• စမ်းသပ်နေကြနည်းထက် စောပြီး သိမယ်။
• ပိုးကသွေးထဲ ဝင်လာတာနဲ့ ‘အင်တီဘော်ဒီ’ တွေ စထုတ်မယ်။ ဒါပေမဲ့ ဒီ ‘အင်တီဘော်ဒီ’ တွေက ပိုးကိုခံမချနိုင်ဘူး။ ရောဂါရှာဖွေရေး အတွက်သာ အသုံးဝင်သလိုဖြစ်နေတယ်။
• HIV antibody test ‘အင်တီဘော်ဒီ’ စမ်းနည်းကို ELISA or EIA နည်းလို့ခေါ်တယ်။ စံချိန်ကိုက်စမ်းနည်း ဖြစ်တယ်။ ဗိုင်းရပ်စ်ပိုးကို လိုက်ရှာတာ မဟုတ်ပါ။
• DNA test နည်းကို NAAT = Nucleic acid amplification testing လို့ခေါ်တယ်။ ပိုးကိုလိုက်စမ်းတဲ့နည်း ဖြစ်တယ်။ အင်တီဘော်ဒီနည်းထက် စောသိမယ်။ ART ဆေးပေးနေသူတွေကို စောင်ကြည့်ရာမှလုပ်ရတဲ့ Viral load test နည်းနဲ့ ဆင်တယ်။
• အားနည်းချက်တွေ ရှိတယ်။ သိပ်အထိမခံသလိုဖြစ်လို့ မှားပြီး အပေါင်းပြတတ်တယ်။ ဒါကြောင့် ဒီနည်းမှာ အပေါင်းပြသူတိုင်းကို စံချိန်ကိုက် စမ်းနည်းဆက်လုပ်ရမယ်။ နေရာတိုင်းမှာ DNA test စမ်းနည်းမလုပ်ပါ။
• ပိုးဝင်ပြီး ၆ ရက် ကနေစပြီး စမ်းနိုင်ပြီ။ ၂၁ ရက်မှာစမ်းတာ ပိုသင့်တယ်လို့ ညွှန်ကြားချက်ထုတ်ထားတယ်။
• ၁ဝဝ% တိကျတယ်လို့တော့ ပြောမရပါ။
ဒေါက်တာတင့်ဆွေ (၂၄-၅-၂ဝ၁၄)
ဒေါက်တာတင့်ဆွေ - DNA test for HIV infection




