26
Feb

HIVပိုး၏ဇာတိသည် ဟေတီနိုင်ငံဖြစ်ကြောင်းရှာဖွေတွေ့ရှိ

<?xml:namespace prefix = o ns = "urn:schemas-microsoft-com:office:office" />

BBC 30/Oct/2007

 

အပြည်ပြည်ဆိုင်ရာ သိပ္ပံပညာရှင်များအဖွဲ့၏ လေ့လာချက်များအရ HIV ရောဂါပိုးစတင် ပေါက်ဖွားရာဒေသသည် ဟေတီိနိုင်ငံ ဖြစ်ကြောင်းတွေ့ရှိရသည်။ သိပ္ပံပညာရှင်များ ကပြောကြားရာတွင် HIV ဗိုင်းရပ်စ်ပိုး မျိုးရိုးဗီဇသည် ကမ္ဘာတစ်ခွင်သို့မပျံနှံမီ ၁၉၆၉ခုနှစ် ပတ်ဝန်းကျင်က ဟေတီနိုင်ငံတွင် စတင်ပေါက်ဖွားခဲ့ပြီး အမေရိကန်နိုင်ငံသို့ ရောက်ရှိခဲ့သည်ဟုဆိုသည်။

 

AIDS ရောဂါဖြစ်ပွားစေသော HIV ဗိုင်းရပ်စ်၏မူလဇစ်မြစ် မျိုးရိုးစတင်ရာဒေသကို ရှာဖွေလေ့လာမှုသည် ရောဂါကိုကုသရန် နည်းလမ်းများ ရှာဖွေရာတွင် အထောက်အကူဖြစ်စေမည် ဟုသိပ္ပံပညာရှင်များက ယုံကြည်ကြသည်။ ယခုအခါတွင်သိပ္ပံပညာရှင်များက HIV ဗိုင်းရပ်စ်၏ စတင်ပေါက်ပွားရာ ဒေသကို ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်ကြောင်းအမေရိကန် အမျိုးသားသိပ္ပံအကယ်ဒမီ ၏မှတ်တမ်းတွင် ဖော်ပြထားသည်။

 

သိပ္ပံပညာရှင်အဖွဲ့က ဟေတီနိုင်ငံမှ အမေရိကန်သို့ လာရောက်နေထိုင်သူများ ဖြစ်ကြသည့်အစောဆုံး AIDS ရောဂါသည်၅ ဦးနှင့်ကမ္ဘာ့နိုင်ငံ အသီးသီးမှ AIDS ဝေဒနာသည် ၁၁၇ ဦးထံမှ သွေးနမူနာများကို ယူ၍ မျိုးရိုးဗေဒအစီအစဉ်ကို စစ်ဆေးခဲ့ရာတွင် တူုညီသောမျိုးရိုးဗေဒ အစီအစဉ် များရှိကြသည်ကို တွေ့ရှိခဲ့ရသည်။ ထိုတွေ့ရှိချက်အရ အမေရိကန်နိုင်ငံသို့ ရောက်ရှိခဲ့သော HIV ပိုး၏ မျိုးရိုးဗီဇအစသည် ဟေတီနိုင်ငံဖြစ်ပြီး ၁၉၆၉ခုနှစ်ခန့်က လူတစ်ဦးတည်းထံမှ စတင်၍ လူအများသို့ ကူးစက်ခဲ့ ခြင်းဖြစ်ကြောင်း ကောက်ချက်ချခဲ့သည်။(ဘီဘီစီ)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top