3
Oct

HIV ကာကွယ်ဆေး စပ်းသပ်မှုအောင်မြင် လူသုံးဦးလျှင် တစ်ဦးခန့် HIV ကာကွယ်ပေးနိုင်



ထိုင်းနိုင်ငံတွင်
ပြုလုပ်ခဲ့သော အိတ်ခ်ျအိုင်ဗွီ ကာကွယ်ဆေး စမ်းသပ်မှုမှာ ပထမဆုံး အကြိမ်အဖြစ် အတိုင်းအတာတစ်ခုထိ
အောင်မြင်ခဲ့ပြီး သုံးဦးလျှင် တစ်ဦးနှုန်းခန့် အိတ်ခ်ျအိုင်ဗွီ ကူးစက်နိုင်ခြေမှ ကာကွယ် ပေးနိုင်ကြောင်း
တွေ့ရှိခဲ့ရသည်။ သို့ရာတွင် ယခု စမ်းသပ်မှုကို ချက်ချင်း အသုံးချနိုင်မည့် အခြေအနေ မရှိသေးကြောင်း
သုတေသန ပညာရှင်များက ပြောကြားခဲ့သည်။

သို့ရာတွင်
အိတ်ခ်ျအိုင်ဗွီ ပိုးကို စတင်တွေ့ရှိပြီး ၂၆နှစ်အတွင်း သိသာသည့် အောင်မြင်မှုတစ်ရပ်အဖြစ်
ပညာရှင်များက အသိအမှတ်ပြုခဲ့ကြသည်။

အမေရိကန်
စစ်ဖက်နှင့် ထိုင်းကျန်းမာရေး ဌာနတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည့် ယခု စမ်းသပ်မှုတွင်
ဆေးပေါင်းစပ် အသုံးပြုသည့် နည်းစနစ် ကို အသုံးပြုခဲ့ကြသည်။

ယခင်
စမ်းသပ်မှုများတွင် အလုပ်မဖြစ်ခဲ့သော ဆေးနှစ်မျိုးကို ပေါင်းစပ်ပေးခြင်းဖြင့် ထိုင်းနိုင်ငံမှ
အိတ်ခ်ျအိုင်ဗွီ ကူးစက်မခံရသေးသူ အသက် ၁၈နှစ်မှ ၃၀ကြား လူပေါင်း ၁၆၀၀၀ ကျော်ကို စမ်းသပ်
ခဲ့ရာ အိတ်ခ်ျအိုင်ဗွီ ကူးစက်နိုင်ခြေ ၃၁ရာခိုင်နှုန်းမျှ လျော့ကျစေကြောင်း တွေ့ရှိခဲ့ရသည်။
အိတ်ခ်ျအိုင်ဗွီ ပိုးကို တိုက်ခိုက်ရန် ကိုယ်ခံအား မြင့်စေသော ဆေးတစ်မျိုး ပေါင်းစပ်ပေးသည့်
နည်းကို သုံးခဲ့ခြင်း ဖြစ်သည်။

စေတနာ့
ဝန်ထမ်း အစမ်းသပ်ခံသူ ၁၆၀၀၀ ကို လျှို့ဝှက်စွာ နှစ်သုတ်ခွဲပြီး ၈၁၉၇ ယောက်ကို ယင်းဆေး
နှစ်မျိုးပေးကာ ကျန် ၈၁၉၈ယောက်ကျော်ကို အာနိသင်မရှိသော ဆေးပေးသည့် နည်းဖြင့် ခွဲခြားစမ်းသပ်ခဲ့ပြီး
သုံးနှစ်ကြာအောင် စောင့်ကြည့်ခဲ့သည်။

ဆေးပေးခဲ့သည့်
၈၁၉၇ဦး တွင် ၅၁ဦးသာ အိတ်ခ်ျအိုင်ဗွီ ပိုးကူးစက်ခံရပြီး အာနိသင်မရှိသော ဆေးပေးခဲ့သူ
၈၁၉၈ ဦးတွင် ၇၄ဦး၌ အိတ်ခ်ျအိုင်ဗွီ ပိုးတွေ့ရှိခဲ့သည်။

ယင်းနှစ်ဖွဲ့ကို
နှိုင်းယှဉ်ပါက ပေါင်းစပ် ဆေးပေးခံရသော အုပ်စုသည် ဆေးပေးမခံရသော အုပ်စုထက် ပိုးကူးနိုင်ခြေ
၃၁ ရာခိုင်နှုန်း နည်းပါးသည်ကို တွေ့ရှိခဲ့ရသည်။

သုတေသန
ပညာရှင်များသည် ယင်းတို့၏ စမ်းသပ်တွေ့ရှိသူများအား အောက်တိုဘာလတွင် ပြင်သစ်နိုင်ငံ
ပါရီမြို့တွင် ကျင်းပမည့် AIDS ကာကွယ်ဆေး ညီလာခံတွင် အသေးစိတ် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း
သိရသည်။

Ref
. CNN

www.first-11.com

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top