9
Oct

HIV ကူးစက်ခံနေရသူများအတွက် လိုအပ်ချက်များတောင်းဆိုသွားမည့် 8th National PLHIV Forum 2014

အရည်အသွေးပြည့်မီတဲ့ ၀န်ဆောင်မှုများပိုမိုရရှိစေဖို့ ဆေးဝါးကုသမမှုလက်လှမ်းမီရရှိစေဖို့နဲ့ လူမှုရေးဆိုင်ရာ ကာကွယ်တဲ့မူဒါဝများဖြစ်ပေါ်စေဖို့အတွက်
မြန်မာနိုင်ငံ HIV/AIDS  နှင့် နေထိုင်သူများအသင်း (MPG) က ဦးဆောင်ပြီး8th National PLHIV Forum 2014 ကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ  HIV နှင့် နေထိုင်သူများအသင်း  (MPG)  ဟာ ပြည်နယ်နှင့် တိုင်းအသီးသီးက HIV ကူးစက်ခံနေရသူတွေအပါအ၀င် HIV  ကူးစက်ခံနေရသူအတွက် ဆောင်ရွက်ပေးနေတဲ့ တိုင်းပြည်နယ်က Myanmar Positive Group အဖွဲ့ဝင်တွေကို ဖိတ်ကြားပြီး ဒီဖိုရမ်ကို ကျင်းပတာ ဖြစ်ပါတယ်။

ဒီဖိုရမ်မှာတော့  HIV ကူးစက်ခံနေရသူတွေလက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဆွေးနွေးပြီး အစိုးရဆီကို တောင်းဆိုသွားမယ်လို့သိရပါတယ်။မြန်မာနိုင်ငံ  HIV နှင့် နေထိုင်သူများအသင်း  (MPG)  ကို ၂၀၀၅ ခုနှစ်က စတင် ဖွဲ့စည်းခဲ့ပြီး ဖိုရမ်ကျင်းပခဲ့တာကတော့ (၈) ကြိမ်မြောက်ရှိပြီလို့ သိရပါတယ်။ ဖိုရမ်ကျင်းပတဲ့ နှစ်တိုင်းမှာ ဆောင်ပုဒ်တစ်ခုစီရှိပြီး (၈)ကြိမ်မြောက် ဖိုရမ်ရဲ့ ဆောင်ပုဒ်ကတော့ " နေပျော်ဘ၀ စိုပြေဖို့ အားလုံးအတူလက်တွဲစို့ " ဆိုတဲ့ ဆောင်ပုဒ်ပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ HIV ကူးစက်ခံနေရသူများရဲ့ (၅၀) ရာခိုင်နှုန်းသာ ART ဆေးရရှိဖို့ သာဖြစ်တယ်လို့ သိရပါတယ်။မြန်မာနိုင်ငံ HIV နှင့် နေထိုင်သူများ အသင်းအနေနဲ့ တိုင်းနဲ့ပြည်နယ် (၁၄)ခုမှာ အဖွဲ့  (၁၅၉) ဖွဲ့နဲ့ အဖွဲ့ဝင် (၉၀၀၀)ကျော်ရှိတယ်လို့ သိရပြီး မြန်မာနိုင်ငံမှာတော့ HIV ကူးစက်ခံနေရသူ တစ်သိန်းခွဲကျော် ရှိတယ်လို့ သိရပါတယ်။

MRTV-4 - HIV ကူးစက်ခံနေရသူများအတွက် လိုအပ်ချက်များတောင်းဆိုသွားမည့် 8th National PLHIV Forum 2014

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top