26
Feb

HIV ကာကွယ်ဆေး အဖြစ် ART ဆေးဝါးများကို အသုံးပြုလာ

လိင်တူ ချစ်သူများ အနေဖြင့် ကျန်းမာရေး ကောင်းမွန် နေသော်လည်း ရောဂါကူးစက်မှု မဖြစ်ပွား စေရန် ကြိုတင် ကာကွယ်သည့် အနေဖြင့် HIV ဆေးဝါးများကို ကြိုတင် သောက်သုံး ပေးသင့်ကြောင်း ယူကေ ဆေးဝါး သုတေသန ကောင်စီနှင့် အင်္ဂလန်နိုင်ငံ ပြည်သူ့ ကျန်းမာရေး သိပ္ပံပညာရှင် များက အဆိုပြုထားသည်။

''ကျွန်တော်တို့ရဲ့ လေ့လာတွေ့ ရှိချက် အရ HIV ဆေး ပုံမှန်တိုက်ကျွေး ထားခြင်းအားဖြင့် တစ်နှစ်ကို လိင်တူချစ်သူ ၁၃ ဦးမှာ တစ်ဦးနှုန်း HIV မဖြစ်အောင် ကာကွယ်ပေး နိုင်ပါတယ်။ ရောဂါကူးစက် နိုင်ခြေ အလွန်မြင့်မားတဲ့ လူပေါင်း ၅၄၅ ဦး ကို စမ်းသပ်ခဲ့ တာပါ။ အမျိုးသမီး တွေကို တားဆေး တိုက်သလိုပဲ လိင်တူချစ်သူ တွေကိုလဲ ART ကြိုတိုက်ထားမယ် ဆိုရင် HIV ကူးစက်ပြန့်ပွားမှု နှုန်းကို အများကြီး ထိန်းချုပ် နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ယူဆပါတယ်'' ဟု သုတေသီ တစ်ဦးက ရှင်းပြသည်။

Antiretroviral Therapy ခေါ် ART ဆေးသည် HIV ရောဂါသည်များကို သာမန်လူလောက် နီးနီး ပြန်လည် ကောင်းမွန်သက်သာ လာအောင် ကုသပေးနိုင်ရာ HIV ကူးစက်ခံ ရခြင်းရှိ၊ မရှိ မသေချာ သေးသော လိင်တူချစ်သူ များကို ကြိုတင် တိုက်ကျွေးခြင်း အားဖြင့် HIV ကာကွယ် ကုသမှု လုပ်ငန်းစဉ် တစ်ရပ်လုံးတွင် ကြီးမားသော အပြောင်းအလဲ ရှိလာနိုင်ပြီး HIV ကူးစက်ခံရသူ ဦးရေကိုလည်း လျှော့ချနိုင်လိမ့် မည်ဟု သုတေသီ များက ယုံကြည် နေကြသည်။

“ART က HIV လူနာတွေကို ထိရောက်စွာ ကုသပေးနိုင် ပါတယ်။ အခုသူ့ကို ကာကွယ်ဆေး အဖြစ်လဲ ကျွန်တော်တို့ အသုံးပြု သွားမှာပါ။ လိင်တူချစ်သူ တွေဟာ HIV ကူးစက် ခံရနိုင်ခြေ အလွန်မြင့်မား ပါတယ်။ လန်ဒန်မှာ လိင်တူချစ်သူ ရှစ်ယောက် မှာ တစ်ယောက်က HIV ရှိပါတယ်။ တစ်နိုင်ငံလုံး မှာတော့ ၂၆ ယောက်မှာ တစ်ယောက်နှုန်း ဖြစ်ပါတယ်။ ART ကို ကာကွယ်ဆေး အဖြစ် အသုံးပြုပြီး ကတည်းက HIV ကူးစက်ခံရတဲ့ လိင်တူချစ်သူ ဦးရေ ၈၆ ရာခိုင်နှုန်း ကျဆင်းခဲ့ ပါတယ်'' ဟု သုတေသီများ က ရှင်းပြသည်။

ကမ္ဘာပေါ်တွင် လိင်တူချစ်သူ အမျိုးသားနှင့် အမျိုးသမီး အမြောက်အမြား ရှိပြီး လိင်တူချစ်သူ အမျိုးသမီး များထက် အမျိုးသား များက HIV ကူးစက်ခံရ နိုင်ခြေ ပိုမိုမြင့်မား သည့်အတွက် HIV ဝေဒနာသည် များကို တိုက်ကျွေးရလေ့ ရှိသော ART ဆေးကို ကာကွယ်ဆေး အဖြစ် ကြိုတင်တိုက်ကျွေး ခြင်းဖြင့် HIV ကူးစက်ခံရ နိုင်ခြေကို ၈၆ ရာခိုင်နှုန်း လျှော့ချနိုင်ပြီး သည့်နောက် ဤကုထုံးကို ကျယ်ပြန့်စွာ ဆက်လက် အသုံးပြု သွားမည် ဖြစ်ကြောင်း သိရသည်။

Postoperative mortality rates low among patients with HIV prescribed ART

Yadanarpon Daily

မြဝတီ - HIV ကာကွယ်ဆေး အဖြစ် ART ဆေးဝါးများကို အသုံးပြုလာ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top