B ပိုး ကာကွယ်ဆေးထိုးရင် HIV ကူးစက်နိုင်တယ်ပြောပါတယ်၊၊ ကာကွယ်ဆေးက လူ့သွေးရည်ကြည်က ထုတ်တယ် ဆိုတာ ဟုတ်ပါသလား။
• (ဘီ) ပိုးကာကွယ်ဆေးကို ၁၉၆၈ မှာ စခဲ့တယ်။ အသဲရောင် (ဘီ) ကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ရဲ့ အစိတ်အပိုင်း (အင်တီဂျင်) ကို သုံးတယ်။
• Australia antigen ခေါ်တယ်။ လူ့သွေးရည်ကြည်ကနေ ရတာကို Pepsin, Urea နဲ့ Formaldehyde ဆေး ၃ မျိုးနဲ့ စပ်ပေးတယ်။ စိတ်ချရအောင် နောက်ထပ် စစ်ထုတ်မှုတွေလဲ လုပ်ရတယ်။
• ပညာရှင် Hilleman က (ဂေး) တွေနဲ့ မူးယစ်ဆေး ထိုးသူတွေဆီကသွေးကို သုံးရတယ်။
• HIV ကို မသိကြသေးချိန်မှာ ဖြစ်တယ်။ အဲဒီကာလမှာသုံးတဲ့ Hepatitis B surface proteins ဆိုတာထဲမှာ HIV ပါကောင်း ပါနေနိုင်တယ်။ ဆေးထုတ်ပြီးစ လူနာအများစုကို စမ်းသပ်တဲ့ကာလမှာ AIDS epidemic ရောဂါများတာအတွက် အပြစ်ဖို့ခဲ့ကြတယ်။
• ဘီပိုးကာကွယ်ဆေးထဲမှာ HIV ပါနေမလားလို့ မေးခွန်းထုတ်နိုင်ပေမဲ့ ကင်းစင်တယ်လို့ လက်ခံထားကြပါတယ်။
• Purification process ဆေးသန့်စင်ရေးဖြစ်စဉ်ကနေ ရှိရှိသမျှ ဗိုင်းရပ်စ်တွေအားလုံးကို သေစေခဲ့တာမို့ HIV ပိုးလဲ ပါခဲ့အုံးတော့ သေပြီ။ ၁၉၈၁ မှ ဘီပိုးကာကွယ်ဆေးကို အသိအမှတ်ပြုခဲ့ပါတယ်။
• ဒိနောက် ၁၉၈၆ ခုနှစ်မှာ Chiron Corporation သုတေသနဒါရိုက်တာ Pablo DT Valenzuela ကနေ Antigen အင်တီဂျင်ကို Yeast (အရက်ချက်ရာမှာသုံးတဲ့) ‘တဆေး’ ကနေ အောင်အောင်မြင်မြင်ထုတ်နိုင်လာတော့ အရင် ကာကွယ်ဆေးကို ဈေးကွက်ကနေ ရုပ်သိမ်းလိုက်ပါတယ်။ Recombinant vaccine အမျိုးအစားဖြစ်တယ်။
• HBV gene မျိုးဗီဇကို ‘တဆေး’ မှာထိုးပေးပြီး လုပ်တာဖြစ်တယ်။ Saccharomyces cerevisiae လို့ခေါ်တယ်။ ကနေ့သုံးနေတာက ဒီအမျိုးအစားသာဖြစ်ပါတယ်။
• အများဆုံးသုံးနေတဲ့ ဘီပိုးကာကွယ်ဆေးတွေက Recombivax HB (Merck), Engerix-B (GSK), Elovac B, Genevac B (Serum Institute), Shanvac B စတာတွေဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ (၂-၃-၂ဝ၁၄)
ဒေါက်တာတင့်ဆွေ - Hepatitis B vaccine ဘယ်ကနေထုတ်သလဲ




