'Guiding
Light' ဆိုတဲ့အဖွဲ့အစည်းလေးကို 2007
December မှာ စေတနာရှင်လူငယ်(၆)ဦးနဲ့
စတင်ဖွဲ့စည်းခဲ့ပါတယ်..မိဘနှစ်ပါးစလုံး AIDS ရောဂါနဲ့ သေဆုံးသွားပြီး ခိုကိုးရာမဲ့ဖြစ်နေတဲ့ HIV ကူးစက်ခံကလေးငယ် များအတွက် လူမှုရေး၊ ကျန်းမာရေး၊
ပညာရေးများကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ခဲ့ပါတယ်။
လူငယ်လူရွယ်များအား HIV, AIDS နှင့်ပတ်သက်သော ကျန်းမာရေး အသိပညာများအား ဟောပြောလျက်ရှိပြီး
လူငယ်များအတွက် လမ်းပြအလင်းရောင် တစ်ခုဖြစ်စေရန် ရည်ရွယ်ပါတယ်..မိဘမဲ့ HIV ကူးစက်ခံ ကလေးငယ်များအား ကျန်းမာရေး စောင့်ရှောက်မှုများအပြင်
လစဉ်ငွေကျပ်တစ်သောင်းနှင့် လိုအပ်ရင် လိုအပ်သလို ဆေးဝါးများ အာဟာရများ
လှူဒါန်းလျက်ရှိပါတယ်....ကျောင်းနေHIV ကူးစက်ခံ ကလေးငယ် များအတွက်လည်း ကျောင်းဝတ်စုံ၊ စာအုပ်နှင့်
စာရေးကိရိယာများ လစဉ်လှူဒါန်းလျက်ရှိပါတယ်။
ယခုအခါ အဖွဲ့ဝင်အလှူရှင် (၁၁၁)ဦးထိရှိလာပြီဖြစ်ပါတယ်....အဖွဲ့ဝင်အလှူရှင်များထံမှ
တစ်လလျှင် အနည်းဆုံး (၁၀၀၀)ကျပ်နှုန်းဖြင့် လစဉ်ကောက်ခံပြီး HIV ကူးစက်ခံ ကလေးငယ်များအတွက်သာ အထောက်အကူဖြစ်စေရန်
ရည်ရွယ်ပါတယ်....ရငွေ/သုံးငွေ စာရင်းရှင်တမ်းကို (၆)လတစ်ကြိမ် ထုတ်ပေးမှာဖြစ်ပါတယ်။
လိုအပ်ချက်များ
*နောက်ထပ် HIV ကလေးငယ်များအား ရှာဖွေထောက်ပံ့အကူအညီပေးနိုင်ရန်အတွက် အဖွဲ့ဝင်
အလှူရှင်များတိုးပွားလာစေရန်..
*အဖွဲ့အကြောင်း
သိရှိနားလည်ပြီး ကလေးငယ်များအား စာနာသောစိတ်ဖြင့် လှူဒါန်းလာစေရန်၊ ( တစ်အိမ်တက်ဆင်း အတင်းအလှူငွေလိုက်လံ ကောက်ခံခြင်း မပြုလုပ်ပါ.)
*အဖွဲ့အစည်း တိုးတက်စေရန်အတွက်
အကြံပြုလာသော ဝေဖန်အကြံပြုချက်များကို ၀မ်းမြောက်ဝမ်းသာ လက်ခံရန်..
*စေတနာရှင်ဆရာဝန်များ၏
အခမဲ့အကူအညီ၊ အကြံဥာဏ်များ..
*စေတနာရှင်များ၏
အကူအညီ၊ အကြံဥာဏ်များ..
*အဖွဲ့၏ Fund ငွေ အနေအထားအရ နောက်ထပ်ကလေးငယ် တစ်ယောက်အား ထောက်ပံ့ပေးရန်
လိုအပ်နေပါတယ်။ (မိမိပတ်ဝန်းကျင်တွင် နွမ်းပါး၍
အကူအညီလိုအပ်နေသော မိဘမဲ့ HIV ကူးစက်ခံ ကလေးငယ်များ တွေ့ခဲ့ရင် Guiding
Light အဖွဲ့ကို လက်တို့လိုက်ပါ..)
စည်းကမ်း
ကလေးများနှင့် မိသားစုဝင်များ၏
ဂုဏ်သိက္ခာကိုထိန်းသိမ်းသောအားဖြင့် အဖွဲ့ဝင်များသည် ကလေးများ၏ ကိုယ်ရေး ကိုယ်တာအကြောင်း၊
နေရပ်လိပ်စာ အတိအကျကို မလိုအပ်ဘဲ ပြောပြခွင့် မရှိပါ။
မှတ်ချက်
Guiding
Light အဖွဲ့တွင် ရာထူး၊ အဆင့်အတန်း၊
လူမျိုးဘာသာ ခွဲခြားထားခြင်းမရှိပါ..အားလုံးတစ်စိတ် တစ်ဝမ်းတည်းဖြင့်
တိုင်ပင်ညှိနှိုင်း၍ ကလေးငယ်များ အကျိုးအတွက် အတူတကွပူးပေါင်းလုပ်ကိုင်
ဆောင်ရွက် သွားမည်ဖြစ်ပါတယ်။
ကလေးငယ်များအတွက် လှူဒါန်းလိုလျှင်
မိုးကုတ်မြို့
ကိုဇော်ဝင်းသန့် အမှတ်(ဇ/၂၅၈)၊
ရွှေဘုံသာရပ်။
မခင်သီတာ အမှတ်(၁၆၈)၊
မြီု့မရပ်။
မမြင့်မြင့်အေး အမှတ်(တ/၄)၊
ကိစ္စကုတ်ရပ်။
မသဲသဲ ကိုးလံရပ်။
မငြိမ်းဆုဝေ(ရတနာလှိုင်း) အမှတ်(ဆ/၂၄)၊
ထင်းရှူးခြံရပ်။
guidinglight.mgk@gmail.com
"Guiding
Light" (HIV ကူးစက်ခံကလေးငယ်များ
စောင့်ရှောက်ရေးအဖွဲ့)




