9
Oct

First-Eleven: အိတ်ခ်ျအိုင်ဗွီ ရောဂါပိုးရှိသူ ကလေးတစ်ဦးအား ပထမဆုံးအကြိမ် ခွဲစိတ်ကုသ

မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကုသိုလ်ဖြစ် ခွဲစိတ်ကုသပေးသည့် အဖွဲ့မှ အိတ်ခ်ျအိုင်ဗွီ
ရောဂါပိုးရှိသူ ကလေးတစ်ဦးအား ပထမဆုံးအကြိမ် ခွဲစိတ်ကုသ

မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ချို့ယွင်းချက် ရှိသူများအား ကုသိုလ်ဖြစ် ခွဲစိတ်ပေးလျက် ရှိသည့် (New Look New
Life) အမည်ရှိ
ပြည်တွင်း ကုသိုလ်ဖြစ်
အဖွဲ့တစ်ဖွဲ့မှ
ပထမဆုံး အကြိမ် အိတ်ခ်ျအိုင်ဗွီရောဂါပိုး ရှိသည့် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ချို့ယွင်းချက်ရှိသူ ကလေး တစ်ဦးအား အောင်မြင်စွာ ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ New Look New Life အမည်ရှိ ကုသိုလ်ဖြစ် ခွဲစိတ်ပေးသည့် အဖွဲ့ကို ၂၀၁၀ ပြည့်နှစ်မှ စတင်တည်ထောင်ခဲ့ပြီး မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ချို့ယွင်းချက် ရှိသူများ အား အခမဲ့ ခွဲစိတ်ကုသပေးလျက် ရှိရာ ယခုဆိုလျှင် ၆၇ ဦးခွဲစိတ်ကုသ ပေးခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။

"မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင် ကွဲကလေးတွေကို ခွဲစိတ်ခမတတ်နိုင်
လို့မခွဲစိတ်နိုင်တာ၊
ကျေးလက်ဒေသမှာ
နေထိုင်တဲ့သူတွေ ကျတော့လည်း မြို့ဆေးခန်းတွေနဲ့
အလှမ်း ဝေးတာ စတဲ့ အကြောင်း အမျိုးမျိုးကြောင့် ခွဲစိတ်ကုသမှု မရှိလို့ စကားမပီတာတွေ နှုတ်ခမ်းကွဲတဲ့ အနေအထား မျက်နှာကြောင့် ခွဲခြားဆက်ဆံခံရတာတွေ၊ ထမင်းစားတာက အစ အာခေါင်ကွဲ နေတဲ့အတွက် အစာစားလိုက်တဲ့ အခါတိုင်း နှာခေါင်းထဲကို ထမင်းဝင်တာတွေ အဲဒီလိုမျိုး မဖြစ်ရအောင် ကုသိုလ်ဖြစ် အနေနဲ့ ဒီအဖွဲ့ကို ဖွဲ့စည်းပြီး ခွဲစိတ်ကုသပေးဖြစ် သွားခဲ့တာပါ။ မခွဲစိတ်ခင် ကြိုတင်ပြင်ဆင်မှုအနေနဲ့ သွေးစစ်တာ၊ ဆေးစစ်တာနဲ့ ရင်ဘတ် ဓာတ်မှန်ရိုက်တာ တွေကို လူနာရှင် တတ်နိုင်ရင်တော့ လုပ်ပေးဖို့ လိုပါတယ်။ အခု ခွဲစိတ်ပေးခဲ့တဲ့ ကလေးရဲ့ မိဘနှစ်ဦးစလုံးမှာလည်း အိတ်ခ်ျအိုင်ဗွီ ရှိနေပါတယ်။ ကလေးမှာလည်း ရှိပါတယ်။ ဒီလိုမျိုး ရောဂါပိုးရှိတဲ့ ကလေးမျိုးကို ခွဲစိတ်ပေးတာကတော့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်" ဟု New Look New Life အဖွဲ့မှ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာကိုကိုမောင်က ပြောပြခဲ့ပါသည်။

ပထမဆုံးအကြိမ် အဖြစ် အိတ်ခ်ျအိုင်ဗွီ ရောဂါပိုးရှိသူတစ်ဦးအား ခွဲစိတ်ကုသပေးခြင်းဖြစ်ပြီး ကုန်ကျ စရိတ်မှာ သာမန် ခွဲစိတ်မှုထက် သုံးဆ၀န်းကျင် ပိုမို ကုန်ကျကြောင်း သိရသည်။

(၂၄-၉-၂၀၁၀)


First-Eleven Journal:
မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ
ကုသိုလ်ဖြစ် ခွဲစိတ်ကုသပေးသည့် အဖွဲ့မှ အိတ်ခ်ျအိုင်ဗွီ ရောဂါပိုးရှိသူ ကလေးတစ်ဦးအား
ပထမဆုံးအကြိမ် ခွဲစိတ်ကုသ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top