4
Jul

HIV ကုသဖို့ နည်းလမ်းသစ်တွေ့

အမေရိကန် ပြည်ထောင်စုက HIV ဗိုင်းရပ်စ် ကူးစက် ခံထားရတဲ့ အမျိုးသား နှစ်ဦးမှာ သွေးကင်ဆာ ဖြစ်တဲ့ အတွက် ရိုးတွင်းခြင်ဆီ အစားထိုး ကုသခဲ့ရာကနေ အဲဒီ လူ ၂ ဦးမှာ HIV ပိုး ထပ်မတွေ့ရတော့ ဘူးလို့ ဆရာဝန်တွေက ပြောပါတယ်။ အဲဒီ အတွက် သူတို့ကို HIV ကုသမှု ပေးနေတာကို ရပ်နားထား ပါတယ်။

ဒါပေမယ့်လို့ အခုလို ရိုးတွင်း ခြင်ဆီ အစားထိုး တာကို HIV ဗိုင်းရပ်စ် အတွက် ကုထုံး တခုလိုတော့ ပြောဖို့ရာ အရမ်းစောလွန်း သေးတယ်လို့ ဘရစ်ဂမ်နဲ့ အမျိုးသမီး ဆေးရုံက ဆရာဝန်တွေက ပြောပါတယ်။ အကြောင်း ကတော့ HIV ပိုးဟာ အချိန်မရွေး ပြန်ပေါ်လာနိုင်တာကြာင့်လို့ ဆိုပါတယ်။

သူတို့ နှစ်ဦး မတိုင်ခင် အရင် လူနာတဦး ကိုတော့ ရိုးတွင်း ခြင်ဆီ အစားထိုး ကုသပြီး နောက် ဒါဟာ AIDS ကူသမှု ဆိုပြီး ဖေါ်ပြ ပြောဆို ခဲ့ဖူးပါတယ်။ ဘာလို့လဲ ဆိုတော့ အဲဒီ သူကို အစားထိုး လိုက်တဲ့ ရိုးတွင်း ခြင်ဆီဟာ HIV ပိုးကို ခံနိုင်ရည် ရှိတဲ့ လူကနေ ဒါန ပြုထားတဲ့ ရိုးတွင်း ခြင်ဆီ ဖြစ်လို့ ပါတယ်။

ဒါပေမယ့် အခု အမျိုးသား နှစ်ဦး ကိုတော့ ရိုးရိုး သာမန် အလှူရှင် တွေဆီက ရိုးတွင်း ခြင်ဆီ နဲ့သာ ကုသ ခဲ့တာ ဖြစ်တယ် ဆိုပြီးနိုင်ငံ တကာ AIDS ကျွမ်းကျင် သူများ ဖွဲ့စည်း ထားတဲ့ IAS ညီလာခံမှာ ဖေါ်ပြ ခဲ့တာ ဖြစ်ပါ တယ်။

အဲဒီလို ကုသမှု ပြုခဲ့ ပြီးနောက် လူနာ တဦးမှာ HIV ပိုး မတွေ့တာ ၂ နှစ်ရှိ သွားပြီ ဖြစ်ပြီး နောက်တဦး ကတော့ ၄ နှစ်ကြာပြီ ဖြစ်တယ်လို့ ပြောပါ တယ်။

BBC - HIV ကုသဖို့ နည်းလမ်းသစ်တွေ့

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top