18
Aug

HIV ကာကွယ်ရေး ကွင်းဆင်း ဆောင်ရွက်မှု လုပ်ငန်းများကို ယခုနှစ်ကုန် အထိ ပြုလုပ်သွားမည်

မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်း MANA နဲ့ UNICEF တို့ ပူးပေါင်းပြီး ဆောင်ရွက် နေတဲ့ အမျိုးသား၊ အမျိုးသမီး တွေမှာ HIV ပိုး ကာကွယ်ရေး ကွင်းဆင်း လုပ်ဆောင်မှုတွေကို ယခု နှစ်ကုန်အထိ ကွင်းဆင်း ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ မာနာမှ တာဝန်ရှိ သူရဲ့ ပြောပြချက် အရ သိရပါတယ်။

အဆိုပါ စီမံချက် လုပ်ငန်းတွေ ကိုတော့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့၊ မန္တလေးတိုင်း ဒေသကြီး၊ မြင်းခြံမြို့၊ ကရင်ပြည်နယ်၊ ဘားအံ့မြို့နဲ့ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ လှိုင်သာယာမြို့ အစရှိတဲ့ မြို့နယ်များမှာ စီမံချက် လုပ်ငန်းများ ဆောင်ရွက်လျက် ရှိနေတယ်လို့ သြဂုတ်လ ၁၇ ရက်နေ့ အဆိုပါ အသင်း ခန်းမမှာ ကျင်းပပြုလုပ်တဲ့ အစည်းအဝေးမှ သိရပါတယ်။

ဒါ့အပြင် MANA အသင်း အနေဖြင့် UNFPA နဲ့လည်း စီမံကိန်း လုပ်ငန်း ၄ခု လုပ်ဆောင်ဖို့ ရှိရာမှာ တစ်ခုကို စတင် လုပ်ဆောင် နေပြီ ဖြစ်ပါတယ်။ အဆိုပါ စီမံကိန်းများ လုပ်ကိုင်ဖို့ အတွက် ရန်ကုန်မြို့မှာ Project ရုံးဖွင့်လှစ်ပြီး ရန်ကင်းမြို့၊  ချမ်းအေးသာဇံ မြို့နယ်နဲ့ တာချီလိတ် မြို့နယ်တို့ မှာတော့ ရိပ်မွန်များ ဖွင့်လှစ်ကာ HIV ကာကွယ် တားဆီးရေး လုပ်ငန်းများနဲ့ အသိပေး ဆွေးနွေးမှုများကို ပြုလုပ်လျက် ရှိတယ်လို့ သိရ ပါတယ်။ ဒီလို လုပ်ဆောင်မှုတွေ သာမက လက်ရှိ မှာလည်း MANA အသင်း ဘဏ္ဍာငွေ ရှာဖွေရေး ကော်မတီရဲ့ ကြိုးပမ်းမှု တွေကြောင့် ၀င်ငွေပိုမို ရရှိလာတာ ကြောင့်လည်း ပြည်သူ့ အကျိုးပြု ဆောင်ရွက် မှုတွေကို ယခင်ကထက် ပိုမိုဆောင်ရွက် လာနိုင်ပြီ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

MRTV-4HIV ကာကွယ်ရေး ကွင်းဆင်း ဆောင်ရွက်မှု လုပ်ငန်းများကို ယခုနှစ်ကုန် အထိ ပြုလုပ်သွားမည်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top