16
Jul

HIV ကာကွယ်ရေးမှာ အားတက်စရာ

သုတေသနအသစ် တခုအရ HIV ကာကွယ်ရေးအတွက် အားတက်စရာတခု တွေ့ရှိလာရသည်။ အာဖရိကမှာ HIV ပိုးရှိနေတဲ့ လင်မယားတွေကို နေ့တိုင်း ART ဆေးပေးရင်ကူးစက်တာကို ထက်ဝက် ကျဆင်းစေနိုင်တာ တွေ့ရတယ်။

Centers for Disease Control and Prevention (CDC) ကူးစက်ရောဂါများ ထိတ်ချုပ်ရေးဌာန သုတေသန အကြီးအကဲ Dr. Lynn Paxton ကနေ ဒီကနေ့ဟာ HIVကာကွယ်ရေးအတွက် နေ့ကောင်းရက်မြတ်ပါဘဲ လို့ပြောလိုက်တယ်။

ဘော့ဆွာနာ နိုင်ငံက လူပေါင်း ၁၂ဝဝ ကိုစမ်းသပ်ခဲ့တယ်။ Truvada ဆေးပေးသူတွေနဲ့ ဆေးမပေးသူတွေကို ခွဲခြားပြီး စမ်းသပ်ခဲ့တာ ဖြစ်တယ်။ ဆေးသောက်သူ ထဲက ၄ ယောက်မှာ HIV ကူးစက်ပြီး ဆေးမသောက်ရသူထဲက ၁၉ ယောက်မှာကူးစက်တယ်။ ၈၇% သက်သာတဲ့သဘော ဖြစ်တယ်။

နောက် သုတေသနတခုကို Bill & Melinda Gates Foundation ကနေ ထောက်ပံ့ပေးထားတဲ့ University of Washington ကနေ လုပ်ခဲ့တယ်။ ကင်ညာ နဲ့
ယူဂန်ဒါ နိုင်ငံတွေက တယောက်ယောက်မှာ HIV ရှိနေသူ ကျားမ- အတွဲပေါင်း ၄၇ဝဝကို စမ်းသပ်ခဲ့တယ်။ ပိုးမရှိသူတွေကို Truvada ဒါမှမဟုတ် Viread ဆေး တခုခုပေးတယ်။ တချို့ကို placebo တခြားဟာသာ ပေးတယ်။ Truvada ဆေးသောက်ခဲ့သူထဲက ၁၃ ယောက်နဲ့၊ Viread ဆေးသောက်ခဲ့သူထဲက ၁၈ယောက်မှာ ရောဂါကူးစက်တာ တွေ့ရပြီး၊ ဆေးမသောက်ရသူထဲက ၄၇ ယောက်မှာ ကူးစက်ခဲ့တယ်။ ၆၂-၇၃% သက်သာတယ်လို့ ကောက်ချက်ချနိုင်တယ်။

University of Washington က သုတေသနအရာရှိ Dr. Jared Baeten ကနေ ပြောတာက အဖြေတွေဟာ Heterosexuals လိင်မတူ အတွဲတွေမှာ အလုပ် ဖြစ်တာသေခြာတယ်လို့။အစမ်းသပ်ခံသူတွေကို Counseling (ကောင်ဆယ်လင်း) ရော Free condoms (ကွန်ဒွမ်) အခမဲ့ဝေတာရော ရကြတာမို့လဲ ကူးစက်မှု နည်းကြတာ ဖြစ်နိုင်တယ်။

ဒေါက်တာတင့်ဆွေ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top