နိုင်ငံအနှံ့
AIDS ရောဂါ တိုက်ဖျက်ရေး အစီအစဉ် တစ်ရပ်အနေနဲ့ တရုတ်နိုင်ငံအတွင်းရှိ ဟော်တယ်တွေ အပန်းဖြေ
စခန်းတွေနဲ့ အများသုံး ရေချိုးကန်တွေမှာ ကွန်ဒုံးများ ဝေငှပေးရန် အမိန့်ထုတ် ထားကြောင်း
တရုတ်သတင်းစာ တစ်စောင်တွင် ရေးသား ဖေါ်ပြထားပါတယ်။
စီးပွားရေးနှင့်
ကျန်းမာရေး ၀န်ကြီးဋ္ဌာနများက ထုတ်ပြန်ထားတဲ့ အမိန့်မှာ AIDS ကာကွယ်ရေး ပညာပေး လက်ကမ်း
စာစောင်တွေကိုလည်း ပြသထားရမယ်လို့ ဆိုပါတယ်။ စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာတဲ့
Zhejiang ပြည်နယ်မှာ မတ်လက ဟိုတယ်နဲ့ ဘားဆိုင်တွေကို
ကွန်ဒုံးများ မဝေငှပါက ဒဏ်ရိုက်သည့်စနစ် ကျင့်သုံးခဲ့ပြီးနောက် ယခုကဲ့သို့ အမိန့် ထုတ်ပြန်ခဲ့ခြင်း
ဖြစ်ပါတယ်။
စာရိတ္တယိုယွင်းနေသော
အနောက်နိုင်ငံများရဲ့ လိင်တူဆက်ဆံသူများ၊ ပြည့်တန်ဆာများနဲ့ မူးယစ်ဆေးဝါး သုံးစွဲသူများကြောင့်
AIDS ရောဂါ ဖြစ်ပွါးနေတာလို့ တရုတ်နိုင်ငံမှာ အရင်တုန်းက သတ်မှတ် သမုတ် ခဲ့ကြပါတယ်။
အစဉ်အလာ အရတော့ ကွန်မြူနစ် တရုတ်နိုင်ငံတွင် ၎င်းအရာများ လုံးဝ မရှိခဲ့ပါ။ ယခုသတိပေးချက်ဟာ
နောက်ကျနေကြောင်း HIV ပိုးက အများပြည်သူများ ကြားမှာ ပြန့်နှံ့ နေပြီ ဖြစ်ကြောင်း ကျန်းမာရေး
ပညာရှင်များက သတိပေး ထားပါတယ်။ သို့သော်လည်း မျိုးဆက်ပွါး ကျန်းမာရေး ပညာပေးလုပ်ငန်းများ
နည်းပါးမှုနှင့် လိင်အကြောင်း ဆွေးနွေး ပြောဆိုလိုစိတ် မရှိမှုတို့ကြောင့် AIDS တိုက်ဖျက်ရေးမှာ
အဟန့်အတား တစ်ခု ဖြစ်နေပါသေးတယ်။
JulyDream
Ref
- http://www.pinknews.co.uk/news/articles/2005-5070.html
August 5, 2007
Ravenbdc - China
gets serious




