12
May

HIV ကာကွယ်ဆေးတွေ့

Truvada ဆေးဝါးကို အမေရိကန် ဆေးဝါးနဲ့ အစားအသောက်ဆိုင်ရာ စီမံခန့်ခွဲမှု ဘုတ်အဖွဲ့ FDA ကို အသိအမှတ်ပြုဖို့ ထောက်ခံတင်ပြ လိုက်သူကတော့ အမေရိကန် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူအုပ်စု တခု ဖြစ်ပါတယ်။ တခါ တခြားတဘက်မှာတော့ အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ် ဖြစ်နေသူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ နယ်ပယ်ထဲက ကျွမ်းကျင်သူတချို့နဲ့ အဖွဲ့အစည်းတချို့ကတော့ ဒီဆေးကို အသိအမှတ်မပြုဖို့အတွက် ကန့်ကွက်နေကြ ပါတယ်။

ဒါပေမယ့်လို့ သတင်းထောက်တွေရဲ့ အဆိုအရတော့ အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးအတွက် သမိုင်းမှတ်တိုင်သစ်တခုတော့ ဖြစ်တော့မယ်လို့ သိရပါတယ်။ ဂလက်စတုန်း အင်စတီကျူ က ဒေါက်တာရောဘတ် ဂရန့်ကလည်း အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ်ကို အမြစ်ဖြုတ် ချေမှုန်းနိုင်တော့မယ့် ခေတ်ထဲ ရောက်တော့မယ်ဆိုတာ မြင်နေရပါပြီ။ ဒါဟာ ပထမဆုံးအကြိမ်လည်းဖြစ်၊ကြီးမားတဲ့ သမိုင်းဝင် မှတ်တိုင်ကြီးလည်း ဖြစ်ပါတယ်လို့ ပြောသွားပါတယ်။

၂၀၁၀ ပြည့်နှစ်က လေ့လာမှုတွေ အရတော့ ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် ဂျီလတ် ဆိုင်းယင့်စ်က ထုတ်လုပ်ခဲ့တဲ့ Truvada ဆေးဝါးဟာ ကျန်းမာသန်စွမ်းတဲ့ လိင်တူအမျိုးသားတွေ သုံးတဲ့အခါ အိတ်ခ်ျအိုင်ဗီ ဖြစ်ပွားမှုနှုန်း ၄၄ ရာခိုင်နှုန်း လျော့ကျသွားပြီး၊ အိတ်ခ်ျအိုင်ဗီပိုး ရှိနေတဲ့ လိင်ဆက်ဆံနေဆဲဖြစ်တဲ့ ပိုးမရှိသေးတဲ့ သူတွေမှာတော့ ၇၃ ရာခိုင်နှုန်း လျော့ကျသွားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ်ဆိုရာ အကြံပေးကော်မတီက FDA ကို ၁၉ မဲ သုံးမဲနဲ့ ထောက်ခံတင်ပြခဲ့တာမှာတော့ ကူးစက်နိုင်ချေများတဲ့ လူကွဲတွေနဲ့ လိင်တူချင်း ဆက်ဆံမှုများတဲ့ ပိုးမရှိသေးတဲ့ အမျိုးသားတွေကို ဒီဆေးကို သုံးကြဖို့ အကြံပေး တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။

ဒီအဖွဲ့ကပဲ လိင်မှုလွန်ကျူးသူတွေနဲ့ ပိုးရှိသူတွေနဲ့ အတူနေကြတဲ့သူတွေကိုလည်း ပိုးမကူးအောင် ကာကွယ်ဖို့အနေနဲ့ ဒီဆေးကို သုံးကြဖို့ ထောက်ခံမဲ အတော်များများနဲ့ ထောက်ခံထားတယ်လို့ သိရပါတယ်။ အမေရိကန် ဆေးဝါးနဲ့ အစားအသောက် စီမံခန့်ခွဲရေးဘုတ်အဖွဲ့ FDA ကတော့ ဒီဆေးနဲ့ ပတ်သက်ပြီး သုံးစွဲဖို့ သင့်တယ်၊ မသင့်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို လာမယ့် ဇွန်လ ၁၅ ရက်နေ့မှာ ချမှတ်သွားမယ်လို့ သိရပါတယ်။

ဘီဘီစီ - HIV ကာကွယ်ဆေးတွေ့ 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top