23
Jul

HIV ကုသရေးအတွက် အားတက်စရာ သတင်း တစ်ခု

• HIV ကုသရေးအတွက် ကနေ့ သြစတြေးလျ၊ မဲလ်ဘုမ်းကနေ အားတက်စရာသတင်းတခု လာပါတယ်။ ပညာရှင်တွေ အသစ်တွေ့ရှိလာတာကတော့ ဗိုင်းရပ်စ်ပိုးတွေ ပုန်းအောင်းတဲ့နေရာကနေ ထွက်လာစေအောင် လုပ်ပေးနိုင်တာကို ၃ နှစ်တာ စမ်းသပ်မှုတွေကနေ သိလာတာဖြစ်ပါတယ်။
• ဒီနည်းကို "kick-and-kill" နည်းဗျူဟာလို့ခေါ်ပါတယ်။ HIV virus တွေဟာ (ART) ဆေးပေးလိုက်တဲ့အခါ ပုန်းအောင်စရာမှာနေနိုင်ကြတယ်။
• မဲလ်ဘုမ်းမှာ ကျင်းပနေတဲ့ International AIDS Conference in Melbourne ကွန်ဖရင့်မှာ ဒိန်းမတ်နိုင်ငံ Aarhus တက္ကသိုလ်ကနေ တင်သွင်းတဲ့ သုတေသနစာတမ်းအရ သိလာရတာပါ။
• လူနာ ၆ ယောက်ကို ART ဆေးပေးထားတယ်။ နောက်တခါ Romidepsin ခေါ်တဲ့ ကင်ဆာတေးပေးတယ်။ ၅ ယောက်မှာ ပိုးအရေအတွက်က တိုင်းလို့ရတဲ့အထိတက်လာတယ်။ အဲလိုလုပ်တော့ ပိုးတွေကို T-cells တွေနဲ့ တွေစေနိုင်လာတယ်။ T-cells တွေကနေ တွေ့သိပြီး ဖျက်ဆီးပေးစေနိုင်ဘို့အတွက် vacc-4x ခေါ်တဲ့ ကာကွယ်ဆေးထိုးပေးတယ်။
• ဆေးကုသနည်းသစ်ကနေ သွေးထဲမှာ စမ်းရဘို့ထက် နည်းတဲ့အရေအတွက်ထိ လျော့ချပေးနိုင်ပါတယ်။ နာမကျန်းဖြစ်နေသူဟာ လူကောင်းလိုလိုဖြစ်လာစေပါမယ်။ ဒါပေမဲ့ ဆေးကဈေးကြီးတယ်၊ နေ့တိုင်းလိုတယ်။ ဘေးထွက်ဆိုးကျိုးတွေလဲရှိတယ်။ ဆေးရပ်လိုက်ရင် ပြန်ထလာမယ်။

ဒေါက်တာတင့်ဆွေ
၂၃-၇-၂ဝ၁၄

http://news.yahoo.com/aids-cure-study-sees-advance-kick-kill-strategy-070105075.html

ဒေါက်တာတင့်ဆွေ - HIV ကုသရေးအတွက် အားတက်စရာ သတင်း တစ်ခု

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top