5
Oct

HIV ကူးစက်ခံ မွေးစကလေးငယ်များ ဆေးမရပါက အသက် (၂) နှစ် မတိုင်မီ သေဆုံးနိုင်

ကမ္ဘာပေါ်၌ နေ့စဉ် မိခင်မှကလေးသို့ HIV ကူးစက်မှုခံနေရသည့်အတွက် ပိုးကူးစက်ခံ ကလေးငယ် များအား မွေးခါစတွင်  ART ဆေး မပေးနိုင်ပါက အသက် (၂) နှစ် မတိုင်မီ သေဆုံးမှုများဖြစ်ပေါ်လျှက် ရှိကြောင်း ကျန်းမာရေး ပညာရှင်များထံက သိရှိရသည်။

"ကမ္ဘာမှာဆိုရင် တစ်နေ့ကို မိခင်ကနေ ကလေးငယ်ကို HIV  ပိုးကူးစက်ခံရတဲ့ ဦးရေ (၈၀၀) ကနေ (၁၀၀၀) လောက်ရှိတယ်။ စိုးရိမ်စရာ တစ်ခုပေါ့၊ ဒါပေမယ့် ကလေးငယ်တွေကို မကူးစက်အောင် ကာကွယ် မှုတွေ လည်း လုပ်ယူလို့ ရပါတယ်" ဟု ဒေါက်တာ ဥမ္မာအောင် ယူနီဆက် HIV Spacialist က ပြောသည်။ ကမ္ဘာပေါ်တွင် မိခင်မှကလေးသို့ HIV ရောဂါပိုး ကူးစက်မူသည် တစ်နေ့လျှင် အယောက် (၁၀၀၀)  ခန့်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေး ဌာနများ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ကိုယ်ဝန်ဆောင် မိခင်များအနေဖြင့် မိမိကိုယ်တွင်း၌ HIV ပိုးရှိ မရှိကို သိရှိရန်နှင့် ပိုးရှိသည့် မိခင်မှ မွေးဖွားမည့် ကလေးငယ် များအား မွေးစမှပင် ART ဆေးတိုက်ကျွေးရန် အရေးကြီးကြောင်းကိုလည်း ပညာရှင်များ က ထောက်ပြေပြောဆိုကြသည်။ ကလေးငယ်များသို့ HIV မကူးစက်ရန် ကာကွယ်မူအနေဖြင့် အချက် (၅)ချက်နှင့် ပြုမူနေထိုင်နိုင်ကြောင်း ဆရာဝန်တို့က ဆိုသည်။

၎င်းအချက် (၅) ချက်မှာ (၁)၊ ကိုယ်ဝန်ဆောင်လို့ ပထမဆုံးကိုယ်ဝန်အပ်ချိန်တွင် HIV ရှိမရှိ သွေးစစ်ရန်၊ (၂)၊ ကူးစက်ခံရတာသိပါက ကုသရန်နှင့် ဆွေးနွေးမှု ခံယူရန်၊ (၃)၊ ကိုယ်ဝန်စရှိတဲ့ အချိန်ကနေ နို့တိုက်ချိန်အထိ ကူးစက်မှုမရှိအောင် ဂရုစိုက်ရန် (၄)၊ မွေးပြီးရင် ကလေးကို ဆေးတွေ ပေးရရန်၊ ကလေး (၆) လက စပြီး သွေးစစ်ရန် (၅)၊ မိခင်လောင်းကို လုံးဝ HIV ကူးစပ်မခံရအောင် ငယ်ရွယ်စဉ် ကတည်းက HIV နဲ့ ပတ်သက်တဲ့ ဆွေးနွေးမှု၊ အကြံပေးမှုတွေ ပြုလုပ်ရန် စသည့်အချက်များဖြစ်သည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ဗဟိုအမျိုးသမီးဆေးရုံ၊ တောင်ဥက္ကလာပဆေးရုံ၊ မြောက် ဥက္ကလာပ ဆေးရုံ၊ သင်္ဃန်းကျွန်းစံပြဆေးရုံများမှ စစ်တမ်းများအရ မိခင်မှ ကလေးသို့ HIV ကူးစက်နှုန်းမှာ ၁၁% မှ ၁၃ %အထိရှိပြီး ကိုယ်ဝန်ဆောင်ချိန်၊  မွေးဖွားချိန်၊ နို့တိုက်ချိန်များမှ မိခင်မှကလေးသို့ HIV ကူးစက်မှုနှုန်းမှာ ၁၅% မှ ၄၀% အထိ ရှိကြောင်း သိရှိရသည်။

ကလေးငယ်များတွင် HIV ပိုး ကူးစက်ခံရမူ ရှိ/မရှိကို မွေးကင်းစ (၆) ပတ်အရွယ်တွင် စတင် စစ်ဆေး နိုင်ပြီး ရောဂါပိုး တွေ့ရှိပါက ART ဆေးတိုက်ကျွေးကာ သက်တမ်းစေ့ နေထိုင် သွားနိုင်ကြောင်းကိုလည်း သိရှိရသည်။

မြစ်မခ - HIV ကူးစက်ခံ မွေးစကလေးငယ်များ ဆေးမရပါက အသက် (၂) နှစ် မတိုင်မီ သေဆုံးနိုင် 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top