ဗိုင်းရပ်ပိုး ပမာဏချင်း အတူတူ CD4 Count နည်းးသောသူများသည် AIDS လက္ခဏာများ ပို၍ လျှင်မြန်စွာ ပေါ်ပေါက်လာနိုင်သည်။ CD4 Count နှင့် ဗိုင်းရပ်ပိုး ပမာဏ နှစ်မျိုးလုံးကို တိုင်းတာခြင်းသည် လာမည့် အချိန်တိုအတွင်း သို့ မဟုတ် အလယ် အလတ် ကာလအတွင်း AIDS လက္ခဏာများ ပေါ်ပေါက်လာမည့် အရေးကို ကြိုတင် ဟောကိန်းထုတ်နိုင်သော အဖိုးတန်သည့် အချက်အလက်များ ကိုပေးနိုင်ပါသည်။
<?xml:namespace prefix = o ns = "urn:schemas-microsoft-com:office:office" />
CD4 Count (၃၅၁) နှင့် (၅၀၀) ကြားရှိခြင်း၏ ခြားနားချက်သည် ယင်းတို့ ၏ ဗိုင်ရပ်ပိုးပမာဏ (Viral Load) အပေါ် မူတည်၍ ရောဂါ အခြေအနေ ဆိုးရွားနိုင်သည့် အန္တရာယ် ခြားနားချက် လွန်စွာ ကြီးမားနိုင်သည်ကိုတွေ့ နိုင်သည်။
(က) ကုသမှု စသင့်မစသင့် ကိုဆုံးဖြတ်ခြင်း
ဗိုင်းရပ်ပိုး ပမာဏViral Load တိုင်းတာခြင်းနှင့်အတူ အခြားသော အညွှန်းကိန်းများသည်လဲ HIV ပိုးမွှားများမှု တားဆီးသည့်ဆေး စတင်ရန် သင့်မသင့် ဆုံးဖြတ်ရာတွင် အကူအညီပေးနိုင်သည်။
CD4 Count ကိုထည့်သွင်း မစဉ်းစားဘဲ ဗိုင်းရပ်ပိုးပမာဏ Viral Load တစ်သိန်းနှင့် အထက် များနေသူအား ကုသမှု စတင်ခဲ့လျှင် ထိုအချိန်တွင် ကုသမှုအား တုန့် ပြန်မှုသည် ကောင်းစွာ မရရှိဘဲ ဖြစ်နိုင်သည်။ ဗိုင်းရပ်ပိုး သတ်ဆေး ပေါင်းစပ် ကုထုံးနှင့် စတင်ကုသခဲ့သူ မဟုတ်လျှင် ကုသမှု စတင်ချိန်တွင် CD4 Count ကိုတိုင်းတာခြင်းသည် ရောဂါ လက္ခဏာ အန္တရာယ်များကို ကြိုတင်ခန့် မှန်းရာတွင် လွန်စွာ အသုံးဝင်ပါသည်။
ထို့ ကြောင့် ဗြိတိလျှ ဆေးပညာရှင်များ၏ လမ်းညွှန်ချက်တွင် ယခုအခါ ဖေါ်ပြထားသည်မှာ HIV ပိုးရှိသူများကို ကုသရာတွင် CD4 Count ၂၀၀ အောက် မရောကမီ စတင်ရန် ညွှန်ကြားထားပါသည်။ CD4 Count ၂၀၀ နှင့် ၃၀၀ ကြားရှိပြီး ဗိုင်းရပ်ပိုးပမာဏ မြင့်မားနေသူများ တနည်းအားဖြင့် CD4 Count လျင်မြန်စွာ ကျဆင်းနေသူများ အတွက် ကုသမှုကို ပို၍စောစီးစွာ စတင်ရန် လိုအပ်ပါသည်။ အကြောင်မူကား ထိုအခြေအနေတွင် AIDS နှင့် နှီးနွယ်နေသော ရောဂါများ ပေါ်ပေါက်လာရန် အန္တရာယ် ပိုများသောကြောင့် ဖြစ်ပါသည်။
ကုသမှု ခံယူနေသူ မဟုတ်လျှင် ဗိုင်းရပ်ပိုးပမာဏ Viral Load မြင့်မားခြင်းသည် CD4 Count မည်မျှပင်ရှိစေကာမူ AIDS နှင့် နှီးနွယ်နေသော ရောဂါများ အန္တရာယ် ပိုများပါသည်။
(ခ) အမျိုးသမီးများနှင့် ဗိုင်းရပ်ပိုး ပမာဏ
CD4 Count အရေအတွက် ချင်းတူသော HIV ပိုးကူးစက် ခံနေရသည့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ကို နှိုင်းယှဉ်လျှင် ပျမ်းမျှအားဖြင့် အမျိုးသမီးများတွင် ဗိုင်းရပ်ပိုးပမာဏ Viral Load ပို၍ နည်းနေတတ်ပါသည်။ သို့ သော် ဤအချက်သည် ကုသမှုကို တုန့် ပြန် ရာတွင် ထူးခြားမှု မရှိပါ။
(ဂ)ကုသမှု ၏ အကျိုးသက်ရောက်မှု
ထိရောက်သော ကုသမှုတွင် ဗိုင်းရပ်ပိုးပမာဏ Viral Load လျော့ကျသွားပါသည်။ ကုသမှု စတင်ပြီး လေးပတ်မှ ဆယ်နှစ်ပတ် အကြာတွင် ဗိုင်းရပ်ပိုးပမာဏ မည်မျှအထိ ကျဆင်းသွားကြောင်း ပြန်လည် စစ်ဆေးရပါသည်။ ဗိုင်းရပ်ပိုး ပမာဏ ပြောင်းလဲမှုကို တစ်ခါတစ်ရံတွင် လော့ခရီသမ် နည်းဖြင့်ဖေါ်ပြလေ့ရှိပါသည်။
Health Digest- March 28,2007




