20
Jul

HIV ကာကွယ်ဆေးကို FDA မှ ထောက်ခံချက် ပေးပြီ

အမေရိကန် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး အဖွဲ့ FDA မှာ ပထမဆုံးသော HIV ကာကွယ်ဆေး တစ်မျိုးကို ထောက်ခံချက် ပေးလိုက်ပြီ ဖြစ်ကာ AIDS ရောဂါကို ဖြစ်စေသည့် HIV ရောဂါပိုးကို တိုက်ဖျက်ရန် ကြိုးစားမှုများ အတွက် အောင်မြင်မှု မှတ်တိုင်တစ်ခု အဖြစ် သတ်မှတ်နိုင်ကြောင်းလည်း သိရသည်။

Truvada ဟု အမည်ရသည့် အဆိုပါ ဆေးမှာ Gilead Sciences Inc., မှ ထုတ်လုပ်ခြင်း ဖြစ်ပြီး HIV ကူးစက်နိုင်ချေ များသူများကို ကာကွယ်ရန် အတွက် သုံးစွဲနိုင်ကြောင်း ထောက်ခံချက် ပေး လိုက်ခြင်း ဖြစ်သည်။ အထူးသဖြင့် မိမိနှင့် ဆက်ဆံဖက်မှာ HIV ရောဂါ ရှိနေသူများ အတွက် သုံးစွဲနိုင်ကြောင်း သိရသည်။ ယခုလို ထောက်ခံချက်မှာ The New England Journal of Medicine တွင် Truvada ဆေးကို လိင်ကွဲ ဆက်ဆံ ဖက်များ အကြား သုံးစွဲပါက ၇၅ ရာနှုန်း အထိ ကူးစက်မှု လျော့ချနိုင်ကြောင်း ရေးသားခဲ့ အပြီးတွင် ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။ ယခုဆေးမှာ ယခင်က HIV ရောဂါကို ကုသရာတွင် သုံးစွဲခဲ့ခြင်း ဖြစ်ပြီး  ကာကွယ်နိုင်သည့် စွမ်းအား ရှိ မရှိကို စမ်းသပ်ရာမှ တစ်ဆင့် ယခုလို ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။

MRTV-4 - HIV ကာကွယ်ဆေးကို FDA မှ ထောက်ခံချက် ပေးပြီ 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top