7
Mar

CD4 နှင့် HIV ပိုးပမာဏ အပိုင်း (၁)

CD4 နှင့် HIV ပိုးပမာဏ

ဗိုင်းရပ်(စ်) ပိုးကမာဏ (Viral Load ) ဆိုသည်မှာ သွေးထဲတွင်ရှိသော HIV ပမာဏကို ဖေါ်ပြခြင်း ဖြစ်ပါသည်။ သွေးထဲတွင် HIV ပိုး ပိုမိုများပြားလာပါက CD4 ကလပ်စည်းများလည်း လျင်မြန်စွာ ပျက်စီးဆုံးရှုံး ပျောက်ကွယ်သွား ပါလိမ့်မည်။ ထို့ အပြင် AIDS ရောဂါ လက္ခဏာ များလည်း လျင်မြန်စွာ ပေါ်ပေါက်လာပြီး အခြားသော အခွင့်အရေးယူ ရောဂါများလည်း နှစ်အနည်းငယ်အတွင်း လျင်မြန်စွာ ၀င်ရောက်လာကာ ထိုရောဂါ ဝေဒနာ လက္ခဏာများလည်း ခံစားရပါလိမ့်မည်။

ဗိုင်းရပ်(စ်) ပိုးပမာဏတိုင်းတာမှု စမ်းသပ်မှု ဆိုသည်မှာ HIV ပိုးကူးစက်ခံနေရသော လူတစ်ဦး၏ သွေးနမူနာကိုယူ၍ ထိုသွေးထဲတွင် HIV ပိုးများ ပါဝင်မှုကို ခန့် မှန်းတွက်ချက် ကြည့်ခြင်းဖြစ်ပါသည်။

ဤစမ်းသပ်မှုကို ပြုလုပ်ရန် HIV-RNA ဟုခေါ်သော HIV ပိုး၏ ဗီဇများကို ရှာဖွေကြည့်ရှု့ ခြင်းဖြစ်ပါသည်။ HIV ဗိုင်းရပ်(စ်) ပိုးပမာဏ စမ်းသပ်ခြင်း၏ အဖြေဆိုသည်မှာ သွေး တစ်မီလီမီတာ  (၁ cc) အတွင်းတွင် ပါသော HIV-RNA ၏ ပုံတူကိုယ်ပွား အရေ အတွက်ကို ဖေါ်ပြခြင်း ဖြစ်ပါသည်။

ယခုအချိန်တွင် HIV ဗိုင်းရပ်ပိုး ပမာဏ တိုင်းတာစမ်းသပ်သည့် နည်းများ မြောက်များစွာ ပေါ်ထွက်လျက်ရှိပါသည်။ ထိုနည်းများ တစ်ခုစီတိုင်းသည် ကွဲပြားခြားနားသော နည်းများကို အသုံးပြု နေကြသော်လည်း ထိုနည်းများအားလုံး HIV ပိုးပမာဏ အနည်းအများ အလယ် အလတ်ရှိခြင်းတို့ ကို ဆုံးဖြတ်ရာတွင် အားလုံးတူညီစွာ ယုံကြည် စိတ်ချရပါသည်။

ဗိုင်းရပ်(စ်) ပိုးပမာဏ တိုင်းတာစမ်းသပ်သည့် နည်းများအားလုံးသည် အာဖရိကနှင့် အာရှတွင် အတွေ့ ရ အများဆုံးသော HIV ပိုးအမျိုးအစား စမ်းသပ် တိုင်းတာရာတွင် တိကျ မှန်ကန်မှုရှိခြင်းတွင် ယခုအခါတွင် အတူတူပင် ဖြစ်ပါသည်။ အတိတ်ကာလ ကမူ စမ်းသပ် နည်းလမ်းများသည် အမြဲတမ်း တိကျစွာ စမ်းသပ်နိုင်ခြင်းမရှိခဲ့ပါ။

မည်သို့ ပင် ဖြစ်စေကာမူ ကမ္ဘာ့ ဒေသအသီးသီးတွင် တွေ့ ရှိရသော HIV ပိုးအမျိုးအစားများသည် အမြဲတမ်းပြောင်းလဲလျက်ရှိပြီး တစ်မျိုးနဲ့  တစ်မျိုးလည်း ရောနောပေါင်းစပ်လျက်ရှိသည်။ထို့ အပြင်အချို့ သော စမ်းသပ်မှုနည်းများသည် HIV ပိုး အမျိုးအစားသစ်ကို ဖေါ်ထုတ်နိုင်စွမ်း အရှိခဲ့ချေ။ ဗိုင်းရပ်(စ) ပိုးပမာဏ တိုင်းတာမှု ရလဒ်များသည် မှန်ကန်သည်ဟု မယူဆနိုင်လျင် (ဥပမာ- CD4 Count) နည်းနေချိန်တွင် Viral Load ဗိုင်းရပ်(စ) ပိုးပမာဏလည်း နည်းနေသည် ဟုဆိုလျှင်) ပိုမိုတိကျ မှန်ကန်သော နည်းများသုံးရပါမည်။

Health Digest Journal

အတွဲ(၄) အမှတ်(၂၄) March 7,2007

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top