HIV
ပိုးရှိနေသော မိခင်မှမွေး ဖွားခဲ့သည့် ကလေးငယ် တစ်ဦးတွင် တစ်နှစ်သားအရွယ်အထိ
HIV
Positive ဖြစ်ခဲ့သော်လည်း တစ်နှစ်နှင့် ခြောက်လသားအရွယ်မှစ၍
ဆေးစစ် ချက်များအရ HIV ပိုးလုံးဝမတွေ့ရှိရ တော့ကြောင်း HIV ပိုးကူးစက်ခံ
ကလေးများ စောင့်ရှောက်ထားရာ သုခရိပ်မြုံမှ အတွင်းရေးမှူး ဒေါက်တာ ထားထားက ပြောကြားခဲ့သည်။
HIV ပိုးရှိသောမိခင်မှ
ကိုယ်ဝန် ဆောင်ချိန်နှင့် နို့တိုက်ချိန်တွင်ကလေး ကိုကူးစက်မှု အနည်းဆုံး ဖြစ်သော်လည်း မွေးဖွားချိန်တွင်မှု
မိခင်ရှိ HIV
ပိုး အများဆုံးကူးစက်နိုင်ကြောင်း
သိရှိရသည်။ သုခရိပ်မြုံကို ၂၀၀၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ရာ အဆိုပါ ကလေးငယ်မှာလည်း
ယင်းနှစ်တွင်ပင် သုခရိပ်မြုံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
''ဒီမှာရှိတဲ့ ကလေးတွေအားလုံး ကိုခြောက်လတစ်ကြိမ် အမြဲတမ်းဆေး
စစ်မှုတွေပြုလုပ်ပေးပါတယ်။ အဲဒီ ကလေးတွေအနက် ၂၀၀၅ ခုနှစ်ကတည်းက ဗဟိုအမျိုးသမီးဆေးရုံကြီးကနေ
ကျွန်မတို့ရဲ့ ရိပ်မြုံကို မိဘက
စွန့်ပစ်ခံခဲ့ရတဲ့ HIV ပိုးကူးစက်ခံ
ကလေးတစ်ဦး ရောက်လာတာကို ပြုစု ပေးထားခဲ့ပါတယ်။
အဲဒီကလေး ရိပ်မြုံကို ရောက်တုန်းကတော့ သူဆီမှာ အမေရဲ့ Antibody
(ပဋိပစ္စည်း)က ပါလာတာကြောင့် အဲဒီအချိန်တုန်းက
ကလေးကို ဆေးစစ်ချက်အရ positive အဖြေထွက်နေတယ်။ ဒါပေမဲ့ တစ်နှစ်နဲ့ ခြောက်လသားအရွယ် ရောက်တဲ့အခါမှာ ထပ်မံဆေးစစ်ချက်
အရ ကလေးမှာ HIV ပိုး negative ဖြစ်နေတာကိုတွေ့လာရတယ်။
ဒါနဲ့ အချိန်ယူပြီး မကြာခဏ ဆေးစစ်တော့လည်းအဖြေက negative ပဲထွက်လာတယ်။
အခု အဲဒီကလေးက အသက် ၅ နှစ်ရှိနေပြီ။ အသက် ၅ နှစ်အရွယ်မှာ အသေချာဆုံးဖြစ်အောင် Viral Lode စစ်လိုက်တော့လည်း negative ပဲထွက်လာပါတယ်။
ဒါကြောင့် ကလေးမှာ HIV
ပိုး လုံးဝမရှိတော့တာ
သေချာသွားပါပြီ။ အဲဒီကလေးကို စရောက်ကတည်းက အခုအထိ ART ဆေးတစ်ကြိမ်မှ မတိုက်ကျွေးရသေးပါဘူး။ ဒီကလေးရဲ့ဆေးစစ်ချက်တွေ အားလုံးရှိပါတယ်''ဟု ဒေါက်တာ ထားထားကရှင်းပြသည်။
သုခရိပ်မြုံရှိ ကလေး ၄၆ ဦးတွင် သဇင်ဆေးခန်း၏ ထောက်ပံ့မှုအရ ART
ဆေးသောက်သုံးနေရသော
ကလေး ၂၈ ဦးရှိပြီး ကျန်ရှိသည့် ကလေးများမှာမူ
အဆိုပါ ဆေးသောက် သုံးရန် မလိုအပ်သောကြောင့် တိုက်ကျွေး ခြင်းမရှိသေးကြောင်းသိရသည်။
သုခ ရိပ်မြုံတွင်အသက်တစ်နှစ်နှင့် ခြောက်လအရွယ်မှစ၍ ၁၅ နှစ်အရွယ်အထိ စုစုပေါင်းကလေး
၄၆ ဦးကို စောင့် ရှောက်ပေးလျက် ရှိကြောင်းသိရသည်။
FIRST-11
အိတ်ခ်ျအိုင်ဗွီ ပိုးရှိသော
မိခင်မှမွေးဖွားခဲ့သည့် ကလေးငယ်တစ်ဦးတွင် တစ်နှစ်သား အရွယ်အထိ HIVPositive ဖြစ်ခဲ့သော်လည်း တစ်နှစ်နှင့်ခြောက်လသား အရွယ်မှစ၍ ဆေးစစ် ချက်များအရ
HIV ပိုးလုံးဝမတွေ့ ရှိရတော့ကြောင်း သိရ




