9
Mar

CD4 နှင့် HIV ပိုးပမာဏ အပိုင်း (၂)

(၁)ဗိုင်းရပ်ပိုး ပမာဏသဘာဝအလျောက် ကွဲပြားခြားနားခြင်း

<?xml:namespace prefix = o ns = "urn:schemas-microsoft-com:office:office" /> 

ဗိုင်းရပ်ပိုး ပမာဏတိုင်းတာသည့် အဖြေသည် သွေးနမူနာ တစ်ခုနှင့်တစ်ခု မတူဘဲ တက်ချင်တက်နေမည်။ ကျချင်လည်း ကျနေနိုင်ပါသည်။ ဤကဲ့သို့  ဖြစ်ရခြင်းမှာ သဘာဝအလျောက်လည်း ဖြစ်တတ်သည် ဆိုတာကို သိထားဖို့ လိုပါသည်။ လူ၏ ကျန်းမာရေး အခြေအနေကို ရေရှည်တွင် အကျိုးသက်ရောက်မှု မရှိဘဲ တွေ့ နိုင်ပါသည်။

 

ဆေးကုသမှု ခံယူခြင်း မရှိသော HIV ပိုးတွေ့ လူနာ တစ်ဦးသည် HIV ဗိုင်းရပ်ပိုး ပမာဏ ပြောင်းလဲမှုနှင့် ပတ်သက်၍ သုတေသီများသည် စုံစမ်း ထောက်လှမ်း ခဲ့ကြပါသည်။ ယင်းတို့ တွေ့ ရှိခဲ့သည်မှာ သွေးနမူနာ တစ်ခုတည်းကို ကွဲပြားခြားနားသော စမ်းသပ်မှု နှစ်ခုဖြင့် တိုင်းတာစမ်းသပ် ခဲ့ရာ အကြမ်းဖျင်း အားဖြင့် ဗိုင်းရပ်ပိုး ပမာဏ သုံးဆအထိ ကွာခြားမှု ရှိကြောင်းတွေ့ ရှိခဲ့ရပါသည်။

 

နမူနာ ပြရလျှင် ဆေးကုသမှု ခံယူနေရသူ မဟုတ်သူတစ်ဦးတွင် ငါးသောင်းမှ တစ်သိန်းအထိ မြင့်တက်သွားစေကာမှု ထိုပြောင်းလဲမှုသည် ထူးခြားသော ပြောင်းလဲမှု မဟုတ်ပါ။ ရုတ်တရက် ကြည့်လျှင်မူ ဗိုင်းရပ်ပိုးပမာဏသည် အလွန်လျင်မြန်စွာ များပြားတိုးတက်လာသည်ဟု ထင်ရသည်။ ဗိုင်းရပ်ပိုးပမာဏ နှစ်ဆဖြစ်သွား စေကာမူ ယင်းကိန်းဂဏန်းသည် အဆိုပါ စမ်းသပ် တိုင်းတာမှု အတွက် မှာနိုင်ခွင့်ရှိသော ဘောင်အတွင်းမှ ဖြစ်သည်။

 

(၂)ထူးခြားသိသာထင်ရှားသော ပြောင်းလဲမှုများ

ဗိုင်းရပ်ပိုး ပမာဏ တိုင်းတာမှု အခြေအဖြေသည် လပေါင်းများစွာ တိုင်အောင် တက်နေသည့်သဘော (Trend) ရှိလျှင် သို့ မဟုတ် တိုးမြင့် လာမှုသည် ၃ ဆထက်ပိုခဲလျှင် စဉ်းစားဖွယ်ရာ ထူးခြားသိသာသော ပြောင်းလဲမှုဖြစ်သည်။

 

ဥပမာ ဗိုင်းရပ်ပိုးပမာဏသည် ငါးထောင်မှ နှစ်သောင်းငါထောင် အထိ တက်လာပြီဆိုလျှင် ထူးခြားသည်ဟု ဆိုရပါမည်။ ယင်းအဖြေသည် ငါးဆမျှ တက်လာခြင်း ဖြစ်ပါသည်။ သို့ သော် ဤအခြေအနေသည် စမ်းသပ်မှုတစ်ခုဖြင့် အတည်ပြုချက်ရယူရန် လိုအပ်ပါသည်။

 


Health Digest March 14,2007

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top