5
Jul

HIV



မေး။ ကျွန်တော်
HIV စစ်တာပိုးတွေ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် ကိုယ်ခံအားက ဆေးသောက်စရာ မလိုသေးဘူးလို့
သိရပါတယ်။ ဒီကြားထဲ ကျွန်တော်ဘယ်လို နေထိုင်သင့်ပါသလဲ။

ဖြေ။
ပိုးရှိပေမဲ့လည်း ARV ဆေးသောက်ဖို့ မလိုအပ်သေရင်တော့ ဆေးသောက်စရာ မလိုသေးပါဘူး။ ကိုယ့်မှာ
ကိုယ်ခံအားကောင်းနေရင် ဆေးသောက်စရာ မလိုသေးပါဘူး။ ဒါပေမယ့် ပိုးရှိပြီးလို့ သိပြီးနောက်ပိုင်း
ကိုယ့်ကိုကိုယ်တော့ ပိုဂရုစိုက်ရမယ်။ အားရှိအောင် နေမယ်။ အာဟာရ ပြည့်ဝတဲ့ အစာတွေ စားရပေးရမယ်။
အိပ်ရေဝဝ အိပ်ရမယ် အန္တရာယ်ရှိတဲ့ အပြုအမူတွေ ရှောင်ရမယ်။ ကိုယ့်ဆီကနေပြီး သူများဆီ
မကူးဆက်အောင် သတိထားရမယ်။

CD4
Court ကိုတော့ မှန်မှန်စစ်ပေးရမယ်။ CD4 count ကို ၃ လတစ်ကြိမ်၊ ၆ လ တစ်ကြိမ် မှန်မှန်
စစ်ပေးရမယ်။ CD4 Count မတရားကျနေရင် ဆရာဝန်နဲ့ပြန်ပြီး ဆွေးနွေးတိုင်ပင် ရမယ်။ ရောဂါ
ကူးစက်နိုင်တဲ့ နည်းလမ်းများ

အကာအကွယ်
မပါတဲ့ လိင်ဆက်ဆံခြင်း

မသန့်ရှင်သော
ဆေးထိုအပ်ပြွန်များ အသုံးပြုခြင်း

ရောဂါပိုး
ပါရှိသည့် သွေးသွင်ခြင်း

HIV/AIDS
နှင့် ပတ်သက်၍ အောက်ပါတယ်လီဖုန်း နံပါတ်များသို့ ဆက်သွယ် ဆွေးနွေးနိုင်ပါသည်။

(နှစ်သိမ့်ဆွေးနွေး
ပညာပေးအဖွဲ့)

၀၁
- ၃၇၀၅၆၈၊ ၃၇၇၉၄၆၊ ၃၈၂၁၀၈

အထက်ပါမေးခွန်းကို
နှစ်သိမ့်ဆွေးနွေး ပညာပေးအဖွဲ့ (ဗဟိုမှ ပြောကြားပေးခြင်း ဖြစ်သည်။

အေးအေးဇင်

True News
- အတွဲ ၂၊ အမှတ် ၃၅၊ ၂၇ ဧပြီ၊ ၂၀၁၀ အင်္ဂါနေ့ (စာမျက်နှာ ၂၅)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top