မကွေးမြို့တွင် DOHMANA/UNFPA တို့မှ ကြီးမှူး ကျင်းပသည့် ဦးတည်အုပ်စုများအတွင်း
HIV ပိုးကူးစက်မှု ကာကွယ်ရေး ပညာပေး သင်တန်းအား သြဂုတ်လ ၂၄ရက်နှင့် ၂၅ရက်တို့တွင် ကျင်းပ
ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယခု ပြုလုပ်ခဲ့သော သင်တန်းတွင် အမျိုးသမီး ဦးစားပေး သင်တန်းဖြစ်ပြီး
သင်တန်းသူဦးရေ ၅၀ ကျော် တက်ရောက် လေ့လာခဲ့ကြောင်း သိရသည်။
ထို သင်တန်းတွင် သင်ကြား ပို့ချခဲ့သော ဘာသာရပ်များမှာ
မူးယစ်ဆေး စွဲခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် ဆိုးကျိုးများ ကုသမှု နောက်ဆက်တွဲများ
HIV/AIDS ကူးစက်မှု သွေးမှ တစ်ဆင့် ကူးစက်တတ်သော ဗိုင်းရပ် (ဥပမာ အသည်းရောင် အသားဝါ၊
HIV၊ တီဘီ၊ ငှက်ဖျား) ရောဂါများအကြောင်း၊ မျိုးဆက်ပွား ကျန်းမာရေး ဘာသာရပ်များအား သင်ကြား
ပို့ချပေးခဲ့ကြောင်း သင်တန်းတွင် စင်တင် စားသောက်ဆိုင်များမှ အမျိုးသမီး အဆိုတော်များနှင့်
NGO အဖွဲ့အစည်းများမှ လူငယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
www.first-11.com




