28
Nov

HIV ကာကွယ် တားဆီးရေး အသိပညာပေး ဆွေးနွေး

မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင့်ရေး အသင်းနှင့် ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး HIV ကာကွယ် တားဆီးရေး အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက ရန်ကုန် မြောက်ပိုင်းခရိုင် လှိုင်သာ ယာမြို့နယ် ဝေဇယန္တာ ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ် ကျန်းမာရေး ဦးစီးမှူး၊ မြို့နယ် ခုခံကျ ကာလသားရောဂါ တိုက်ဖျက်ရေး အဖွဲ့ ခေါင်းဆောင်၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်းမှ တာဝန်ရှိသူများက HIV ကာကွယ် တားဆီးရေး အကြောင်းကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးကြသည်။ အဆိုပါ ဆွေးနွေးပွဲသို့ လှိုင်သာ ယာမြို့နယ် ရဲတပ်ဖွဲ့မှ မြို့နယ် ရဲတပ်ဖွဲ့မှူး၊ စခန်းမှူးများ၊ လှိုင်သာယာ မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် မိသားစု များ၊ သောင်ကြီးနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် မိသားစုများ၊ ဖိတ်ကြား ထားသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ကြပြီး အခမ်းအနားကို ညနေ ၃ နာရီတွင် ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။

ရန်ကုန် နိုဝင်ဘာ ၂၇

မြဝတီ - HIV ကာကွယ် တားဆီးရေး အသိပညာပေး ဆွေးနွေး 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top