ဆွစ်ဇာလန် နိုင်ငံ ၊ ဒဲဗို့စ်မြို့တွင် ကျင်းပနေသည့် ကမ္ဘာ့ စီးပွားရေး ဖိုရမ်ဖွင့်ပွဲ အခမ်းအနားတွင် လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းများနှင့် ပတ်သက်သည့် ဆုကို လက်ခံရန် တက်ရောက်ခဲ့သည့် တောင်အာဖရိကဖွား အမေရိကန် ရုပ်ရှင်သရုပ်ဆောင် Charlize Theron မှ ကမ္ဘာ့ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် ထိပ်တန်း နိုင်ငံရေး ခေါင်းဆောင်များ အနေဖြင့် AIDS ရောဂါ အမြစ်ဖြတ် ချေမှုန်းသည့် လုပ်ငန်းစဉ်များတွင် ယခုထက် ပိုမို ပါဝင် လှုပ်ရှားကြပါရန် တိုက်တွန်း ပြောကြားခဲ့သည်။
အာဖရိကအား ထောက်ပံ့ ကူညီနေသည့် African outreach foundation တည်ထောင်သူ တစ်ဦးဖြစ်ပြီး ကုလသမဂ္ဂ ငြိမ်းချမ်းရေးတမန် တစ်ဦးလည်း ဖြစ်သည့် Charlize Theron သည် အာဖရိက နိုင်ငံများမှ AIDS ဝေဒနာရှင်များ အတွက် ကူညီ ထောက်ပံ့နေသူ ဖြစ်သည်။ ယနေ့ ကျင်းပသည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ပြဿနာတစ်ခု ဖြစ်သည့် AIDS ရောဂါ တိုက်ဖျက်ရေး အတွက် မဟာ ဗျုဟာများကို ဆွေးနွေးကြမည် ဖြစ်ပြီး ကမ္ဘာ့ နိုင်ငံများမှ စီးပွားရေး ပညာရှင်၊ နိုင်ငံရေး ခေါင်းဆောင်များနှင့် စီးပွားရေး လုပ်ငန်းရှင်ပေါင်း ၂၅၀၀ ကျော် တက်ရောက် ဆွေးနွေးလျက် ရှိသည်။
Source: AAP




