3
Jan

HIV ကူးစက်ခံရသူများအတွက် ဂျပန်အဆိုတော် Yoko Togawa ကသူ၏ အယ်လ်ဘမ်ကို လက်မှတ်ရေးထိုးရောင်းချခဲ့

Weekly Eleven (4/2/2009)

 

မြန်မာနိုင်ငံမှ HIVကူးစက်ခံနေရသူများအတွက် လူမှုရေးကူညီမှုအနေဖြင့် ရန်ပုံငွေရှာရန် ဂျပန်အဆိုတော် Yoko Togawa က သူ၏အယ်လ်ဘမ်ကို လက်မှတ်ရေးထိုး ရောင်းချခဲ့ကြောင်း သတင်းရရှိသည်။

 

ယင်းလက်မှတ်ရေးထိုးရောင်းချမှုကို ဇန်န၀ါရီ ၄ ရက်နေ့ က ရန်ကုန်မြို့ ရှိအင်းယားလိတ် ဟိုတယ်တွင်ကျင်းပခဲ့သည့် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ မစတင်မီ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

“လူမှုရေးလုပ်ငန်းဖြစ်လို့  မြန်မာနိုင်ငံကိုလာဖို့ ခရီးစဉ်ကို ရွေးချယ်ခဲ့တာပါ။ ဘယ်နိုင်ငံမှ မရောက်ဖူးသေးတော့ စိတ်လှုပ်ရှား မိပေမဲ့ ဒီရောက်တော့ မြန်မာလူမျိုးတွေရဲ့ ဖေါ်ရွေမှုကို တွေ့ ရတဲ့အခါကျတော့ ပျော်ရွင်မိပါတယ်” ဟု Yoko Togawa ကပြောကြားသည်။

 

ဂျပန်အဆိုတော် Yoko Togawa သည် သူ၏ ပထမဆုံး အယ်လ်ဘမ် ဖြစ်သော TOGETHER ကို ခွေ အရေအတွက် ၁၀၀ လှူ ဒါန်း သည့်အနေဖြင့် ကိုယ်တိုင်လက်မှတ် ရေးထိုးပေးခဲ့ခြင်းဖြစ်ပြီး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲတွင်လည်း မေတ္တာနှင့် လာရောက်သီဆို ခြင်းဖြစ်သည်။

 

HIV ကူးစက်ခံနေရသူများအတွက် ရန်ပုံငွေအနေဖြင့် ပြုလုပ်သည့် ဂီတဖျော်ဖြေပွဲနှင့် ဈေးရောင်းပွဲတော်မှ ရရှိသည့် ငွေကြေးများမှ အမြတ်အစွန်း အားလုံးကို HIV ကူးစက်ခံနေရသူများအား ဆေးတိုက်ကျွေးမှုနှင့် မိသားစုဘ၀များအတွက် ကူညီမှုပြုလုပ်နေသည့် AFXB သို့ လှူဒါန်းသွားသည်ဟုသိရသည်။

 


Weekly Eleven (4/2/2009)
မြန်မာနိုင်ငံမှHIV ကူးစက်ခံရသူများအတွက် လူမှုရေးကူညီမှုအနေဖြင့် ဂျပန်အဆိုတော် Yoko Togawaက သူ၏အယ်လ်ဘမ်ကို လက်မှတ်ရေးထိုးရောင်းချခဲ့

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top