မေး။ ။ သမီး CD4 အကြောင်း သေချာ သိချင်လို့ ပါ။ ဘယ်လို အခြေအနေမျိုးမှာ စစ်ရမယ်ဆိုတာ သေချာ သိချင်ပါတယ်။ မစစ်ခင် ဆောင်ရန်ရှောင်ရန်တွေပါ သိချင်ပါတယ်။ ပင်ပမ်းနေတဲ့ အချိန်၊ အိပ်ရေး ပျက်ထားတဲ့ အချိန်၊ ခရီးသွားရတဲ့ အချိန်တွေမှာ စစ်မိရင် အဖြေက မှန်နိုင်ပါ့မလား။ စိုးရိမ်ရမယ့် အခြေအနေဆိုရင် ဘယ်လောက်မှာ ရှိပါသလဲ။ တကယ်လို့ များ Non reactive ဆိုရင်ကော စစ်ကြည့်လို့ ရပါသလား CD-4 ဘယ်လောက် ရှိနိုင်ပါသလဲ။
ဖြေ။ ။ CD4 စစ်တာ မပြောပြခင်မှာ CD4 ဆိုတာဘာလဲ အရင် ပြောပေးပါမယ်။
CD4 ဆိုတာ ဘာလဲ???
CD4 ဆိုတာ လင်ဖိုဆိုက် (Lymphocytes) လို့ခေါ်တဲ့ သွေးဖြူဥ တစ်မျိုးဖြစ်ပြီး ကိုယ်ခန္ဓာ အတွက် ရောဂါ ပိုးမွှားတွေကို တိုက်ခိုက်ပေး ခုခံအား စနစ်မှာ ပါတဲ့ သွေးဖြူဥ တစ်မျိုးဖြစ်ပါတယ်။ လူတိုင်းမှာ CD4 ရှိပါတယ်။ သာမန်အားဖြင့် သွေးတစ်စက်မှာ CD4 cell အရေအတွက် ၅၀၀ မှ ၁၅၀၀ ကြား ရှိနိုင်ပါတယ်။ CD4 အရေအတွက် နည်းနေတယ်ဆိုတာ ကိုယ်ခံအား ကျတာကို ပြသပါတယ်။ အထူးသဖြင့် HIV ပိုးရှိသူတွေမှာ CD4 စစ်ဆေးခြင်းဟာ ကိုယ်ခံအားကို သွယ်ဝိုက်သော နည်းနဲ့ တိုင်းတာခြင်း တစ်မျိုးပါ။ လူတစ်ဦးနဲ့ တစ်ဦး လိုက်ပြီး အရေအတွက် ကွဲပြားနိုင်ပါတယ်။
ဘယ်အချိန်မှာ CD4 ကို စစ်လေ့ရှိသလဲ?????
ဆရာဝန်တွေက သာမန်လူတိုင်းကို CD4 စစ်ခိုင်းလေ့ မရှိပါဘူး။ အထူးသဖြင့် HIV positive လူနာတွေကိုသာ CD4 cell count (အရေအတွက်)ကို စစ်ခိုင်းလေ့ရှိပါတယ်။
ရည်ရွယ်ချက်တွေကတော့
၁) HIV positive လို့ စသိခါစမှာ ပထမဆုံး အကြိမ်အနေနဲ့ ကြမ်းခင်း ပမာဏ အဖြစ် မှတ်သားရန်
၂) ART ဆေး သောက်ရန် လို/မလို ဆုံးဖြတ်ရန်
၃) ART ဆေး စသောက်ခါစ လူနာမှာ ကြမ်းခင်း ပမာဏ CD4 အရေအတွက် မှတ်သားရန်
၎) ပုံမှန်အားဖြင့် ခုခံအားစနစ်ကို မှန်းဆသိရှိရန် ၃ လ (သို့) ၆ လ တစ်ကြိမ် စစ်ဆေးရန်
စစ်လို့ရတာတဲ့ CD4 count က ဘာအတွက် အသုံးဝင်သလဲ???
CD4 အရေအတွက်က ၃၅၀ အောက် ရောက်နေရင်တော့ HIV positive လူနာတွေမှာ ART ကုထုံး လိုအပ်တယ်လို့ သတ်မှတ်ပါတယ်။ ၃၅၀ အထက် ရှိနေသေးရင်တော့ ဆေးကုဖို့ မလိုသေးပါဘူး။
ဘယ်လို အခြေအနေတွေက CD4 အရေအတွက်ကို ပြောင်းလဲစေသလဲ???
လူမျိုး (ဥပမာ- တရုတ်လူမျိုးတွေမှာ အနောက်နိုင်ငံသားတွေထက် CD4 နည်းတတ်ပါတယ်)
- ဖျားနာခြင်း၊
- သွေးစစ်တဲ့အချိန် (နေ့/ည)
- ဆေးလိပ်သောက်ခြင်း
- စိတ်ဖိစီးမှုများခြင်း
- ဓာတ်ခွဲခန်းက ယူလိုက်သော သွေးနမူနာ ... စတဲ့ အချက်တွေက CD4 အရေအတွက်ကို ပြောင်းလဲစေပါတယ်။
ဒီလောက်ဆို ကျေနပ်မယ်လို့ မျှော်လင့်မိပါတယ်။
လမင်းကို




