မော်ဒရေတာဆီကို
ပို့လာတဲ့ ကြော်ငြာစာလေးတစ်ခု ဖတ်မိတာနဲ့ အားလုံးသိအောင် ဝေငှရမယ်ဆိုတာကို
ဆုံးဖြတ်မိတယ်။ အခုလို အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ကူညီစောင့်ရှောက်မှုကို
လူငယ်တွေကိုယ်တိုင် လုပ်ဆောင်ကြတယ်ဆိုတော့ အားတက်ဂုဏ်ယူစရာပါ။ သူတို့ရဲ့
စည်းမျဉ်းစည်းကမ်းတွေနဲ့ ဘယ်လိုကူညီနိုင်တယ်၊ ဘယ်သူတွေကို ဆက်သွယ်ရမယ်ဆိုတာကို အသေးစိပ်ဖော်ပြထားပါတယ်။
နောက်သူတို့က အိတ်ခ်ျအိုင်ဗွီကူးစက်ခံ မိဘမဲ့ကလေးတွေကို ကူညီနေကြတာပါ။ ယခုစာကို
ပို့ပေးလာတယ် ဒေါက်တာသိန်းဝင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။
[ဟင်း မ်]
မော်ဒရေတာ
++++++++++++++++++
'Guiding
Light' ဆိုတဲ့အဖွဲ့အစည်းလေးကို 2007 December မှာ စေတနာရှင် လူငယ် (၆) ဦး နဲ့
စတင် ဖွဲ့စည်း ခဲ့ပါတယ် ...
မိဘနှစ်ပါးစလုံး
AIDS ရောဂါနဲ့ သေဆုံးသွားပြီး ခိုကိုးရာမဲ့ဖြစ်နေတဲ့ HIV ကူးစက်ခံ ကလေးငယ်များ
အတွက် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးများကို အထောက်အကူ ဖြစ်စေရန်
ရည်ရွယ်ခဲ့ပါတယ်..လူငယ်လူရွယ်များ အား HIV, AIDS နှင့်ပတ်သက်သော ကျန်းမာရေး အသိပညာများ
ဟောပြောလျက်ရှိပြီး လူငယ်များအတွက် လမ်းပြ အလင်းရောင်တစ်ခု ဖြစ်စေရန် ရည်ရွယ်
ပါတယ် ...
မိဘမဲ့ HIV ကူးစက်ခံ
ကလေးငယ်များအား ကျန်းမာရေး စောင့်ရှောက်မှု များအပြင် လစဉ်ငွေ ကျပ်တစ်သောင်းနှင့်
လိုအပ်လျှင် လိုအပ် သလို ဆေးဝါးများ အာဟာရများ လှူဒါန်းလျက် ရှိပါတယ် ... ကျောင်းနေ
HIV ကူးစက်ခံ ကလေးငယ်များ အတွက်လည်း ကျောင်းဝတ်စုံ၊ စာအုပ်နှင့် စာရေး ကိရိယာများ
လစဉ် လှူဒါန်း လျက်ရှိပါတယ် ...
ယခုအခါ အဖွဲ့ဝင်အလှူရှင်
(၁၁၁) ဦးထိ ရှိလာပြီ ဖြစ်ပါတယ် ... အဖွဲ့ဝင် အလှူရှင် များထံမှ တစ်လလျှင်
အနည်းဆုံး (၁၀၀၀) ကျပ် နှုန်းဖြင့် လစဉ် ကောက်ခံပြီး HIV ကူးစက်ခံ ကလေးငယ်များ
အတွက်သာ အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ပါတယ် ... ရငွေ/သုံးငွေ စာရင်း ရှင်းတမ်းကို
(၆) လ တစ်ကြိမ် ထုတ်ပေးမှာ ဖြစ်ပါတယ် ...
လိုအပ်ချက်များ
·
နောက်ထပ်
HIV ကလေးငယ်များအား ရှာဖွေထောက်ပံ့အကူအညီပေးနိုင်ရန်အတွက် အဖွဲ့ဝင် အလှူရှင်များ
တိုးပွား လာစေရန် ...
·
အဖွဲ့အကြောင်း
သိရှိနားလည်ပြီး ကလေးငယ်များအား စာနာသောစိတ်ဖြင့် လှူဒါန်းလာစေရန် ...
·
တစ်အိမ်
တက်ဆင်း အတင်းအလှူငွေလိုက်လံကောက်ခံခြင်း မပြုလုပ်ပါ ...
·
အဖွဲ့အစည်း
တိုးတက်စေရန် အတွက် အကြံပြုလာသော ဝေဖန် အကြံပြုချက်များကို ၀မ်းမြောက်
ဝမ်းသာလက်ခံရန် ...
·
စေတနာရှင်
ဆရာဝန်များ၏ အခမဲ့ အကူအညီ၊ အကြံဉာဏ်များ ...
·
စေတနာရှင်များ၏
အကူအညီ၊ အကြံဉာဏ်များ ...
·
အဖွဲ့၏ Fund
ငွေ အနေအထား အရ နောက်ထပ် ကလေးငယ် တစ်ယောက်အား ထောက်ပံ့ပေးရန် လိုအပ် နေပါတယ် ...
·
မိမိ
ပတ်ဝန်းကျင်တွင် နွမ်းပါး၍ အကူအညီ လိုအပ်နေသော မိဘမဲ့ HIV ကူးစက်ခံ ကလေးငယ်များ
တွေ့ခဲ့ရင် Guiding Light အဖွဲ့ကို လက်တို့ လိုက်ပါ..
စည်းကမ်း
ကလေးများနှင့်
မိသားစုဝင်များ၏ ဂုဏ်သိက္ခာ ကို ထိန်းသိမ်း သောအားဖြင့် အဖွဲ့ဝင်များသည် ကလေးများ၏
ကိုယ်ရေး ကိုယ်တာ အကြောင်း၊ နေရပ်လိပ်စာ အတိအကျကို မလိုအပ်ဘဲ ပြောပြခွင့် မရှိပါ
...
မှတ်ချက်
Guiding Light
အဖွဲ့တွင် ရာထူး၊ အဆင့်အတန်း၊ လူမျိုးဘာသာ ခွဲခြားထားခြင်းမရှိပါ ... အားလုံး
တစ်စိတ်တစ်ဝမ်းတည်းဖြင့် တိုင်ပင် ညှိနှိုင်း၍ ကလေးငယ်များ အကျိုးအတွက် အတူတကွ
ပူးပေါင်း လုပ်ကိုင် ဆောင်ရွက် သွားမည် ဖြစ်ပါတယ် ...
ကလေးငယ်များအတွက် လှူဒါန်းလိုလျှင်
မိုးကုတ်မြို့
ကိုနေလင်းအောင် (Norton) ဈေးသစ်ထင်းရှူးခြံရပ်။
ကိုဇော်ဝင်းသန့် အမှတ်(ဇ/၂၅၈)၊ ရွှေဘုံသာရပ်။
မခင်သီတာ အမှတ်(၁၆၈)၊
မြီု့မရပ်။
မမြင့်မြင့်အေး အမှတ်(တ/၄)၊ ကိစ္စကုတ်ရပ်။
မသဲသဲ ကိုးလံရပ်။
မငြိမ်းဆုဝေ(ရတနာလှိုင်း) အမှတ်(ဆ/၂၄)၊
ထင်းရှူးခြံရပ်။
guidinglight.mgk@googlemail.com
Guiding Light (Mogoke)
http://health.ngoinmyanmar.org/2008/07/guiding-light-hiv.html




