(က)ကာကွယ်ဆေး ထိုးခြင်းနှင့် ရောဂါပိုး ၀င်ရောခြင်းများ၏ အကျိုးသက်ရောက်မှုများ
HIV ဗိုင်းရပ်ပိုး ရှိနေသူ၏ ဗိုင်းရပ်ပိုးပမာဏ ကိုတိုင်းတာရာတွင် ထိုသူသည် မကြာသေးမှီက ကာကွယ်ဆေး တစ်ခုခု ထိုးခဲ့သော် သိုမဟုတ် ရောဂါပိုး တစ်ခုခု ၀င်ရောက်ခြင်း ခံခဲ့ရလျှင်လည်းကောင်း ထိုသူတွင်ရှိသော ဗိုင်းရပ်ပိုး ပမာဏသည် ယာယီအားဖြင့် မြင့်တက်နေနိုင်သည်။ ယင်းကြောင့် ကာကွယ်ဆေးထိုးပြီး သို့ မဟုတ် ရောဂါ တစ်ခုခုဖြစ်ပြီး နောက်ပိုင်း အနည်းဆုံး သုံးလကြာပြီး နောက်ပိုင်းမှသာ ဗိုင်းရပ်ပိုးပမာဏ တိုင်းတာသင့်ပါသည်။
<?xml:namespace prefix = o ns = "urn:schemas-microsoft-com:office:office" />
(ခ)အပြောင်းအလဲများကို လျော့နည်းအောင် ပြုလုပ်ခြင်း
ဗိုင်းရပ်ပိုး တိုင်းတာ စမ်းသပ်မှုကို ဓါတ်ခွဲခန်း တစ်ခုတည်းတွင် စမ်းသပ်နည်းတစ်ခုတည်းကို အသုံးပြု၍ ပြုလုပ်ခြင်းသည် ဗိုင်းရပ်ပိုးပမာဏ ပြောင်းလဲမှုလမ်းကြောင်းနှင့် ပတ်သက်၍ ပိုမိုတိကျသော အဖြေကို ရရှိနိုင်ပါသည်။ ထို့ ကြောင့် ဗိုင်းရပ်ပိုး ပမာဏ ပထမဆုံးအကြိမ် စမ်းသပ်သည့် ရလဒ်ကို ရေးသည့်အခါ အောက်ခြေတွင် မည်သည့် စမ်းသပ်မှု နည်းလမ်းကို အသုံးပြုခဲ့ကြောင်း မှတ်ချက်ရေးသား သင့်ပါသည်။
ဥပမာ စမ်းသပ်မှုများအနေဖြင့် -
(၁) Roche Amplicor Ultra Sensitive HIV-1 Minitor
(၂) Chiron Quantiplex b-DNA Version 3.0
(၃) Organion – Tenika Nuclisens သို့ မဟုတ် အခြားနည်းလမ်းများဖြင့် စမ်းသပ်ခဲ့သည့် နည်းကို မှတ်သားထားရန် လိုအပ်ပါသည်။ လူနာများအနေဖြင့် အခြားသော ဆေးခန်း တစ်ခုခု သို့ မဟုတ် ဆရာဝန် တစ်ဦးအား ပြောင်းလဲပြသည့်အခါ မိမိ ပထမ သုံးခဲ့သော နည်းဖြင့်သာ စမ်းသပ်ရန်လိုအပ်ပါသည်။
(ဂ)ဗိုင်းရပ်ပိုး ပွားများမှု ဟန့် တားသည့် ဆေးသုံးစွဲနေရသူ မဟုတ်လျှင်
ကုသမှု မပေးရသေးသော HIV ပိုးဝင်ရောက်ခံရမှု၏ အခြေအနေနှင့်ပတ်သက်၍ အလားအလာများ သတင်းအချက် အလက်များကို ပေးနိုင်ပသည်။ ကုသခြင်း မပြုရသေးသော လူနာ၏ ဗိုင်းရပ်ပိုး ပမာဏနှင့် CD4 Count တို့ ကိုယှဉ်တွဲ လေ့လာခြင်းဖြင့် ထိုလူနာ အနေဖြင့် AIDS ၏ ဝေဒနာ လက္ခဏာများ ပေါ်ပေါက်လာတော့မည့် အန္တရာယ်နှင့် ပတ်သက်၍ ကြိုတင် ဟောကိန်းထုတ်နိုင်ပါသည်။
လေ့လာ သုတေသန ပြုလုပ်ချက်များအရ CD4 Count အရေအတွက်ချင်း အတူတူ ဗိုင်းရပ်ပိုး ပမာဏ မြင့်မားသူများသည် နည်းပါးသူ များထက် AIDS လက္ခဏာများ ပိုမို လျှင်မြန်စွာ ပေါ်ပေါက်လေ့ရှိပါသည်။
Health Digest March 21,2007




