27
Jun

HIV ကာကွယ်ဆေး ထိရောက်လာပြီ


 

စမ်းသပ်ဆဲ
HIV ကာကွယ်ဆေးတစ်မျိုးက ပထမဆုံးအကြိမ် ထိရောက်ကြောင်း တွေ့ရှိရတယ်လို့ သုတေသီတွေက
ဆိုပါတယ်။ အစောပိုင်း စမ်းသပ်ဆဲ ကာကွယ်ဆေးနှစ်မျိုးကို ပေါင်းစပ်ထားတဲ့
အဲဒီကာကွယ်ဆေးကို ထိုင်းမှာ လူပေါင်း ၁၆၀၀၀ နဲ့ အကြီးမားဆုံး စမ်းသပ်မှု
ပြုလုပ်ခဲ့ပါတယ်။ အဲဒီကာကွယ်ဆေးက HIV ကူးစက်နိုင်ခြေကို သုံးပုံတစ်ပုံနီးပါး
လျှော့ချပစ်နိုင်တယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ရပါတယ်။ အဲဒီ လေ့လာမှုကို
အမေရိကန်စစ်တပ်နဲ့ ထိုင်းအစိုးရတို့က ပူးပေါင်းပြုလုပ်တာဖြစ်ပြီး ၇ နှစ်ကြာမြင့်ခဲ့ပါတယ်။

တစ်ခုချင်းစီအနေနဲ့
ကူးစက်မှုနှုန်းကို လျှော့ချနိုင်ခြင်း မရှိတဲ့ ကာကွယ်ဆေးဟောင်း နှစ်မျိုးကို
ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ ရလဒ်တွေက အားရဖွယ်ဖြစ်ပြီး ဒီတွေ့ရှိချက်က
ဆယ်စုနှစ်တစ်ခုကြာ အေ့စ်ကာကွယ်ဆေး လောကမှာ ပထမဆုံး သတင်းကောင်းပဲလို့ Lancet
ဆေးပညာဂျာနယ် အယ်ဒီတာ ဒေါက်တာ ရစ်ချက်ဟော်တန်က ဆိုပါတယ်။ အဲဒီ တွေ့ရှိချက်ကို
ကမ္ဘာ့ကျန်းမာရေး အဖွဲ့နဲ့ UN/AIDS အစီအစဉ်တွေကလည်း ချီးကျူးထောပနာ ပြုလိုက်ပါတယ်။

Myanmar
news zone
-

HIV
ကာကွယ်ဆေး ထိရောက်လာပြီ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top