ခန့်မှန်းလို့လည်း သိပ်တော့ မလွယ်ဘူး။ ဒါပေမယ့် ဒီကိစ္စမှာ ထည့်ပြီးတွက်ရမယ့် အကြောင်းအခြင်းရာ တချို့တော့ ရှိနေပါတယ်။ AIDS ဟာ သန်တုန်း မြန်တုန်းဖြစ်တဲ့ တိုင်းပြည်တစ်ပြည်ရဲ့ ထုတ်လုပ်မှု စွမ်းအင်လို့ ခေါ်ရမယ့် လူငယ်လူရွယ်တွေမှာ ဖြစ်တယ်။ ဒီတော့ လူတွေဟာ အသက်ခပ်ငယ်ငယ်မှာ သေကုန်ကြရင် တိုင်းပြည်တစ်ပြည်ရဲ့ ထုတ်လုပ်မှု စွမ်းအားနဲ့ ဝင်ငွေ ဘယ်လိုဖြစ်သွားမလဲ။
AIDS ရဲ့ ဂယက် (၈)
အချမ်းသာဆုံး အမေရိကန်ရဲ့ လူနည်းစုတွေဟာ တတိယ ကမ္ဘာလို့ခေါ်တဲ့ မဖွံ့ဖြိုးသေးတဲ့ အခြေအနေ လူနေမှု အဆင့်မှာပဲ ရှိနေသေးတယ် ဆိုတာကို ပြနေတာပါပဲ။ ဒါကြောင့် ဖွံ့ဖြိုးစ တိုင်းပြည်တွေ အထူးသဖြင့် မြန်မာလို ဖွံ့ဖြိုးမှုကို ဖြုန်းခနဲ ဒိုင်းခနဲ အရှိန်ခပ်ပြင်းပြင်းနဲ့ လုပ်ကြမယ့် နေရာတွေမှာ ချမ်းသာတဲ့ လူတွေဟာ သိသိသာသာ ပိုပြီး ချမ်းသာကြပြီး ဆင်းရဲတဲ့ သူတွေဟာ ပိုပြီး ဆင်းရဲလာလို့ ကွာဟချက်ဟာ ကြီးသထက် ကြီးလာမှာပဲ။
AIDS ရဲ့ ဂယက် (၇)
ကလေးမှာ AIDS မပါလာဘူး၊ မရှိဘူးဘဲ ထားဦး၊ (AIDS ရှိသူ အမေတစ်ယောက်ကမွေးတဲ့ ကလေးများမှာ ပျမ်းမျှအားဖြင့် ၄၀-၅၀ % လောကက်မှာ AIDS ပါလာနိုင်တယ်) AIDS ဖြစ်နေသူ မိဘတွေဟာ ငယ်ရွယ်သူတွေဖြစ်ပြီး ငယ်ငယ်နဲ့ပဲ သေကုန်ကြတော့ သူတို့ကလေးတွေဟာ မိဘမဲ့တွေ ဖြစ်လာကြတယ်။ နယူးယောက်မြို့မှာဆိုရင် ၁၉၉၀ ခုနှစ်နောက်ပိုင်းမှာ AIDS ပိုးမရှိဘဲ ကျန်းကျန်းမာမာ ရှိနေတဲ့ ကလေးပေါင်း ၇၅၀၀၀-၈၅၀၀၀ ဟာ သူတို့ရဲ မိဘတွေ AIDS နဲ့ သေကုန်ကြပြီ ဖြစ်လို့ မိဘမဲ့ ဖြစ်ကြရမယ်။
AIDS ရဲ့ ဂယက် (၆)
AIDS ဟာ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝကို အဘက်ဘက်က ထိနိုင်တဲ့ ရောဂါပါ။ (နာတာရှည် ကူးစက်ရောဂါလည်း ဖြစ်ပြီး လူမှုရေးကိုလည်း ထိခိုင်တယ်။) လူအဖွဲ့အစည်းမှာ အမျိုးသမီးတွေဟာ ဘယ်လိုဘက်စုံ ပါနေရသလဲဆိုတာ တွေးကြည့်ရင် သိသာမှာပါ။ မိသားစုအတွက် ငွေကြေး မရှာရသည့်တိုင် (အခုခေတ်မှာတော့ အများစုဟာ ရှာကြရပါတယ်) အိမ်မှာ ယောက်ျားကအစ သားသမီး မိဘ အတူနေဆွေမျိုး စသည်တို့ကို ပြုစုစောင့်ရှောက်မှု ပေးခြင်း၊ အိမ်မှုကိစ္စအဝဝကို ဆောင်ရွက်ခြင်း၊ နှစ်သိမ့်မှု ပညာပေးမှုကို ပြုရခြင်း စသည်တို့ကို မအားအလပ် လုပ်နေရတဲ့ စောင့်ရှောက်မှု မျိုးစုံကို ပေးသူပါ။
AIDS ရဲ့ ဂယက် (၅)
လူဆင်းရဲ အုပ်စုမှာ ပါဝင်နေသူ အများစုကတော့ အမည်းတွေနဲ့ လက်တီနို လို့ ခေါ်တဲ့ စပိန်စကားပြောတဲ့ အနီးပတ်ဝန်းကျင် တိုင်းပြည်တွေ ကနေပြီး အမေရိကန်မှာ လာနေကြသူတွေပဲ။ အမေရိကန် အဖြေူတွေ (လူကြီးတွေ၊ ကလေးတွေမပါ) ထဲမှာဆိုရင် AIDS ရောဂါ ဖြစ်နှုန်းဟာ လူဦးရေ တစ်သန်းမှာ ၁၈၉ ယောက်ရှိတယ်။ အမည်းတွေမှာဆိုရင် ၅၇၈ ယောက်ဖြစတယ်။ “လက်တီနို” တွေထဲမှာ ၅၆၄ ယောက် ရှိတယ်။ ဒီတော့ အကြမ်းအားဖြင့် ဆိုရင် အမည်းတွေနဲ့ လက်တီနိုတွေမှာ AIDS ဖြစ်နှုန်းဟာ အဖြေူတွေထက် ၃ ဆလောက် ရှိတယ်။ မိန်းမတွေမှာ ပိုပြီး အဖြစ်ဆိုးသေးတယ်။
AIDS ရဲ့ ဂယက် (၆)
တစ်ခါက ဒီဆန္ဒပြသူတွေကို လူစုခွဲရာမှာ ပုလိပ်တွေက ဒီဂေးတွေ AIDS ရောဂါရှိသူတွေ ဆိုပြီး လက်အိတ်ကြီးတွေစွပ်ပြီး ကိုင်ကြတယ်။ PWA (Persons with AIDS) (AIDS ရှိသူများ) ဆိုတဲ့ အုပ်စုတွေကလည်း AIDS ရောဂါနဲ့ ပတ်သက်တဲ့ အစည်းအဝေးတွေ လုပ်ပြီဆိုရင် ဆန္ဒပြ ကြတယ်။ AIDS သုတေသနလုပ်ဖို့အတွက် ဘဏ္ဍငွေများများ ထုတ်ပေးဖို့၊ သူတို့ လူမှုအခွင့်အရေး မဆုံးစေဖို့ စတဲ့ တောင်းဆိုမှုတွေ တောင်း ကြတယ်။ အမေရိကန်မှာဆိုရင် သူတို့ဦးရေ များလာတာနဲ့ အမျှ စည်းရုံးရေးတွေလုပ်ပြီး နိုင်ငံရေး ဆွဲဆောင်မှု အာဏာကို စသုံးလာကြတယ်။
AIDS ရဲ့ ဂယက် (၅)
AIDS ရောဂါဟာ အထူးကူးစက်မြန် ရောဂါလို့ မသတ်မှတ်နိုင်ပါဘူး။ လူနာကို ထိရုံ သူ့ပစ္စည်းကိုင်ရုံနဲ့လည်း မကူးစက်နိုင်ဘူး။ လူလူချင်း ဆက်သွယ်ရေးမှာ ဆိုရင်လည်း လိင်စပ်ယှက်ခြင်း ကြောင့်သာလျှင် AIDS ကူးစက်နိုင်တာ။ ဒါပေမယ့် အထက်က တင်ပြခဲ့တဲ့ အတိုင်း ကွာရန်တိုင်းကို ကျင့်သုံးနေတဲ့ တိုင်းပြည်တွေ ရှိနေသေးပါတယ်။ ကျူးဘူးမှာဆိုရင် ဗိုင်ရပ်စ်စစ်လို့ ပိုးတွေ့နေသူတိုင်းကို “ကွာရန်တိုင်း” လုပ်ထားတယ်လို့ ဆိုတယ်။
AIDS ရဲ့ ဂယက် (၄)
တစ်နေရာမှာဆိုရင် AIDS ဗိုင်းရပ်စ် မရှိပေးမယ့် “ဂေး” ဆိုတာနဲ့ အလုပ်ဖြုတ်ပစ်တယ်။ ရဲတို့ မီးသတ်သမားတို့က AIDS လူနာကို မကိုင်တွယ်ချင်တာ၊ အလုပ်မလျှောက်ခင် AIDS ပိုး ရှိမရှိ စစ်ရမယ်လို့ ပြောတာ ရှိခဲ့တယ်။ ဘရာဇီးမှာ ဆိုရင် ဆေးရုံတစ်ခုက AIDS လူနာဆို မကုဘူးလို့ ငြင်းဆန်လို့ လူနာတွေ သေကြရတယ်တဲ့။
AIDS ရဲ့ ဂယက် (၃)
ဒီဗိုင်းရပ်စ်ပိုး ဘယ်လိုစတယ် ဆိုတာကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO) ရဲ့ ယူဆချက်ကိုတော့ အဖွဲ့ကြီးရဲ့နှစ်စဉ် ကျင်းပမြဲဖြစ်တဲ့ အစည်းအဝေးကြီး (၁၉၈၇ ခုနှစ်) မှာ တင်ပြခဲ့တယ်။ ဒါကတော့ AIDS ရောဂါပိုး ဖြစ်တဲ့ (HIV) အိပ်ခ်ျအိုင်ဗွီဟာ “သဘာဝ အလျောက် ပေါ်ထွန်းလာတဲ့ retro-virus (ရီတြိုဗိုင်းရပ်စ်) ဖြစ်ပြီး ပထဝီဒေသအရတော့ အဆုံးအဖြတ် မပေးနိုင်တဲ့ ဒေသက စတယ်” လို့ ဆိုတယ်။
AIDS ရဲ့ ဂယက် (၂)
ဆရာဝန်တွေ ထင်ယောင်ယောင် ရှိနေတာကို ထုံးစံအတိုင်း AIDS ရောဂါနဲ့ ပတ်သက်တဲ့ အသစ်အဆန်း သတင်း ငတ်နေကြသူ စာနယ်ဇင်း သမားတွေက ရေးကြီးခွင့်ကျယ် သတင်း တစ်ခုအဖြစ်နဲ့ ထည့်လိုက်တော့ ပြဿနာ တက်စရာ ဖြစ်လာတာပေါ့။ နောက်တစ်ခါပိုပြီး အထင်မှားစရာ ဖြစ်လာတာကတော့ AIDS ရောဂါပိုး သွေးစစ် သုတေသနက တွေ့ရှိချက်ပဲ။ အဲဒီ အချိန်လောက်မှာ AIDS ဗိုင်းရပ်စ်ပိုး ရှိ-မရှိ စစ်လို့ရလာတယ်။
AIDS ရဲ့ ဂယက် (၁)
AIDS ရောဂါ အစရှာပုံတော်ကို ဆက်ကြရရင် စာတွေ့သဘောနဲ့ ပြောရင်တော့ ရောဂါ အရင်းခံ အစကို ရှာမယ်ဆိုရင် ပထမဦးဆုံးသော လူနာ ဘယ်မှာလဲဆိုတာ ရှာလို့ ရရမယ်။ ဒါက စိတ်ရှည်လက်ရှည်နဲ့ နောက်ကြောင်းပြန်ကောက်ပြီး တစ်ဆင့်စီ တစ်ဆင့်စီ တစ်လှမ်းချင်း နောက်ပြန် ဆုတ်ပြီး ရှာရမှာ။ ရောဂါက ဘယ်လို ကူးစက်တယ်ဆိုတာကို သိရင် ဒီလို လုပ်လို့ ရမယ်။
AIDS နှင့် မြန်မာ (၇)
AIDS ဟာ ဂေးတွေ ဖြစ်တဲ့ ရောဂါပဲလို့ ထင်နေကြတုန်းပဲလား။ လွန်ခဲ့တဲ့ ၆-၇ နှစ်က နယူးယောက်မြို့မှ မူးယစ်ဆေးထိုးသူ လူငယ်တစ်ဦးကို AIDS အကြောင်း သိကောင်းစရာတွေ ပညာလာပေးတော့ ဟေ့ ကျွန်တော် ဂေး မဟုတ်ဘူး။ AIDS နဲ့ ပတ်သက်ပြီးတော့ O.K မှာ ပြနေတာလို့ ပြောတယ်။ သူ့အန္တရာယ် သူမသိဘူး။ ပညာပေးရာမှာလည်း ထိရောက်ဖို့ရာက နည်းပရိယာယ်တွေ သုံးရဦးမှာ၊ ပါးနပ်စွာနဲ့ လိုရာကို မရောက် ရောက်အောင် သိမ်မွေ့စွာ ချဉ်းကပ်ဖို့ လိုတဲ့အခါ မျိုးလည်း ရှိတယ်။

Follow me on: