှိပဲနဲ့ ဆက်ဆံရင်ကော ပိုးရနိုင်လို့လား။
HIV ပိုး ရှိ၊ မရှိ သေချာစေလို (အမေးအဖြေ)
တစ်ချို့က ၃ လကျော်လို့ သွေးစစ်ပြီး မရှိဘူးဆိုရင် မကူးစက်တော့ဘူးလို့ ထင်တတ် ကြပါတယ်။ တကယ်တော့ သေချာချင်ရင် ၆ လ အထိ စောင့်ပြီး သွေးစစ်သင့်ပါတယ်။ အဲဒီ ၃ လနဲ့ ၆ လကြားမှာ အထက်ကပြောခဲ့တဲ့ အပြုအမူတွေကို လုံးဝ ရှောင်ကြဉ်သင့်ပါတယ်။
သွားကြားထိုးတန် ဆူးရာကနေ HIV ကူးစက် တတ်ပါသလား
HIV ပိုးပါတဲ့ သွေးတစ်စက်က ကားလမ်းမပေါ် ကျတယ်ဆိုပါစို့။ ဒါဆိုရင် ဒီသွေး တစ်စက်က ပြင်ပ အပူချိန်ကြောင့် အမြန်ခြောက်သွားရင် ပိုးလည်း သေသွားနိုင် ပါတယ်။ အဲဒီသွေးက အဲယားကွန်းရှိတဲ့ အခန်းထဲမှာ ကျနေတယ် ဆိုရင်တော့ အခန်းက အေးနေတော့ သွေးလဲ ခဲနေနိုင်ပြီး ပိုးအတွက် အသက်ရှင်ဖို့ အချိန်နည်းနည်း ပိုရမှာပါ။ HIV ပိုးက အေးခဲထားတဲ့ သွေး ခဲတွေ၊ သွေးအိတ်တွေမှာ ရက်ပိုင်းအထိ အသက်ရှင်နေနိုင်ပါတယ်။

Follow me on: