အိတ်ခ်ျအိုင်ဗွီဗိုင်းရပ်စ်
ကူးစက်ခံထားရသူ နိုင်ငံခြားသားများအား နိုင်ငံတွင်းသို့လာရောက်ခွင့် ပိတ်ပင်ထားမှုအား
တရုတ်နိုင်ငံက ဧပြီလအတွင်း ရုပ်သိမ်းမည်ဖြစ်ကြောင်း ချိုင်းနားဒေလီ သတင်းစာက ဧပြီလ
၂၁ ရက်နေ့တွင် ဖော်ပြခဲ့ကြောင်း သိရသည်။ နိုင်ငံတော်ကောင်စီ(သို့မဟုတ်) အစိုးရ၀န်ကြီးအဖွဲ့သည်
ယင်းရုပ်သိမ်းမှုအား ဧပြီလ ၁၉ ရက်နေ့တွင် ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
လက်ရှိပြဌာန်းထားသည့်
ဥပဒေအရ တရုတ်နိုင်ငံတွင်းသို့ ပြည်ပမှ အနာကြီးရောဂါသည်များ၊ အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံထားရသူများ၊
စိတ်ဝေနာရှင်များအား လာရောက်ခွင့်ကို ပိတ်ပင်ထားကြောင်း သိရသည်။ ပိတ်ပင်မှုရုပ်သိမ်းကြောင်း
ကြေညာချက်အား မေလ ၁ ရက်နေ့တွင် ရှန်ဟိုင်းမြို့၌ ပြုလုပ်မည့် ကမ္ဘာ့ထုတ်ကုန်ပြပွဲမတိုင်မီ
ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဗျူရိုမှ
လက်ထောက်ညွှန်ကြားရေးမှူး ဟိုယန်းက ပြောကြား ခဲ့သည်။
First
11 - HIV ကူးစက်ခံထားရသူများအား နိုင်ငံတွင်းလာရောက်မှု ပိတ်ပင်ထားခြင်း တရုတ်ရုပ်သိမ်းမည်




