19
Nov

HIV ကာကွယ် တားဆီးရေး လှုပ်ရှားမှုများ မြို့နယ်များ တွင်ပါ ပြုလုပ်လာ

မြန်မာနိုင်ငံ အတွင်း မြို့နယ်များမှာပါ HIV ကာကွယ် တားဆီးရေး ဆိုင်ရာ လှုပ်ရှားမှုများ ရှိလာတယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက် လာရတာဟာ ရပ်ကွက်၊ မြို့နယ်များ အတွင်း နေထိုင်  ကြတဲ့ လုပ်သား ပြည်သူများဟာ HIV နဲ့ ပတ်သက်တဲ့ ဗဟုသုတ နည်းပါးသေး တာကြောင့် ခုလို မြို့နယ် အဆင့် ဆောင်ရွက် ချက်များပါ ဆောင်ရွက် ရခြင်း ဖြစ်တယ်လို့ နိုဝင်ဘာလ ၁၅ရက်နေ့က သာကေတ မြို့နယ်မှာ ကျင်းပတဲ့ HIV ကာကွယ် တားဆီးရေး ဆိုင်ရာ ဆွေးနွေးပွဲ တစ်ခုမှ တာဝန်ရှိ သူတစ်ဦး ပြောကြား ချက်အရ သိရပါတယ်။

အခုလို ဆောင်ရွက် ရခြင်းဟာ ယနေ့ ကမ္ဘာပေါ်မှာ လူဦးရေများ ထဲမှ အသက် အုပ်စု ၁၅နှစ်မှ ၂၄ နှစ် အတွင်းရှိတဲ့ လူငယ် ၅၀ ရာခိုင်နှုန်း ကျော်ဟာ HIV ရောဂါပိုး ကူးစက်ခံ နေရခြင်း ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလို ဆွေးနွေး ပွဲများမှ တစ်ဆင့် ရရှိလာတဲ့ အသိပညာ များကို လူငယ်များကို ပြန်လည် ပို့ချသင်ကြား ပေးခြင်းဖြင့်လည်း HIV ရောဂါပိုး ကူးစက် ခံရမှုကို တစ်ဖက် တစ်လမ်းမှ ကာကွယ်နိုင် မှာဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်းမှ စေတနာ ၀န်ထမ်း လူငယ်များက လက်ထိုးရုပ်ငယ်များဖြင့် HIV ရောဂါပိုး ကာကွယ် တားဆီးရေး ဆိုင်ရာ ဆောင်ရွက် ချက်များကို အခြေခံပညာ ကျောင်းများမှာ လိုက်လံ ဟောပြော ပေးလျက် ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီလို ဆောင်ရွက်မှုကို ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်က အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၃ သောင်းကျော် ဟောပြော နိုင်ခဲ့ပြီး ယခုနှစ် ၂၀၁၀ ခုနှစ်မှာတော့ ၂ သောင်းကျော် ခန့်ပညာပေး လုပ်ငန်းများ ဆောင်ရွက် နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက် ချက်များကို နယ်ဒေသ များမှာပါ တွင်ကျယ်စွာ ဆောင်ရွက်နိုင်ဖို့ စီမံချက် များရေးဆွဲကာ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

MRTV-4 - HIV ကာကွယ် တားဆီးရေး လှုပ်ရှားမှုများ မြို့နယ်များ တွင်ပါ ပြုလုပ်လာ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top