Nature ဆေးပညာဂျာနယ်၏ အဆိုအရ မျောက်နီများနှင့် စမ်းသပ် သုတေသနပြုဖွယ်များကို ပြုလုပ်ခဲ့ပြီနောက် မျောက်များတွင် ဖြစ်ပွားသည့် SIV ဗိုင်းရပ်စ်ပိုးအား တားဆီးကာကွယ်နိုင်သော ဆေးသစ်တစ်မျိုး ထုတ်လုပ်နိုင်ပြီဟု သိရသည်။
HIV ရောဂါပိုး စတင်တွေ့ရှိရပြီး နှစ်ပေါင်း(၃ဝ)ကျော်အကြာ ကာလတွင် ယခု အသစ်တွေ့ရှိမှုသည် လူသားများတွင်ဖြစ်ပွားသည့် HIV ဗိုင်းရပ်စ်ပိုးအား တားဆီး တိုက်ဖျက်ရေး အတွက် အရေးပါသော ခြေတစ်လှမ်းဟု ဆိုနိုင်ကြောင်း၊ အဆိုပါ ကာကွယ်ဆေးသည် SIV ပိုးရှိသည့်မျောက်များအား (၈ဝ)ရာခိုင်နှုန်းတိုက်ဖျက်နိုင်စွမ်းရှိ သည်ကို တွေ့ရှိရကြောင်း၊ အဆိုပါ ကာကွယ်ဆေး ထိုးထားသည့်မျောက်များတွင် SIV ပိုးသည် တိုက်ခိုက်မှုစွမ်းအား သိသာစွာ လျော့နည်းပါးသည်ကို တွေ့ရှိရကြောင်း၊ EnV ဂလိုင်ကိုပရိုတင်းကို အခြေခံပြီး HIV ပိုးတိုက်ဖျက်သည့် ဆေးဝါးသစ်တစ်မျိုး ဖော်ထုတ်နိုင်ရန် ပညာရှင်များ ကြိုပမ်းလျက်ရှိပါကြောင်းလည်း Health Care ဆေးပညာဂျာနယ်က သတင်းကောင်း ပါးလာပါသည်။
ရိုးရာလေး - HIV ကာကွယ်နိုင်သည့် ဆေးဝါးတစ်မျိုး မျောက်နီများတွင် စမ်းသပ်တွေ့ရှိ




