25
Oct

HIV ကူးစက်ခံရရန် အန္တရာယ်ကြီးသည့် လူများထဲတွင် လိင်င်္ဂါ ပြောင်းထားသူများပါဝင်



HIV ပိုးကူးစက်ခံရရန် အန္တရယ်ကြီးမားသည့်
လူအုပ်စုဝင်များထဲတွင် လိင်င်္ဂါပြောင်းလဲ ထားသူများ ပါဝင်လာကြောင်း မြန်မာနိုင်ငံ
ကြက်ခြေနီအသင်းမှ ပြုလုပ်သော အိတ်ခ်ျအိုင်ဗွီ ဆိုင်ရာ သက်တူရွယ်တူအဆင့်တူ
ပညာပေးအစီအစဉ် အလုပ်ရုံ ဆွေးနွေးပွဲမှ သိရသည်။

 

HIV ပိုးကူးစက်ရာတွင် အဓိကကျသည့် လူအုပ်စုဝင်များဖြစ်သည့်
ယေက်ျားချင်း လိင်တူ ဆက်ဆံသူများ ပြည့်တန်ဆာများ၊ မူးယစ်ဆေး ထိုးသွင်းသူများ
အပါအဝင် လိင်အင်္ဂါ ပြောင်းလဲထားသူများ၌လည်း HIV ပိုးအလွယ်တကူ ဝင်ရောက်မှုများ
ရှိနေကြောင်း သိရသည်။

 

“အရင်တုန်းက လိင်အင်္ဂါပြောင်းလဲထားသူတွေကို
အသိပညာပေးတာ မရှိဘူး။ စီမံချက် ထဲမှာလည်း မပါဝင်ဘူး။ အခုနောက်ပိုင်းမှာ
လိင်အင်္ဂါပြောင်းလဲထားသူတွေ များလာတဲ့ အတွက် ဒီပညာပေးမှုကို ထည့်သွင်းတာပါ။
လိင်အင်္ဂါပြောင်း ခွဲစိတ်မှုဟာ HIV အပါအဝင် အခြားကူးစက်ရောဂါတွေ ဝင်ရောက်လာနိုင်လို့
အရမ်းအန္တရာယ် များပါတယ်။ အဓိက ကတော့ လူငယ်မိန်မလျာအများစုနဲ့ ယေက်ျားတွေနဲ့ လိင်တူ
ဆက်ဆံသူတွေအပါအဝင် လိင်အင်္ဂါ ပြောင်းချင်သူတွေဟာ HIVပိုး ကူးစက်မှုနှုန်း
များနိုင်ပါတယ်” ဟုအလုပ်ရုံ ဆွေးနွေးပွဲ၌ တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။




HIV ကူးစက်ခံရရန် အန္တရာယ်ကြီးသည့်
လူများထဲတွင် လိင်င်္ဂါ ပြောင်းထားသူများပါဝင်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top